________My Cutest Little Boy_______
ဆောင်းရာသီဖြစ်၍ ရာသီဥတုက ချမ်းအေးနေတာမို့ ဘတ်ဟျွန်း အရင်နှစ်မွေးနေ့က အမေဝယ်ပေးထားသော မာဖလာကို ပတ်ထားလိုက်သည်။ အိမ်ရှေ့ကို ထွက်တော့ ဒရိုက်ဘာဦးလေးကြီးက ထုံးစံအတိုင်းအသင့်စောင့်ကြိုနေသည်။
ကားကို မြင်တော့ ကျောင်းကို ဘတ်စ်ကားဖြင့်သာသွားရသော ချန်းယောလ်ကို သတိရမိပြန်သည်။
"ဟာကွာ ငါဘာတွေဖြစ်နေတာလဲ...
အင်း ချန်းယောလ်ကို လွမ်းနေတာမဟုတ်ဘူး
သတိထားစမ်း ဗြောင်ဘတ်ခ်ဟျွန်း!!!"ထိုအခါ ဒရိုက်ဘာဦးလေးကြီးက ကြောင်သွားပြီး
"မတက်ဘူးလား သခင်လေး"
"ဟင်? ကျွန်တော့်ကို ဒီနေ့လိုက်မပို့နဲ့တော့
သူငယ်ချင်းကိုဝင်ခေါ်မှာမလို့"ဘတ်ဟျွန်း အိမ်ရှေ့ကနေ လမ်းလျှောက်ပြီး ချန်းယောလ်တို့လမ်းဘက် ပြေးထွက်လာလိုက်သည်။
"သူဌေး ဆူလိမ့်မယ် သခင်လေး!!!"
"ဆူပါစေဗျာ!!!"
ဘတ်ဟျွန်းရဲ့အာရုံက ချန်းယောလ်ဆီကိုသာ ရောက်နေသည်မို့ အဖေက ဆူမှာကိုလည်းကြောက်မနေတော့ပေ။
သူ့ရဲ့ အိမ်ရှေ့ရောက်တော့ အချိန်က 7နာရီသာရှိသေးသည်။ ချန်းယောလ်က ကျောင်းကိုစောစော မလာဖူး၍ ဘတ်ဟျွန်း စောင့်ရဦးမည်။ သူငယ်ချင်းလာတာမကြိုက်တဲ့ သူ့မိဘတွေကြောင့် အိမ်ထဲကိုလည်း မဝင်ချင်တော့တာမို့ လမ်းမှာပဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
အတော်ကြာတဲ့ထိ ချန်းယောလ်က ထွက်မလာသေး။ ဘတ်ဟျွန်း စိတ်မရှည်၍ အိမ်ရှေ့မှာ အပြေးလေ့ကျင့်ခန်းလုပ်နေရသည်။
ငါးပတ်လောက်ပြေးပြီးတဲ့အခါမှသာ ချန်းယောလ်က ကျောပိုးအိတ်လေးလွယ်ပြီး ထီးတစ်ချောင်းနဲ့ ထွက်လာသည်။
မောဟိုက်နေသော ဘတ်ဟျွန်းကိုမြင်တော့ မျက်လုံးအပြူးသားနဲ့ မျက်မှန်လေးကိုပင့်တင်လိုက်သေးသည်။
"ဘတ်ဟျွန်း ဒီမှာ ဘာလုပ်နေတာ?"
အမောဖြေလျက် အသက်ကိုလုရှူနေရရင်း ဘတ်ဟျွန်း တစ်လုံးချင်းဖြေရသည်။
YOU ARE READING
My Cutest Little Boy [ COMPLETED ]
Fanfictionစိတ်အားငယ်တတ်တဲ့ ချန်းယောလ်က တစ်နေ့မှာ သူ့ကို အတင်းလိုက်စနှောက်တတ်တဲ့ ဘတ်ခ်ဟျွန်းဆိုတဲ့ ကောင်လေးနဲ့ စတင်တွေ့ဆုံခဲ့ပါတော့တယ်.... ° baekyeol °