Chapter (3)

72 7 0
                                    

Chapter (3) : သခင်လေးHe - ပါပါရာဇီတွေရဲ့အသိစိတ်က ဒီထက်ပိုဆိုးလာစရာအကြောင်းရှိမှာမဟုတ်လောက်တော့ဘူး။

သူ့ရဲ့အသံက အလွန်နားဝင်ချိုလှသည်။စကားလုံးတစ်လုံးချင်းစီတိုင်းက မထိတထိရှိလှသည့် လျှပ်စီးကြောင်းကဲ့သို့
Jian Yan၏နှလုံးသားကို ထုံကျဥ်လှစေသည်။

တကယ်တမ်း သူဘာအကြောင်း ပြောလိုက်သလဲဆိုတာကိုတောင် သူမဂရုမစိုက်မိဘူး။ဒုတိယအကြိမ်မြောက်စကားအား သူစတင်ပြောလိုက်သည့်အချိန်မှာတင် သူ့ရဲ့ဆွဲဆောင်မှုရှိလှသည့်အသံက သူမအားစတင်ဆွဲဆောင်လာခဲ့ပြီး သူရဲ့စကားပြောသံကိုဆက်လက်ကြားချင်နေမိလေသည်။

သို့သော်လည်း ထိုအမျိုးသားသည် သူ့ထင်မြင်ချက်ကိုပြောဆိုပြီးနောက် လှည့်ထွက်သွားခဲ့သဖြင့် သူမ၏စိတ်ကိုညှို့ယူထားသည့်အခြေအနေမှ Jian Yan နိုးထလာခဲ့တော့သည်။
ဘုရားရေ! သူမအခုလေးတင် ဘာတွေတွေးမိသွားတာတုန်း? သူမရဲ့အတွေးတွေက ဘယ်လိုများ အရမ်းတွေလမ်းလွဲလာခဲ့ပါလိိမ့်?

သူမ နည်းနည်းတော့ ကသိကအောက်ဖြစ်ကျန်ခဲ့ရသည်။သူမ၏အနောက်ဘက်တွင် အရောင်းဝန်ထမ်းမလေးနှစ်ယောက်သည် သတိလက်လွတ်ဖြင့် စကားတိုးတိုးပြောနေကြသည်မှာသူတို့၏စကားသံများက သူမ၏နားထဲသို့တိုက်ရိုက်ဝင်နေသလိုမျိုး ကြားခဲ့ရလေသည်။

" ဟယ် သခင်လေးHe ပြန်ရောက်ပြီပေါ့နော်? "

" ကောင်းလိုက်တာ ငါတော့နေ့တိုင်းအလုပ်လာဖို့ မိုတီ(motivation)ထပ်ရပြီပေါ့ "

" ... နင်အလုပ်လာရတဲ့အကြောင်းရင်းက ပိုက်ဆံကြောင့်မဟုတ်ဘူးလို့ငါ့ကိုတော့ မပြောနဲ့နော်?"

" အဲ့အပေါ်ယံကိစ္စလောက်လေးနဲ့ ဒါရိုက်တာHe ရဲ့ဆွဲမက်စရာကောင်းတဲ့ဆွဲဆောင်မှုတွေကိုဘယ်လိုများနှိုင်းယှဥ်ဖော်ပြနိုင်မှာတဲ့လဲ? "

Jian Yan၏မျက်ဝန်းများကရုတ်တရက် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ခုနတုန်းက အဲ့လူက... သူမကိုလွန်စွာညှို့ယူဖမ်းစားထားနိုင်ခဲ့သည့်အဲ့လူက... နာမည်ကြီး သခင်လေးHeတဲ့လား?

" ဟိုလေ အမ ဒီဆွယ်တာလေးအဆင်ပြေလားဆိုတာ ကျွန်မကို ကူကြည့်ပေးလို့ရမလား? "

ချစ်ခြင်းတရားတို့စီးဆင်းရာ[မြန်မာဘာသာပြန်]Where stories live. Discover now