part (3) end Z

244 18 1
                                    

"မောင့်အချစ် လာပြီလား"

ရှောင်းကျန့် ကော်ဖီဆိုင်ထဲဝင်လာတော့ ကော်ဖီတင်ထားတဲ့ဗန်းလေးကိုကိုင်ပြီးရိပေါ်က လှမ်းမေးလာသည်။ ရှောင်းကျန့်ကခေါင်းငြိမ့်ပြလိုက်ပြီး

"မောင်.. သေချာကိုင်၊ မှောက်ကုန်မယ်လေ၊ ရှေ့ကြည့်လျောက်"

ရိပေါ်ကခေါင်းငြိမ့်ပြပြီး မှာထားတဲ့လူတွေကိုသေချာသွားပို့ပေးသည်။ ရှောင်းကျန့်နဲ့ရိပေါ်တွဲနေတာငါးလရှိပြီ။ ရိပေါ်တို့က ကော်ဖီဆိုင်မှာလဲ ပုံမှန်တိုင်းပဲပြော‌ဆိုနေတာမို့ ကော်ဖီဆိုင်မှာထိုင်နေတဲ့customerတွေကသိနေကြသည်။ တချို့ကတော့ ဂရုမစိုက်ကြလို့ ပုံမှန်တိုင်းလာနေကြပေမယ့် တချို့customerတွေကတော့ရိပေါ်တို့ကိုမကြိုက်တာမို့ မလာကြတော့‌ပေ။ ရိပေါ်ကလဲအဲဒါတွေကို ဂရုစိုက်မနေပါ။ သူ့ကော်ဖီဆိုင်ကဝန်ထမ်းလေးတွေကလဲ ရိပေါ်နဲ့ရှောင်းကျန့်ကိုနားလည်ပေးကြသည်။ ရှောင်းကျန့်တို့ကတကူးတကကြီး လိုက်ပြောပြနေတာမဟုတ်တာကြောင့် တချို့တလေလောက်သာ သူတို့အကြောင်းကိုသိ၏။

ရိပေါ်ကပို့ပြီးလျှင် ရှောင်းကျန့်အတွက်ကော်ဖီဖျော်ပြီး ရှောင်းကျန့်ရှေ့ချပေးကာ ‌ရှောင်းကျန့်ရဲ့မျက်နှာချင်းဆိုင်ကခုံအလွတ်ကို ရှောင်းကျန့်ဘေးဆွဲလာပြီး ဝင်ထိုင်လိုက်သည်။ ပြီးနောက် ရှောင်းကျန့်လက်လေးကို ရိပေါ်စုပ်ကိုင်လိုက်ပြီး

"လက်လေးတွေအေးနေတယ် အဲဒါပြောတာ အင်္ကျီထူထူလေးဝတ်ပါဆိုတာ"

ဆောင်းရာသီရောက်နေပြီဖြစ်တာကြောင့် အနွေးထည်များအားဝတ်ကိုဝတ်နေရပြီ။ ရှောင်းကျန့်ကအအေးမခံနိုင်တာကြောင့် အမြဲနွေးနွေးထွေးထွေးနေခဲ့သည်။ အခုလဲနွေးနွေးထွေးထွေးနေပေမယ့် အရင်ကလိုတော့မဟုတ်တော့‌ပေ။ အခုကသူ့ကိုလိုက်ဂရုစိုက်ပေး‌မယ့် ကောင်လေးရှိလာပြီ။ မနက်က‌မက်ဆေ့ပို့ပြီးအေးတတ်တဲ့ ရှောင်းကျန့်ကိုရိပေါ်က‌ပြောသည်။ နွေးနွေးထွေးထွေးဖြစ်အောင် အင်္ကျီထူထူလေးဝတ်သွားရန်။ ရှောင်းကျန့်ကလဲ စကားနားမထောင်တာတော့ မဟုတ်ပါ၊ အရင်ကသုံးထပ်လောက်ဝတ်သွားရင် ခုကနှစ်ထပ်လောက်ပဲဝတ်လိုက်ရုံ၊ စိတ်ပူပြီးရိပေါ်ဆီကအဆူခံရတာကို ရှောင်းကျန့်ကသဘောကျသည်။

AUGUST-10Where stories live. Discover now