Part -3

67 17 8
                                    

Unicode

ဒေါက် ဒေါက်~~~

တဒေါက်ဒေါက်နဲ့ တံခါးကိုခေါက်နေတဲ့ အသံကြောင့် ဆော့ဂျင်တယောက် ဆက်အိပ်လို့မရတော့ပေ။ ကျွတ်တချက်စုပ်သပ်ရင်း ထရတော့သည်။

"ကျွတ်!ဘာလဲ"

တံခါးကိုဆွဲဖွင့်တော့ လာနိုးတဲ့ ကောင်မလေးက တုန်တုန်ရီရီ။
သူကအိပ်နေရင် ဘယ်သူမှလာမနိုးနဲ့လို့ အမိန့်ထုတ်ထားတာတောင် လာနိုးရဲသေးတယ်။

"ကိုလေး နိုးပြီလား
နိုးရင် မာမီကြီးတို့က အောက်ထပ်ကိုဆင်းခဲ့ပါတဲ့"

"သွားတော့!!"

ဝုန်း!!!

သွားတော့ တခွန်းထဲသာပြောပြီး တံခါးကိုဆောင့်ပိတ်လိုက်တဲ့ ဆော့ဂျင်ကို တစ်အိမ်လုံးက လူအားလုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရသည်။ အခုလဲ မာမီကြီးကခေါ်လိုက်လို့သာ မဟုတ်ရင် သူ့အခန်းရှေ့ဖြတ်တောင်မလျှောက်ရဲပါ။

"ငါကြာ...ကျောင်းပိတ်ရက်တောင် ကောင်းကောင်းမအိပ်ဘူး
သူတို့အလိုတွေချည်းပဲ"

ပြောပြောဆိုဆိုနဲ့ မျက်နှာသစ်သွားတိုက်ပြီး အောက်ထပ်ကိုဆင်းလာတော့ breakfastစားနေတဲ့ မာမီနဲ့ဒယ်ဒီကိုတွေ့သည်။

ဆူအောင့်အောင့်နဲ့ စားပွဲမှာ ဝင်ထိုင်လိုက်တော့ အရှေ့ကိုရောက်လာတဲ့ coffeeခွက်က အသင့်...။

"သားကို မာမီတို့ပြောစရာရှိလို့"

ဆော့ဂျင်ommaက စကားစလာတော့ ပြောဟူ၍သာ မေးဆတ်ပြလိုက်သည်။ လာနိုးခိုင်းလိုက်ထဲက သိပ်ကြည်တာမဟုတ်ဘူး။

"သား finalစာမေးပွဲပြီးတာနဲ့ UKကိုသွား
အဲ့မှာ မာမီတို့လုပ်ငန်းတိုးချဲ့ဖို့ သားသွားလေ့လာရမယ်
ဒီမှာဘွဲ့ပြန်လာယူပြီးရင် UKမှာပဲ အခြေချပြီး မာမီတို့ရဲ တိုးချဲ့မယ့်လုပ်ငန်းတွေကို သားဦးစီးပေးရတော့မယ်"

"မင်းမာမီပြောတာဟုတ်တယ် သားလဲကျောင်းပြီးပြီဆိုတော့ ဒယ်ဒီတို့ ဟိုမွာအခြေချဖို့ စီစဉ်ပေးမယ် "

မာမီ့အပြောကို ဒယ်ဒီကပါ ထောက်ခံသည်။
ဘာကိစ္စသွားရမှာလဲ အဓိပ္ပါယ်မရှိတာ...သူစီးပွားရေးမေဂျာကိုယူခဲ့သည်မှာလဲ မာမီတို့တက်ခိုင်းတဲ့ ဆေးကျောင်းမတက်ချင်လို့ အမှတ်နည်းအောင်ဖြေရင်းက ရောက်လာခြင်းဖြစ်သည်။ မသက်သာလို့သာ မှီရာတက်လိုက်ရတာ စီးပွားရေးကို တစိမွဝါသနာမပါ။

Believe In Dandelion Where stories live. Discover now