မြဲစေရိုးရာ ဆိုတဲ့ ကောင်ကလေးက လူသိပ်ကပ်တက်ပါတယ် ။ ဦးရိုးဂုဏ် ဆိုတဲ့ ရိုးရဲ့ဖေဖေရယ်
ဒေါ်သက်ထားဖြူဆိုတဲ့ မေမေရယ် မေမေ့ဘက်က
ဖွားဖွား ဒေါ်ရွှေတင် တို့ နေထိုင်ရာ အိမ်လေးမှာတော့
အသဲအသက် အိမ်ဆည်းလည်းလေးဟာ
နှစ်ယောက်မရှိတဲ့ ရိုးရာပါပဲ ။ဦးရိုးဂုဏ်က သူ့မိခင် သဘောမတူတဲ့ကြားကနေ
ဒေါ်သက်ထားနွယ်ကို ဖွားဒေါ်ရွှေတင်ဆီမှာ
ဆွေမျိုးနီးစပ် ဦးလေးဒေါ်လေးများအကူအညီနဲ့
တောင်းရမ်း လက်ထပ်ခဲ့ရတာပါ ။
ဒေါ်သက်ထားနွယ် ၁၇နှစ်မှာပဲ ဦးရိုးဂုဏ်နဲ့ ဖူးစာပါခဲ့ရတယ်ပေါ့ ။မြေးဦးမွေးရင် သဘောတူသွားတဲ့ မိဘတွေထဲမှာ
ဦးရိုးဂုဏ်မိခင်တော့ မပါခဲ့ပါဘူး ။ လုံးဝလက်မခံတာမျိုးမဟုတ်ဘဲ သားကိုမေတ္တာမပျက်ဘဲ ချွေးမကို မကြည်တာမျိုးပေါ့ ။ မြဲစေရိုးရာကိုလည်း မေတ္တာ သိပ်မပေးခဲ့ပါဘူး ။ ရိုးရာကလည်း မမှုပါ သူ့မှာ
သူ့ကို သိပ်ချစ်ပေး သိပ်ကရုစိုက်ပေးတက်တဲ့
ဖွားဖွား ရှိပြီးသားလေ ။နေပေါ့ ။ရိုးရာမေမေက ဖေဖေ့ကို သိပ်ချစ်ပုံပါပဲ ။ ရိုးရာတို့
ပုပ္ပါးမြို့လေးမှာ ဖေဖေနဲ့ မေမေက သိပ်ချစ်ကြတဲ့ စုံတွဲဆိုတာ လူတိုင်းသိတယ် ။ ခု ရိုးရာ အလယ်တန်းကျောင်းရောက်သည် အထိ မေမေက ဖေဖေ့ကို ထမင်းခွံကျွေးတုန်း ။ဖေဖေ ရေချိုးပြီးတိုင်း မေမေက ခေါင်းသုတ်ပေးတုန်း ။ ရိုးရာလေးကို ရှေ့ထားပြီး မသိမသာ Ro ကြတယ်ပေါ့နော် ။အဲ့သလို အမြဲတန်းချိုမြိန်နေတာမျိုးတော့မဟုတ်ဘူး။ ရန်သတ်တဲ့ နေရာမှာလည်း နာမည်ကြီးကြ
ပါတယ် ။ ရှာကြံ Ro ကြည့်ရင်တော့ Tom & Jerry လိုပဲပေါ့ ။🐌🐌🐌
ရက်ကို လစားပြီးတဲ့နောက် ..
မြန်မာနှစ်ဆန်း ၁ရက်နေ့ မှာ ရိုးရာရဲ့ကျောက်ပန်းတောင်းမှာရှိတဲ့ ဖေ့ဖေ့မွေးနေ့လက်ဆောင် ခြံလေးထဲမှာ မေမေက တစ်ထပ်တိုက်လှလှလေးဆောက်ပေးတာ ပြီးစီးသွားပါတော့တယ် ။ရိုးရာရဲ့ အိမ်တက်နေ့လေး၌..
" အမတို့က ပုပ္ပါးဇာတိပေါ့နော် "" ဟုတ်တယ် ညီမရေ ပေါင်ပေါင် လာပါဦး
ဟိုဘက်ခြံက ဖွားဖွားမြတ်ကို နှုတ်ဆက်လိုက်ပါဦး "
YOU ARE READING
Trauma
Romance" အချစ်တွေကတိတွေသစ္စာတွေကို မယုံဘူးမလား ဟုတ်ပြီ..... ရိုး အဲ့အရာတွေထက် မောင့်ကို ပိုယုံကြည်ပေးမလား " _အနွယ်တော်ဟန်_ " ချစ်ခြင်းတရားကို မယုံကြည်တဲ့ trauma ကို ရိုးရဲ့မောင်ပဲ ကုပေးနိုင်မယ် ထင်ပါရဲ့ " ...