Zawgyi
(ဂရုမစိုက်ရင် အချိန်မရွေးသေနိုင်တယ်တဲ့)
လှဦးမောင် သူ့စိတ်သူမနည်းပြင်ဆင်နေရသည် ။ အခြေအနေက နည်းနည်းတော့ပြောရခက်သည့်အနေအထားတွင် ။ ဒါပေမဲ့ သူပြောကိုပြောရမည် ။ သူ့အား ဧည့်ခန်းတွင် ထိုင်ကာ ကြည့်နေသော သားနဲ့ချွေးမ ၊ သမီးနဲ့သမက် ။ လှဦးမောင်စကားကို စောင့်နေကြပေမယ့် သူမှာ စကားအစရှာမရသေး ။
"အဖေ ဒီနေ့စကားက ပြောဦးမှာလား"
ငါတယ် ....မိဘကို စိတ်မရှည်ဖြစ်နေလိုက်ကြတာ အရှိန်ယူနေသည်တောင် စနိုးစနှောင့်ဖြစ်ရသည် ။ ဘယ်နှယ့် ဒီသမီးက ဘယ်သူနှင့်တူမှန်း သူအခုထိစဉ်းစားမရ ။ အသက်ဖြင့် လေးဆယ်ဖြစ်နေပြီ စိတ်မရှည်တတ်ဘူး ။
တီ တီ တီ !!
ဟော...လှဦးမောင်လက်တွင် ကိုင်ထားသော ဖုန်းအတွင်း ဝင်လာသည့် မက်ဆေ့တစ်စောင် ။ လှဦးမောင် စိတ်ကို တင်းထားပြီး ပြောဖို့ပြင်လိုက်၏။ လှဦးမောင်အတွက် အားဆေးပမာ မက်ဆေ့တစ်ခုရှိနေပြီလေ ။ အင်း...သားသမီးနဲ့မိဘပဲ ဘာကြောင့်ကြောက်စရာရှိတုန်း ။ နောက်ပြီး လှဦးမောင်တို့ မိသားစုက ထိုမျှလောက် ငြိမ်နေတတ်သည့် မိသားစုမဟုတ် ။ အဆိုးဆုံးက အသက်လေးဆယ်အရွယ်သမီးဖြစ်သူပင် ။ ခေတ်အရမ်းပြေးပြီး ဒါမျိုးလက်ခံသူမို့ သမီးက ပြသာနာမရှိ ။
"အဖေ ကျွန်တော် ကုမ္မဏီပြန်သွားရဦးမှာ"
ဟုတ်ပါတယ် ။ ပြသာနာက သားဖြစ်သူပါ ။ အမွှာမောင်နှမနှစ်ယောက်ပေမယ့် လားလားမှ မဆိုင်သော သာားနှင့်သမီး ။ သားဖြစ်သူက အေးဆေးသမားဆိုပေမယ့် နားလည်နိုင်ဖို့ ခက်ခဲလိမ့်မည် ။ လှဦးမောင် လက်ထဲ ကြီးပြင်းလာကြသူတွေမို့ သားနှင့်သမီးစိတ်ကို သူအသိဆုံးပင် ။ ဟူး....လက်တွင်ကိုင်ထားသော ဖုန်းအား ဆုတ်ကိုင်အားယူလိုက်သည် ။
"အင်း...အဖေ ပြောမှာက အဖေဒီအိမ်မှာ မနေတော့ဘူးဆိုတဲ့ အကြောင်းပဲ"
"ဧကရီ ဒေါက်တာက နိုင်ငံခြားထိဆေးသွားကုရမယ် ပြောလို့လား ၊ နင်ခုနက ဖုန်းထဲပြောတော့ လူကြီးတွေအသက်အရွယ်အရ ဖြစ်တာဂရုစိုက်ရင်ရတယ်ဆို"
YOU ARE READING
အိုမင်းသော်လည်း/အိုမင်းသော်လည်း
RomanceZawgyi ကျေးဇူးပြု၍ ထပ်ဆုံးအပိုင်းက 'ဖတ်ဖြစ်အောင်ဖတ်ပေးပါ'ဆိုတဲ့ စာကို ဖတ်ပေးပါရှင်...❤️ Startdate_6.11.2021 __________________________________ Unicode ကျေးဇူးပြု၍ ထပ်ဆုံးအပိုင်းက 'ဖတ်ဖြစ်အောင်ဖတ်ပေးပါ'ဆိုတဲ့ စာကို ဖတ်ပေးပါရှင်...❤️ Startdate_6.11.20...