Final

3.2K 216 7
                                    

Unicode

"ဖန်း"

Mask ကိုချွတ်ကာ ပေါ်လာလာသော မျက်နှာကြောင့် ရှောင်းကျန့် အ့ံ​ဩမိသည်။ ဖန်း က သေသွားပြီ မဟုတ်လား။ ဘာတွေလဲ။ ထိုချိန်တွင် ဟန်က ပြန်ဝင်လာကာ ဖန်းကို baseball bat ဖြင့်ရိုက်ရန်ရွယ်လိုက်သည်။

"မလုပ်နဲ့ "

Xiao Zhan တားလိုက်နိုင်သည်။ သို့သော်

'ဒုတ်'

"အ့ .. sh*t နာတယ်ဟ"

"နာသွားလား ငါသရဲထင်လို့"

"..."

"ဖန်း..မင်းငါ့ကို ပြောစရာတွေရှိမယ်ထင်"

"အင် Sean အတိုချုပ်ပြောရရင် ငါက Ghost Gang ရဲ့ဆက်ခံသူ၊ မလုပ်ချင်လို့ ပတ်ပြေးနေတာ။ ဝိဉာဥ္(ghost) ဆိုတဲ့အတိုင်းဘဲ gang ကလူတွေက ဘယ်သူမှ လူလုံးထွက် မပြရဘူး။ ပါးရဲ့ ဆန္ဒကြောင့် ငါလည်းကြံမိကြံရာ Drama လေးနဲနဲခင်းလိုက်"

'ဒုတ်'

'ah'

ဒီတစ်ခေါက်တော့ Xiao Zhan ရိုက်လိုက်သည်။

"ငါတို့ကတော့ မင်းအတွက် revenger လေးဘာလေးနဲ့ မင်းကတော့ drama လေးခင်းတယ်ဆိုပြီး အခုမှလာပြောရလား၊ f*ck""
...
"Yibo ဘယ်လိုက်ပို့ပေးရမလဲ"

"ပါးပါး နဲ့ မားမားနား"

အုတ်ဂူဖြူဖြူလေးနှစ်လုံးပေါ်တွင် အပူအပင် ကင်းမဲ့စွာ ရယ်ပြနေသော မိဘနှစ်ပါး။ သူလည်းဘယ်ချိန်မှ အဲ့လိုမျိုးရယ်နိုင်မှာလဲ။

"ပါး နဲ့ မား ကျွန်တော်ဘာမှတော့ မပါခဲ့ဘူး။ အကြာကြီးနေမှ လာခဲ့လို့ တောင်းပန်ပါတယ်....."

အချိန်အတော်ကြာသည်အထိ ပါးပါးနဲ့ မားမား နားနေလိုက်သည်။ အပြင်မှာ လေစိမ်းတိတ်လာ၍ မိဘနှစ်ပါးကို နှုတ်ဆတ်ကာ car အနားပြန်လာခဲ့သည်။

"စိတ်အပန်းဖြေလို့ရမဲ့ နေရာဆီမောင်း"

car ပေါ်ရောက်သည်နှင့် သူအနားယူလို့ရမဲ့နေရာဆီ မောင်းခိုင်းလိုက်သည်။ သူသိတာပေါ့ Devil Gang ရဲ့ ခေါင်းဆောင်ဟာ ဘယ်လောက်ထိရက်စက်တက်မှန်း။ထို gang ကပျောက်သွားပြီမလား။ စဥ္းစားရင်း လူကလည်းပင်ပန်းလာ၍ မျက်လုံးများ မှေးစင်းကာ အိပ်ပျော်သွားသည်။
.
သူနိုးလာတော့ ညနေတောင်ရောက်နေပြီ car အပြင်ကိုကြည့်လိုက်တော့ အဝါရောင်ပန်းခင်းကြီးတစ်ခု။ အပြင်ထွက်ကာ သဘာဝရဲ့ လေသန့်သန့်လေးများကို ရှူသွင်းလိုက်သည်။

Devil [𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳]Where stories live. Discover now