part (1) U

2.1K 165 37
                                    

မိုးရွာနေတဲ့ချိန်ကော်ဖီဆိုင်လေးထဲမှာထိုင်ပြီး ကော်ဖီပူပူလေးသောက်ကာ အပြင်ကလမ်းလျောက်နေကြတဲ့လူတေ‌ွကိုကြည့်ရတာကြိုက်‌ေသာရှောင်းကျန့်နဲ့ ထီးဘယ်တော့မှမဆောင်တတ်‌ေသာရိပေါ်တို့ရဲ့ အချစ်ဇာတ်လမ်းလေးက ကော်ဖီချိုချိုလေးတစ်ခွက်လိုပဲ။

August 10,2010

ရှောင်းကျန့် အလုပ်ဆင်းလို့ အပြင်ထွက်လာတော့ မိုးတွေရွာနေတာကြောင့် ကုမ္ပဏီရဲ့အဝင်ဝမှာ မတ်တပ်လေးရပ်ပြီး ခနရပ်ကြည့်နေသည်။ တဖျောက်‌ေဖျာက်နဲ့ကျလာနေသော မိုးရေစက်တွေကိုကြည့်ကာ ရှောင်းကျန့်ပြုံးမိသည်။ သူကမိုးရေစက်လေးတွေကိုသိပ်သဘောကျတာ။ အထူးသဖြင့် အေးအေးဆေးဆေးရှိတဲ့ကော်ဖီဆိုင်လေးမှာထိုင်ပြီး ကော်ဖီပူပူလေးသောက်ရင်း အပြင်ကမိုးရွာထဲ ထီးဆောင်းပြီး ‌လမ်းလျောက်နေတဲ့သူတွေ ထီးမပါလို့ပြေးနေရတဲ့သူတွေကိုကြည့်ရတာ ရှောင်းကျန့်ကတကယ်ပဲနှစ်သက်၏။

ဒီနေ့လဲ ပုံမှန်နေ့တွေလိုပဲ ကော်ဖီဆိုင်ထိုင်ရတာကြိုက်တဲ့ရှောင်းကျန့်က သူထိုင်နေကြ ကော်ဖီဆိုင်လေးဆီသွားဖို့ ကြံရွယ်တယ်။ ရှောင်းကျန့်က အလုပ်ဆင်းချိန်၅နာရီထဲက ထိုကော်ဖီဆိုင်မှာထိုင်ပြီး ဆိုင်ပိတ်တော့မယ်လို့ လာပြောမှပြန်တတ်သည်။ ကော်ဖီဆိုင်လေးက သူ့အလုပ်နဲ့အိမ်ရဲ့အလည်လောက်မှာရှိနေတယ်။ အလုပ်ကနေကော်ဖီဆိုင်ကို၁ဝမိနစ်သွားရရင် ကော်ဖီဆိုင်ကနေအိမ်ကို၁၀မိနစ်သွားရသည်၊ ဒါက ဘက်စ်ကားစီးကြာချိန်။

ရှောင်းကျန့်က တက္ကစီတွေကိုယ်ပိုင်ကားတွေထက် ဘက်စ်ကားစီးရတာပိုပြီးနှစ်သက်မိသည်။ တခါတလေလူတွေရှုပ်တတ်ပေမယ့် ဘက်စ်ကားပေါ်ကနေ အပြင်ကိုကြည့်ရတာ တကယ်ကိုမိုက်သည်ဟု ရှောင်းကျန့်ကထင်၏။ ငယ်ငယ်ထဲကတစ်ယောက်ထဲမို့လားမသိ ရှောင်းကျန့်က အေးအေးဆေးဆေးနဲ့အပြင်ပတ်ဝန်းကျင်ကိုလျောက်ကြည့်နေရသည်ကို နှစ်သက်လွန်းသည်။

ရှောင်းကျန့်ဘက်စ်ကားစီးရင်း သူထိုင်နေကြကော်ဖီဆိုင်လေးဆီသို့~~
ဘက်စ်ကားဂိတ်နဲ့ကော်ဖီဆိုင်နဲ့က အနည်းငယ်လမ်းလျောက်ရတာကြောင့် ရှောင်းကျန့်ကသူ့ထီးအကြည်လေးကိုဖွင့်ကာ သူဝတ်ထားတဲ့ကုတ်ရှည်ကိုသေချာပြင်လိုက်ပြီး ဘေးလွယ်အိတ်အမဲလေးကိုသေချာပြန်လွယ်ရင်း ကုတ်လက်အိတ်ထဲ လက်ထည့်၍ ကော်ဖီဆိုင်လေးဆီသို့လမ်းလျောက်သွားသည်။

AUGUST-10Where stories live. Discover now