Part 3

6 1 0
                                    

" ကလင်...ကလင် "
မနက်ဝေလီဝေလင်း စက်ဘီးဘဲသံလေးမြည်တဲ့အခါ

" လာပြီ ရိုး "
ဆွေချစ်မျိုးချစ်တိုက်ထဲက အသံဩလေးနဲ့အတူ အရပ်မြင့်မြင့်နဲ့အဝါနှစ်ရောင်ကောင်ချောလေး
တစ်ယောက် ထွက်လာနေကျ .....

" ဟန် ..အပြန် breakfast ဝင်မစားတော့ဘူး
ကိုတို့အိမ်လိုက်စားနော် ဖွားရွှေက မင်းအကြိုက်
ကွေ့သယိုတဲ့ဗျာ "

" ရေးးးး "

နေခြည်သန်းစအချိန် ထန်းပင်တွေတသီတတန်းနဲ့
ကတ္တရာလမ်းပေါ်မှာ ကောင်လေးနှစ်ယောက် စက်ဘီးနှစ်စီးနဲ့ စကားတွေပြောရင်း အော်ဟစ်ရင်း
ရီမောရင်းး သီချင်းတွေညည်းရင်းး

တစ်စုံတစ်ယောက်ကတော့ တစ်ဦးတည်းသောရဲ့
နဖူးစပ်က ချွေးစလေးတွေ ငေးရင်းးး ။

🐌🐌🐌🐌

" ဟန်..မင်း ခွန်ဖောကို ဆိုင်ကယ် ဝယ်ခိုင်းထားတယ်ဆို "

" ဟုတ်တယ် "

" မင်းအသက် ခုမှ ၁၅ ကျော်ရုံလေ ဆိုင်ကယ်
ဘာလုပ်ဖို့လဲ အနွယ်တော်ဟန် "

" ____ "

" မြန်မာမှာနေတာ ၁နှစ်ကျော်လာတော့ ကျောင်းစာကို စိတ်မဝင်စားပဲ အညာသားတွေနဲ့ပေါင်းမိပြီး သဝေထိုးချင်နေပြီပေါ့ ဟုတ်လား "

ရိုးရာ စိတ်မရှည်တော့ပါ ။ မျက်စိရှေ့က လူပျိုလှည့်ချင်နေတဲ့ဟာလေးကို နားရွက်အရင် ဆွဲလှည့်ပေးလိုက်တယ် ။

" အ...အ ..ရိုး..ရိုးး နာတယ်..နာတယ်..လွှတ်နော်် "

" အဲ့တာဆို ပြောပါဦး မေးတာလေး ဖြေပါဦး "

အနွယ်တော်ဟန်မှာ နာကျင်သွားသောနားရွက်လေးအားကိုင်ကာ...

" သား ကျောင်းကို စက်ဘီးနဲ့ပဲ သွားမှာပါ .."

" အင်း..ဆိုတော့ "

" သား ဘယ်မှလည်းသဝေထိုးဖို့ မဟုတ်ဘူး "

" အင်း..ဒါဆို ဘာလုပ်ဖို့လဲ "

" ဟို ....ဟို...သားက ...သားက "

ရိုး ဒီကောင်လေးနဲ့ ရီချင်နေပြီဖြစ်သည် ။ ဟန့်မှာ အကျင့်တစ်ခု ရှိသည်။ သူ လုပ်ချင်တာကို ခွင့်မပြုတဲ့ကိစ္စမျိုးဆို သားက သားကနဲ့ ခွင့်ပေးအောင် သိပ်ပြောတက်တာ ။

You've reached the end of published parts.

⏰ Last updated: Sep 12 ⏰

Add this story to your Library to get notified about new parts!

TraumaWhere stories live. Discover now