18th century | Paris
ပဲရစ်မြို့ကြီးရဲ့ တနေရာ၊
အထက်တန်းလွှာတွေ ခြေချလေ့ရှိမရှိသော စုတ်စုတ်ပြတ်ပြတ် ညစ်နွမ်းမှုတွေနဲ့ ပြည့်နေသော အောက်တန်းလွှာတွေရဲ့ ဈေးလည်ကောင်တွင် အညိုညစ်ရောင်ပေါက်
နေတဲ့ အ၀တ်စကို တင်းတင်းကိုင်ဆုပ်ရင်း ပန်းသီးခြင်းကိုကိုင်ကာ စား၀တ်နေရေးအတွက် ရုန်းကန်နေရသော မိခင်လောင်းတစ်ယောက်။ တွေ့သမျှလူတိုင်းသည် သူမခြင်းထဲက စိမ်းလန်းသောပန်းသီးတချို့ကို ၀ယ်ဖို့ မပြောနှင့် မနှစ်မြို့သော အကြည့်တွေနဲ့သူမတကိုယ်လုံးကိုခွဲခြမ်းစိတ်ဖြာနေကြလေသည်။လူမျိုးရေးခွဲခြားလွန်းသောခေတ်တွင် ရုန်းကန်နေရသည့်သူမအတွက်တရားမျှတမှုဆိုတာဆိုတာမရှိ။ ဘာလို့လဲဆိုတော့ သူမသည် ပြင်သစ်လူမျိုးဟုတ်မနေခဲ့လို့ပါပင်။
ပြင်သစ် စစ်သားတစ်ဦးနဲ့ချစ်ကြိုက်မိ၍ မိုက်မိုက်ကန်းကန်းအချစ်ကိုကိုးကွယ်ကာ
မွေးရပ်မြေ ကိုရီးယားနိုင်ငံမှ ပြင်သစ်သို့ ထိုသူ့မျက်နှာ တကမ္ဘာထင်၍လိုက်လာခဲ့သောလဲ အစနပျောက်သွားသော လူစိတ်
မရှိသူကြောင့် မလိုချင်ပဲလွယ်ရတဲ့အမှတ်
မထင်ကိုယ်၀န်နဲ့သူမသည် ကူရာကယ်ရာမဲ့ ရက်စက်သော လူတွေ ကြားမှာမသေရုံ
တမယ်အသက်ရှင်ဖို့ ရုန်းကန်နေရသည်။ဖြူဖွေးနေသောသူမအသားသည် နေပူဒဏ်ကြောင့် နီစပ်စပ်ဖြင့် ပူလောင်လျှက် ရက်သတ်တစ်ပတ်လောက်မစားမသောက်ပဲ တောင့်ခံထားရတဲ့သူမရဲ့၀မ်းဗိုက်က ကျယ်လောင်စွာ မြည်ဟီးနေပြီး ခြေထောက်တွေဟာ ခြေလှမ်းထပ်လှမ်းဖို့ချိနဲ့ကာ အင်အားလျော့နည်းနေသည်။ ပိန်ကပ်ပြီး လျော့ရဲနေတဲ့ခန္ဓာကိုယ်က ယိုင်ကျတော့ မတက်ပင်။ သူမရဲ့၀မ်းဗိုက်နေရာကသာ စူထွက်ကာဖောင်းကားနေသည်။ နေ့စေ့လစေ့မို့ ဘယ်
အချိန်မွေးမွေး မွေးလို့ရနိုင်သည့်အခြေအနေ။နာရီ၀က်လောက် ဈေးလမ်းမတွေပေါ်မှာ လျှေက်ပြီးနောက် မခံနိုင်တော့။ အဆောက်အဦးတွေရဲ့ လမ်းကြားကချောင်
ကျကျနေရာတစ်ခုမှာ အုတ်နံရံကိုခေါင်းမှီပြီး ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
VOCÊ ESTÁ LENDO
Crimson and Sinful Spades♤ | KM
Fanfic❝ There are hidden sins behind the Spades ❞ • JIKOOK ______________________________ I own the Story Line⚠ ▸ Cover art Full Credit to Artist nim ▸ I'm pretty sure that you want to read this .. you can handle the feeling of burning [ Burmese language...