နှင်းမူန်တွေတဖွဲဖွဲကြနေတဲ့ဒုံဂျောင်းလမ်းကြားထဲက လမင်းနှင့်ချွန်းမြောင် ဆိုတဲ့တံတားကုန်းလေးတစ်စင်း။ ချွန်းမြောင်တံတားကုန်းကဂဝန်ကျောက်စရစ်အဖြူနဲ့ရွံကျောက်တို့ကိုအခြေခံထွင်းထားသည်မို့ခိုင်ခံ့ပြေပြစ်သည်။ခြေဆင်းလျောမှစစတက်ချင်းလက်ရန်းတန်းတွေပေါ်မှာလမင်းနဲ့အနီရောင်ချွန်းမြောင်ပန်းပွင့်များကိုထွင်းထုထားသည်။
တံတားကရေတသွင်သွင်စီးနေတဲ့ဒုံဂျောင်းချောင်းကိုဖြတ်ထိုးထားခြင်းဖြစ်ပြီးတံတားရဲ့အလယ်ဗဟိုကခုံးခုံးလေးဖြစ်နေသည်။ထိုနေရာမှစီးမျှော်ကြည့်လျှင်ဂျိုဆွန်းရဲ့ပင်မနန်းဆောင်ကြီးကိုလှမ်းမြင်နေရသည်။လမင်းကတစ်ကိုယ်တည်းထွန်းလင်းနေပြီးသူ့ရဲ့အရှေ့အနောက်လေးမျက်နှာမှာကြယ်ဖြူကလေးတွေကထွန်းလင်းနေသည်မို့ထိုလမင်းကြီးသည်အထီးကျန်မနေပါ။
တသွင်သွင်စီးနေတဲ့ချောင်းရေကညအလင်းရောင်ကြောင့်ပိုးဖဲသားပမာအိစက်လို့နေပြီးကောင်းကင်ပေါ်ကလမင်းရဲ့အကူအညီကြောင့်အရောင်တလက်လက်တောက်ပနေသည်။ပ်ိုးစုန်းကြူးကလေးတွေကတံတားရဲ့မနီးမဝေးမှာပျံသန်းနေခဲ့ကြပြီးအရှေ့အရပ်ဆီကတလွင့်လွင့်ပျံတက်နေတဲ့မီးခိုးငွေ့များကြောင့်ညကပပိုပြီးလှပနေခဲ့သလ်ို။ဒီညကလပြည့်ညမို့လမင်းကြီးကပိုမိုဝင်းလဲ့နေသည်။လမင်း၏အလင်းရောင်ထွန်းထွန်းပပနဲ့ဒီညကနှင်းမူန်တွေလဲအဆက်မပြတ်ကြဆင်းနေခဲ့လျှက်။
လပြည့်ညရောက်တိုင်းချွန်းမြောင်တံတားကိုသူလာတက်သည်။နှစ့်ဆယ့်လေးနာရီလည်ပတ်နေသမျှစိတ်ညစ်မူ၊စိတ်ရူတ်ထွေးမူတပွေ့တပိုက်တွေကိုနေ့စဉ်နဲ့အမျှစိတ်ကိုယ်မပါဖြတ်သန်းနေရတဲ့သူ့အဖို့တော့ယခုလိုလပြည့်ညလေးကတကယ်အေးချမ်းခြင်းပါ။သူလိုချင်တာအေးချမ်းမူဆ်ိုတဲ့စကားလုံးသုံးလုံးတည်းပါ။နာကြင်မူတွေကအရိုးနာတဲ့အထိစွဲနေခဲ့သည်မှာနှစ့်ဆယ့်ငါးနှစ်နီးပါး ။
လိုချင်သမျှကိုဖြည့်စွမ်းပေးရတဲ့အလုပ်ဆိုတာဟာလဲတယ်ရွံစရာကောင်းသားလား။အမိန့်၊အာဏာ၊ စေခိုင်းမူတွေကို ခေါင်းငြိမ့်ခေါင်းခါလက်ခံနေရတဲ့သူ့ဘဝကလူဖြစ်နေပေမဲ့အများတကာတွေလိုလူမဟုတ်ခဲ့ပါ။တသက်လုံးဆေးလို့ကြောလို့မကုန်နိုင်တဲ့အညစ်အကြေးတွေနဲ့လူမို့သူဟာလူဖြစ်နေပေမဲ့လူတိုင်းနဲ့ရင်ဘောင်မတန်းနိုင်တဲ့လူမျိုး။အရိပ်တစ်ခုတည်းရဲ့အောက်မှာတောင်ပခုံးချင်းယှည်ရပ်မရတဲ့အနေအထားသိပ်ကိုရွံဖို့ကောင်းတယ်။မလွန်ဆန်နိုင်တော့လဲကိုယ့်ကံကြမ္မာပဲလေ။
YOU ARE READING
KUMUDRA
Fanfictionသူတို့ခေါ်ဆိုသည်က မုဒြာ ...ကုမုဒြာတဲ့ ... . . . . . . . Some of the content of this story is merely the author's imagination. Kim Tae hyung & Jeon Jung Kook