part (2) U

927 137 3
                                    

အချိန်တွေကကုန်တာမြန်တယ်။ အထူးသဖြင့် ကိုယ်သဘောကျမိတဲ့အချိန်ကာလတွေကပိုပြီးတောင်ကုန်တာမြန်သေး၏။ ဘာလိုလိုနဲ့ဆောင်းရာသီတောင်ရောက်နေပြီ။ ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ပတ်သက်မှုက ရင်းနှီးသလိုလိုတော့ရှိနေသည်။

ရှောင်းကျန့်အလုပ်ကအပြန် ဘက်စ်ကားစောင့်နေရင်း ပြသနာတစ်ခုနှင့်တိုး၏။ ကျောင်းသားလေးတချို့ ကားဂိတ်မှာစနောက်ကြရင်း အတည်ကြီးတွေရန်ထဖြစ်ကြခြင်း။ ရှောင်းကျန့်ကကိုယ်နဲ့မဆိုင်တာမို့ ဝင်မပါပေမယ့် ကျောင်းသားလေးကနောက်ကျောင်းသားတစ်ယောက်ရဲ့တက်ဖိတာကိုခံလိုက်ရပြီး မျက်နှာအထိုးခံရတာကြောင့် သွေးတွေတောင်ထွက်နေပြီ။ ရှောင်းကျန့်လဲကျောင်းသားတွေဖြစ်တာကြောင့် ကြည့်မနေနိုင်တော့ပဲ ဝင်ဆွဲလိုက်သည်။

ရှောင်းကျန့်ကပဲ အားမရှိတာလား ကျောင်းသားလေးကပဲအားသန်နေတာလားတော့မသိပေမယ့် ကျောင်းသားလေးတစ်ချက်တွန်းလိုက်တာ ရှောင်းကျန့် နောက်ပြန်ပြုတ်ကျပြီး လက်ထောက်လိုက်တာကြောင့် လက်ဖဝါးနှစ်ဖက်လုံးကပွန်းပဲ့သွားပြီးတံတောင်ဆစ်ကလဲနာသွားသည်။ ရှောင်းကျန့်ကအေးတတ်တာကြောင့် အပေါ်ဝတ်ထူထူလေးဝတ်လာလို့တော်သေး၏။

နောက်တော့ လူကြီးတချို့က ရှောင်းကျန့်ကိုလဲထူပေးရင်း ကလေးတွေကိုဝိုင်းဆွဲကြတာကြောင့် ရန်ပွဲကပြီးသွားသည်။ ရှောင်းကျန့် ဘေးလွယ်အိတ်ထဲကဖုန်းကိုထုတ်ပြီး နာရီကိုကြည့်လိုက်တော့ ငါးနာရီလေးဆယ့်ငါးမိနစ်တဲ့။ ရှောင်းကျန့်ရိပေါ်ကိုတွေ့ဖို့နောက်ကျနေပြီဖြစ်တာကြောင့် ကားပေါ်အမြန်တက်လိုက်သည်။

ကားပေါ်ရောက်မှကြည့်မိတော့ သူ့လက်ဖဝါးနှစ်ဖက်လုံးပွန်းပြီးသွေးထွက်နေမှန်းသိကာ နာရမှန်းသိတော့တယ်။ ဆိုင်ထဲကိုရှုံ့မဲ့မဲ့နှင့်ဝင်လာသော ရှောင်းကျန့်ကို ရိပေါ်ခုံတစ်ခုံမှာထိုင်ကာ လက်ပိုက်ပြီးလိုက်ကြည့်နေသည်။ ရှောင်းကျန့်ကတော့ရိပေါ်ကိုမမြင်၊ သူ့လက်လေးကိုကြည့်ရင်း ကောင်တာမှာသွားမှာနေတယ်။ ပြီးနောက် ဟန်ဖူကိုတစ်ခုခုပြောလိုက်ပုံရပြီး ရိပေါ်ဘက်ကိုလှည့်လာသည်။ အဲတော့မှ ရိပေါ်လဲ ရှောင်းကျန့်နားကိုလျောက်လာပြီး

AUGUST-10Tahanan ng mga kuwento. Tumuklas ngayon