part 5

339 33 2
                                    

တရွေ့ရွေ့သွားနေတဲ့ ကျောပြင်သေးသေးလေးကိုကြည့်ပြီး ပြေးလိုက်သွားချင်လို့ တစ်ပိုင်းသေနေပြီဖြစ်တဲ့ ဘတ်ဟျွန်းကို ဒိုဂယောင်ဆူး စိတ်မရှည်တော့ပါ။ လက်ထဲက ရေဗူးနဲ့ ဘတ်ဟျွန်းခေါင်းဆီသို့ အသာထုလိုက်ကာ

"ဟေ့ကောင် ဒီအောက်က စာအုပ်ကိုလည်းသေချာကြည့်ပါဦးလို့!!!"

"အ! မင်း ပါးစပ်နဲ့ပြောလို့မရဘူးလား"

"ငါ ပါးစပ်နဲ့ပြောတုန်းက ကြားလို့လား"

ထိုအခါမှ ဘတ်ဟျွန်း သွားဖြီးပြကာ မျက်နှာချိုသွေးရတော့သည်။ စာမေးဖော်ဟူ၍ တစ်ယောက်တည်းရှိတဲ့ သူငယ်ချင်း တစ်နည်းအားဖြင့် စာကိုစိတ်ဝင်စားသော တစ်ဦးတည်းသော သူငယ်ချင်းက ဂယောင်ဆူးတစ်ယောက်သာ ရှိသည်မို့ ဘတ်ဟျွန်းအတွက်တော့ ဒိုဂယောင်ဆူးလေးဟာ သိပ်ကို အဖိုးတန်ပါသည်။

စာသင်ချိန် ခိုးပြီးငိုက်ခဲ့လို့ လွှတ်သွားခဲ့သမျှ ‌သင်ခန်းစာတွေကို ဂယောင်ဆူးကသာရှင်းပြပေးသည်။ သို့ပေမယ့် ချန်းယောလ် ကျောင်းကိုစရောက်လာတဲ့ နေ့ကစပြီး ကျောင်းဆင်းချိန်တွေမှာ သု့နောက်ကို လိုက်ချောင်းတာ လိုက်စကားပြောဖြစ်တာများ၍ ဘတ်ဟျွန်းစာတွေအတော် နောက်ကျနေသည်။

သာမန်ကျောင်းသားအတွက်တော့ စာနောက်ကျသည်ဟု မပြောပ လောက်ပေမယ့် အဆင့်တွေ အမှတ်တွေကို အလွန်မက်မောသော ဘတ်ဟျွန်း၏ အဖေကြောင့် ဘတ်ဟျွန်းဟာ တစ်ရက်တစ်လေမျှ စာ‌နောက်ကျ၍ မရပါ။ အတန်းထဲမှာ နံပါတ်တစ် မရလို့ report card အိမ်ကိုပြန်ပြရတဲ့အချိန်တိုင်း ဘတ်ဟျွန်း နှစ်ပြားမတန်အောင် အဆူအငေါက်အဆဲ ခံရစမြဲ။

အဖေဖြစ်သူရဲ့ ဖိအားပေးမှုတွေက ဘတ်ဟျွန်းအတွက်တော့ ဟိုဘက်နားဝင် ဒီဘက်နားကထွက်....တခြားသော အကြောင်းအရင်းမရှိ။ ဗြောင်ဘတ်ခ်ဟျွန်း ဖြစ်နေသောကြောင့်သူဒီလို ပေါ့ပေါ့ပါးပါးသွားလာနေနိုင်တာဖြစ်သည်။ စီးပွားရေး လှုပ်ငန်းရှင်တွေရဲ့ အကြောင်းကို အထာနပ်နေတဲ့ ဘတ်ဟျွန်းက သူ့ကို အဖေက သူပိုင်တဲ့ လှုပ်ငန်းတွေကို လွှဲပေးချင်နေသည်။

စီးပွားရေးမှာ ညီအစ်ကို မောင်နှမတွေမရှိဘူး လို့ ငယ်ငယ်က အဖေပြောဖူးပါသည်။ ထို့ကြောင့်ပဲ ဘတ်ဟျွန်း ဘာပဲလုပ်လုပ် သူ့ကို အားနဲ့ ထိုးတာ ဆူဆဲတာ တွေလုပ်ပေမယ့်ညဘက် Club တက်တာတို့၊ Bar သွားတာတွေကို သိပေမယ့် လွှတ်ပေးထားသည်။ သူ့ကို ချုပ်ချယ်ရင် ဗြောင်ဘတ်ဟျွန်း ဘယ်လိုဆိုးသွမ်းတတ်သည်ကို အဖေကကောင်းကောင်းသိသောကြောင့်ပင်။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now