ဖွင့်လျက်ရှိသော ပြတင်းပေါက်စီမှာ တိုးဝင်လာသော လေအေးတို့မှာ အပူတက်နေသည့် ခန္ဓာကိုယ်သို့ လာရောက်ထိတွေ့ကာ အေးစိမ့်မှုကို ဖြစ်ပေါ်စေသည်။စိတ်ကြောင့် ပို၍အဖျားတက်သည်ဟု ဆိုလျှင်မမှားနိုင်ပါ။အတွေးထဲတွင် စိုင်းလုံအွိုင်း သူ့ကောင်မလေးနှင့်သာယာနေမည်ကိုပဲ ထပ်တလဲလဲတွေးမိသည်၊ပုံရိပ်ဖော်မိသည်။
ဒီအချိန်ဆို အတူအိပ်စက်ပျော်ပါးနေကြလေမလား၊မိန်းမတစ်ယောက် ရင်ခွင်ထဲမှာ ဘယ်လိုမျက်နှာနဲ့ ပျော်ပါးနေသလဲ၊ အထိအတွေ့တို့မှာ ဘယ်လိုသာယာနေသလဲ၊ အတွေးတို့က လူကို အကြိမ်ကြိမ်ပို၍ပို၍ သေစေသည်။သာယာနေတဲ့ ဒီလမင်းကြီးကရော ဘယ်သူ့အတွက် အလင်းပေးနေသလဲ တုံးအတဲ့ သူ့အတွက်လား...စိုင်းလုံအွိုင်း အတွက်လား။
"ဟေးလူ"
"ဟင်"
ခပ်တိုးတိုးအသံတစ်ခုခြင့် အနီးနားမှလှန်းခေါ်သံမှာ စိုင်းလုံအွိုင်း၏အသံပင်ဖြစ်သည်။ထို့ကြောင့် အသံလာရာသို့ လှည့်ကြည့်ရာ ပြတင်းပေါက်နားတွင် စိုင်းလုံအွိုင်းပင်။လှေကားထောင်ရင်း ပြတင်းပေါက်ကနေ အခန်းထဲသို့ဝင်လာခြင်းပင်။
"ဟင်...ဘယ်လိုလုပ်ရောက်တာလဲ"
"ကျွန်တော့်အခန်းတံခါးသော့ ဖားသားကြီး သိမ်းထားလိုက်ပြီထင်တယ် သော့မရှိဘူး၊ ဒါနဲ့ ခင်ဗျား ငိုနေတာလား"
"ဟင်...မ မငိုပါဘူး"
စိုင်းလုံအွိုင်းပြောမှ စိုနေသော ပါးပြင်အားကပြာကယာ လက်ဖြင့်သုတ်ပစ်လိုက်ရသည်။အခန်းထဲစဝင်လာထဲက အရှေ့ခုံတွင်ပဲထိုင်နေသော စိုင်းလုံအွိုင်းမှာ ခြေတစ်ဖက်ချိတ်ထိုင်ထားသည်။
"ဒါဆို စိုင်းလုံအွိုင်းက ကျွန်တော့်အခန်းမှာပဲ အိပ်လိုက်ပါ၊ ကျွန်တော် အပြင်မှာအိပ်လိုက်ပါမယ်"
ပြောပြောဆိုဆို အခန်းထဲမှထွက်သွားရန် ပြင်သော နေသျှင်းယံ၏ လက်အား အမြန်လှမ်းဆွဲထားလိုက်သည်။ပြိုလဲချင်သော စိတ်တို့မှာ ခဏထိန်းသိမ်းထားရသည်မို့ တစ်ဖက်လူရိပ်မမိအောင် နေမှဖြစ်မည်။
"ဟင် ခင်ဗျားအသားတွေပူနေတယ် ဖျားနေတာလား"
"အပူရှပ်သွားလို့ပါ ဘာမှမဖြစ်ပါဘူး"
YOU ARE READING
ဖရူဆိုမြို့မှ နှလုံးသားတစ်စုံ(ဖရူဆိုၿမိဳ႔မွ ႏွလံုးသားတစ္စံု)