Ep{1}

771 82 57
                                    

Unicode

တိတ်ဆိတ်မဲမှောင်နေတဲ့ညသန်းခေါင်ယံအလယ်အဆက်မပြတ်ကျနေတဲ့နှင်းမူန်တွေနဲ့အတူမြူတွေဆိုင်းနေတဲ့တောအုပ်အတွင်းမှာဒုန်းစိုင်းပြေးနေတဲ့အုန်းခွံရောင်မြင်းကြီးတစ်ကောင်။ထိုအုန်းခွံရောင်မြင်းကြီးရဲ့ကျောပေါ်မှာအနီရောင်နဲ့အမဲရောင်ရောစပ်ထားတဲ့ဝတ်ရုံကြီးနဲ့ဉီးခေါင်းထက်မှလဲပုလဲသီးတွေသွယ်တန်းထားတဲ့ဉီးဆောင်းကလေအဝှေ့တိုင်းမှာလူပ်ခတ်လို့နေသည်။ထိုဝတ်ရုံအနီနဲ့လူသားရဲ့ဘယ်လက်မှာပြိုးပြိုးပြတ်ပြတ်တောက်ပနေတဲ့အနီရောင်အပွင့်ပုံဖော်ထားတဲ့ပတ္တမြားကြီးတစ်ပွင့်ပါတဲ့ဓါးတစ်လက်ကိုကိုင်ဆောင်ထားပြီးညာလက်ကတော့မြင်းရဲ့ဇာတ်ကြိုးကိုကိုင်ကာအားကုန်ပြေးနေသည်။

သန်မာထွားကျိုင်းသည့်အပြင်အားကောင်းလွန်းတဲ့အုန်းခွံရောင်မြင်းကြီးရဲ့ပြေးအားကလွန်စွာမှလျင်မြန်လွန်းလှသည်။မြင်းကြီးရဲ့ဇာတ်ကြိုးကိုကိုင်ထားတဲ့လက်တစ်ဖက်ကအကြောစိမ်းများထကာကြိုးကိုတင်းကျပ်နေသည်အထိဆုပ်ကိုင်ထားသည်။နီစွေးနေတဲ့နူတ်ခမ်းကထူထဲပိရိနေပြီးမြင့်မားဖြောင့်တန်းနေတဲ့နှာတံကထင်ရှားသည်။ညီညွတ်သွယ်တန်းတဲ့မျက်ခုံးစိမ်းတို့ရဲ့အောက်နားကမျက်ဝန်းတစ်စုံကတော့မှောင်မိုက်နေတဲ့ညရဲ့အလယ်မှာတောင်စူးရဲတောက်ပနေသည်။

အားအပျင်းဆုံးနဲ့မိုင်ကုန်ပြေးနေတဲ့မြင်းညိုကြီးရဲ့စွမ်းအားကြောင့်လေအဝှေ့မှာတဖျတ်ဖျတ်လွင့်နေတဲ့သူ့ရဲ့အင်ကျီစများ။ညအမှောင်ထုကြီးကကြီးစ်ိုးနေပေမဲ့လပြည့်နေ့ဖြစ်တာကြောင့်ထိန်ထိန်သာနေတဲ့လမင်းကြီး​ရဲ့အလင်းရောင်ကသူသွားရမဲ့လမ်းခရီးကိုအထောက်အကူဖြစ်စေသည်။ပ်ိုးစုန်းကြူးလေးတွေတောင်ပံခတ်နေတဲ့ဂျူဂျောင်းတောအုပ်ကိုဖြတ်ပြီးတဲ့အခါရေတံခွန်နားသို့ရောက်တော့မြင်းရဲ့ဇာတ်ကြိုးက်ိုဆွဲလိုက်သည်။အရှိန်နဲ့ပြေးနေတဲ့မြင်းည်ိုကြီးက တချတ်မြည်ဟီးကာတုန့်ခနဲရပ်လိုက်သည်မို့ဉီးခေါင်းပိုင်းထောင်ကာမတ်တပ်ဖြစ်သွားသည်မို့ပြုတ်မကြအောင်ထိန်းထားတဲ့မြင်းပေါ်ကလူသားကာအမှောင်ထုကြီးထဲမှာတောင်လွန်စွာခန့်ညားလို့နေသည်။

KUMUDRAWhere stories live. Discover now