Chapter-3

39 7 0
                                    

လက်ချောင်းသွယ်သွယ်လေးများမှာရွေ့လျားလာပြီး စိုင်းလုံအွိုင်း၏ရင်ဘတ်ပေါ်သို့တဖြည်းဖြည်းထိတွေ့သွားခဲ့သည်။Chocolateဆိုတဲ့အတိုင်း ထိုအသားအရေတို့မှာလည်း နူးညံ့လှသည်ကိုနေသျှင်းယံခံစားမိလိုက်သည်။

"ဘာ...ဘာလုပ်...တာလည်း"

ခန္ဓာကိုယ်ဟိုယမ်းဒီယမ်းကာ မပီတပီအသံနဲ့ပြောလာသောလုံအွိုင်းကြောင့်နေသျှင်းယံလက်များပြန်သိမ်းပြီး အလန့်တကြားထထိုင်လိုက်သည်။

"ဟို...စိုင်းလုံအွိုင်းမူးနေလို့ အခန်းထဲလိုက်ပို့ပေးတာပါ...ဒါဆိုကျွန်တော်သွားပြီ"

"နေ...နေအုံး"

မတ်တပ်ထရပ်လိုက်သော နေသျှင်းယံ၏လက်ကိုလှမ်းဆွဲလိုက်သည်။ရုတ်တရက်လည်ပင်းပေါ်သို့အေးစက်တဲ့လေ​ပြေတစ်ခုကိုရလိုက်၏။စိုင်းလုံအွိုင်းရဲ့လက်များမှာနေသျှင်းယံ၏ပခုံးကိုသိုင်းဖက်ထားခြင်း။နေသျှင်းယံမှာတော့ကျောအခိုင်းသား။နူးညံ့သောလည်ပင်းသားပေါ်သို့ ခပ်ပြင်းပြင်းအနမ်းတစ်ခုကြရောက်လာခဲ့သည်။ထိုအနမ်းကြောင့်နေသျှင်းယံတစ်ကိုယ်လုံးဓာတ်လိုက်သလိုတုန်ခါသွားရ၏။

"ဘာ...ဘာလုပ်တာလည်း...လွှတ်ပါ"

အနောက်မှလည်ပင်သားကိုတရှုံ့ရှုံ့နဲ့နမ်းရှိုက်နေပြီး ပခုံးသိုင်းဖက်ထားသောလုံအွိုင်းကြောင့် နေသျှင်းယံထွက်ပြေးချင်စိတ်အတိုင်းသားဖြစ်ပေါ်လာသည်။

"ကျ...ကျွန်တော်...အခုစိတ်ပါနေတယ်"

ဘာ...စိတ်ပါနေတယ်တဲ့လား?တက်အပ်မပြောလည်း ဘာကိုဆိုလိုလည်းဆိုတာနေသျှင်းယံသိနေခဲ့သည်။ယောင်္ကျားခြင်းအတူအိပ်ဖို့တဲ့လားစိုင်းလုံအွိုင်းကလေ...

"မဖြစ်နိုင်တာ...လွှတ်ပါ..."

"ခင်ဗျား ကျွန်တော့်ကို.....အေ့...ကျွန်တော့်ရင်ဘတ်ကိုကိုင်နေတာ...ကျွန်တော်သိတယ်"

သိနေတယ်လို့ပြောသော်လည်း လူမှာအမူးမပြေသေးပါ။လန့်သွားသောနေသျှင်းယံမှာအတင်းချုပ်ကိုင်ထားသောလုံအွိုင်းရဲ့လက်များကိုဖယ်ချနေသော်လည်းမအောင်မြင်။

ဖရူဆိုမြို့မှ နှလုံးသားတစ်စုံ(ဖရူဆိုမြို့မှ နှလုံးသားတစ်စုံ)Where stories live. Discover now