Part 1

19 1 0
                                    

ရာသီဥတု သာယာတဲ့နေ့လေး တစ်နေ့ ။

" မေကြီး မမတို့ လေယာဉ်ဆိုက်ပြီတဲ့ ကိုမင်း
ဖုန်းဆက်တယ် "

ရတီ လှေကားမှ ဆင်းလာတဲ့ ဒေါ်မြတ်လေးနွယ် လက်ကလေး လှမ်းထိန်းရင် ဝမ်းသာအယ်လယ်
ဆိုလိုက်သည် ။

"ဟယ် ဟုတ်လား ညစာ အတွက်ရော
အဆင်သင့်ပြီလားအေ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းက အနီးလေး "

"ဟာ စိတ်ချပါ တို့မေမေရဲ့.. Ready ပဲ "

" အေးအေး ငါ့မြေးလေးတွေ တွေ့ချင်လှပြီအေ "

"မေကြီးနော် မပိုနဲ့ မေကြီးကမှ ပြီးခဲ့တဲ့
၆လလောက်ကတင် ချင်းမိုင်က ပြန်လာတဲ့ ဥစ္စာ ရတီဆို ကဲကဲ မွေးနေ့တုန်းကတည်းက
မတွေ့လိုက်တာ ၁နှစ်ပြည့်တော့မယ် "

ဒေါ်မြတ်လေးနွယ်က သမီးငယ်အား မျက်စောင်းလေးဝင့်ပြီး ..။

"အံမယ် ညည်းလေးက ဟိုပဲ မရောက်ဖြစ်တာ ညတိုင်း သူ့တူနဲ့ တူမနဲ့က vc ခေါ်ပြီး တတီတီနဲ့ "

" ဟားးးးးးးး "

ရတီ သိပါသည် မေကြီးက သူမြေးတွေက သူမကိုပိုချစ်သွားမှာ မနာလိုနေတယ်ဆိုတာ ။
သမီးအချစ် မြေးအနှစ်ကိုး ။

" ရတီ ဆိုင်ရော လူရှင်းလား "

" သီတင်းကျွတ် ပိတ်ရက်လည်း မနားရဘူး မေကြီးရာ ဆိုင်က ကလေးမတွေ အတွက် မုန့်ဖိုးအိတ်ထဲ ထပ်ထည့်ပေးရမလိုပဲ "

"အေး ပိုပေးလိုက်ပါအေရယ် သူတို့လည်း သူတို့ မိဘတွေ ကန်တော့ချင်ရှာမှာပေါ့ "

"စိတ်ချပါ မေကြီး မနည်းစေရဘူး "

ဒေါ်‌မြတ်လေးနွယ်တို့အိမ်လေးက အပြင်က ကြည့်ရင် ခေါင်မိုးခပ်ဆန်းဆန်းနဲ့ တစ်ထပ်တိုက် အမြင့်လေး ဖြစ်သည် ။ အထဲမှာတော့ ထပ်ခိုးလောက်မကတဲ့ အပေါ်ထပ်နှင့်မို့ နှစ်ထပ်တိုက် ပုံစံမျိုးကျယ်ဝန်း၏။

ခြံဝန်းကျယ်ကျယ်လေးထဲမှာ တိုက်ကို နောက်ဆုတ်ဆောက်ထားပြီး အိမ်ရှေ့ထောင့်မှာ mini mart လေး ဖွင့်ထားသည် ။
မှန်တွေနှင့် လှပလှတဲ့ ဒီ mart လေး အမည်က
"ဆွေချစ်မျိုးချစ်" တဲ့လေ ။ဒီအမေကို သမီးကြီး
ဝတီပေးထားတဲ့ ဘွဲ့ အမည်ရယ်ပါ ။

TraumaWhere stories live. Discover now