Chapter 2

3.1K 260 11
                                    

Unicode

At WANG Compuny

"ဒီနေ့အချိန်ဇယား "

Company ကို suit အနက်ဖြင့် ဝင်လာပြီး ရုံးခန်းထဲက ဆုံလည်ထိုင်ခုံပေါ်တွင် ထိုင်ကာ အတွင်းရေးမှူးကို လေသံ အေးအေးနှင့် ခပ်ပြတ်ပြတ် မေးလိုက်သည်။

"9:00 AM မှာ ကျောက် company နဲ့ အစည်းအဝေးပွဲတစ်ခု၊ ဒီည Yin on 12 rooftop bar မှာ party ပွဲ တစ်ခု နှစ်ခုဘဲရှိပါတယ်"

"အင်"

တစ်လုံးတည်း ပြောကာ စားပွဲပေါ်က file တွေ ပေါ်သာအာရုံပြန်စိုက်လိုက်သည်။

________________

laptop ရဲ့ Keyboard ပေါ်တွင် ရှောင်းကျန့်ရဲ့ လက် များက 'W A N G Y I B O' ဆိုတဲ့ အင်္ဂလိပ် အက္ခရာပေါ်တွင် ရွေ့လျားလျက်

"age.29
မှောင်ခိုလောက ရဲ့ ဘုရင်ဖြစ်တဲ့ Ghost Gang ၏ အရှင်သခင်။
စီးပွားရေးလောကတွင် WANG group ရဲ့ CEO လည်းဖြစ်သည်။ ထို gp က ဟန်ပြသက်သက်သာဖြစ်ပြီး နောက်ကွယ်တွင် မှောင်ခိုများပြုလုပ်သူ။ "

Xiao Zhan တိုးတိုးလေးရေရွတ်လိုက်သည်။ photo ဆိုတဲ့ အက္ခရာပေါ် ကာဆာ ချလိုက်တော့ တစ်ပုံမှမတွေ့လာ...

"ဟက်.. Wang Yibo ဆိုတဲ့လူ ကို ဘယ်သူမှမမြင်ဖူးတာလား"

Xiao Zhan ဖုန်းကိုယူကာ ဟန် ကို ခေါ်လိုက်သည်။ တစ်ဖက်က ကိုင်လာတော့

" ဟန် ငါ Wang Group's CEO ရဲ့ ပုံကို လိုချင်တယ်"

" f*ck! ငါက မင်းရဲ့ ခိုင်းဖက်ကြီးလား"

ဟန် ရဲ့ ပြန်ဖြေသံကြောင့် ရှောင်းကျန့် တစ်ချက်ရယ်ကာ

" ဖန်း နဲ့ ပတ်သတ်နေလို့ပါ တောင်းဆိုပါတယ်"

" ကောင်းပြီ ငါလာခဲ့မယ်"

Call End
-----
ဟန် တစ်ယောက် ရှောင်းကျန့် ရဲ့ စံအိမ်ရှေ့ကားထိုးရပ်ကာ အိမ်ထဲ ဝင်လာခဲ့သည်။ ဧည့်ခန်း ထဲမှာ ရှောင်းကျန့်တစ်ယောက် Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတာ တွေ့တော့ သူယူလာတဲ့ ဓာတ်ပုံကို ပစ်ပေးလိုက်ပြီး

" ငါရေသွားသောက်အုန်းမယ်"

ရှောင်းကျန့် ခေါင်းတစ်ချက်ငြိမ့် ၍ အသိအမှတ်ပြုလိုက်ပြီး ဟန် ပေးသွားတဲ့ ဓာတ်ပုံကို ယူကြည့်ကာ

Devil [𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳]Where stories live. Discover now