အပိုင်း တစ်ဆယ်

3K 439 39
                                    

Unicode :

သတိရနေပေးပါ....
နေကြာခင်းအလယ်ကအမှတ်တရတွေ...
မြေနီလမ်းပေါ်က အမှတ်တရတွေနဲ့.....
ဖျုန်ဟွာတောင်ပေါ်က ရယ်မောသံတွေအား။
°°°°°°°

" ဖျုန်ဟွာတောင်ကို ဇောက်ထိုးအနေအထားနဲ့ကြည့်မယ်ဆိုရင်လည်း သူ့အလိုလိုလှနေပြန်ရော"

ဖျုန်ဟွာတောင်၏ လမ်းတစ်ဖက်ခြမ်းတွင်ရှိသော ကွက်လပ်လေး၌ နှစ်ယောက်သားစာအတူထိုင်ကျက်ဖြစ်ကြသည်။ အဆိုပါကွက်လပ်လေး၌ မနက်ခင်းတို့ ညနေခင်းတို့မှာ ဖျုန်ဟွာတောင်ကြီးရဲ့ ရှုမျှော်ခင်းကိုတစ်ဝကြီးခံစားပြီး လေ့ကျင့်ခန်းလုပ်နိုင်ဖို့ရာ ပစ္စည်းကိရိယာအစုံအလင်လည်း ထားထားသေးသည်။

ဂျီမင်းကတော့ ဘားတန်းလေးမှာ ခြေထောက်တို့ချိတ်ဆွဲထားရင်း ဇောက်ထိုးအနေအထားဖြင့် ဖျုန်ဟွာတောင်အား ကသိုင်းရှုနေလေ၏။ မြေကြီးပေါ်တွင်လည်း သူပစ်ချထားတဲ့စာအုပ်တွေမှ မနည်းမနော။

ထိုအချင်းအရာအား မြင်နေရရုံနဲ့ မနေတတ်တော့တဲ့ဂျောင်ဂုကပဲ အင်္ဂလိပ်စာ အက်စေးတွေဖတ်နေရင်း‌မှ ထသိမ်းပေးရတော့သည်။

" နေပူလာတော့မယ် ဂျီမင်း။ ငါတို့စခန်းရွှေ့စို့ "

ဂျီမင်းရဲ့စာ‌အုပ်တွေရော သူ့စာအုပ်တွေပါ သူ့လွယ်အိတ်ကြီးထဲ အကုန်သိမ်းထည့်ကာ ပြောလေတော့ ဂျီမင်းကလည်း သဘောတူတာမို့ နှစ်ယောက်သား စာအေးဆေးလုပ်လို့ရနိုင်မယ့်နေရာလေးကိုပဲ ချီတက်ခဲ့ကြသည်။

တခြားတော့မဟုတ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ အသစ်ဖွင့်ထားတဲ့ကော်ဖီဆိုင်လေးဆီသို့ ချီတက်လာခဲ့ကြခြင်း။ မြို့ငယ်လေးမှာ romantic ဆန်ဆန် ကော်ဖီ‌လာသောက်ကြသူဟာ ရှားသလောက်နည်းပါးတာမို့ ဒီကော်ဖီဆိုင်လေးက သူငယ်ဂျင်းနှစ်ယောက်အတွက် ဒုတိယ target ဖြစ်လာခဲ့တာပေါ့။

" ကော်ဖီရော ဝယ်တိုက်မှာလား "

ဆိုင်လေးအတွင်းဝင်လာတော့ ဂျီမင်းက နားအနားကပ်ရင်း ကပ်တိုးလေးပြောသည်။ အင်း... သူများဆိုင်ထဲမှာအလကားတော့ ထိုင်နေလို့ရမယ်မထင်ဘူး။ တစ်ခုခုတော့ မှာစားရမယ်ထင်တာပဲလေ။

› Nge Chit Pone Pyin ‹  ငယ်ချစ်ပုံပြင် || KM || COMPLETED Where stories live. Discover now