Unicode
ညပိုးကောင်တို့က တစီစီအော်မြည်နေသည်။
တိတ်ဆိတ်နေတဲ့ ခြံဝန်းကြီးထဲမှထွက်နေတဲ့ ဂီတာသံသဲ့သဲ့...။နောက်ပြီး မီးပုံဘေးမှာ ထိုင်နေတဲ့ ကောင်လေးနှစ်ယောက်လဲရှိသည်...။
ပါးစပ်ထဲက အငွေ့တထောင်းထောင်းထအောင် အေးနေသည့်အချိန်မို့ ခြံထဲဆင်းပြီး မီးလှုံနေရသည့်အခြေအနေပါရယ်။
ယွန်ဂီ ကဂီတာ တလက်ဖြင့် နမ်ဂျွန်းကစာအုပ် တအုပ်ဖြင့်
မီးပုံဘေးထိုင်ရင်း မီးလှုံနေကြသည်။"နမ်ဂျွန်း မင်းသေချာလို့လား"
တိတ်ဆိတ်နေတဲ့ အခြေအနေကို ယွန်ဂီကစပြီးဖြိုခွင်းလိုက်သည်။
"အင်း...ဘာကိုလဲ"
"ဆော့ဂျင်ကို တကယ်ကြိုက်တာလား"
"ကျွန်တော် စ,နေတယ်ထင်လို့လား "
"မဟုတ်ပါဘူး မင်းလိုက်မယ်ဆိုလဲသေချာလိုက်
ဟိုကသူ့လာကြိုက်သမျှလူအကုန်ငြင်းလွှတ်တာနော်""ဟားဟား"
ယွန်ဂီကပြောတော့ နမ်ဂျွန်းကရီသည်။
"ကင်နမ်ဂျွန်းပါဗျ မပိုင်ရင် ခြင်တောင်မရိုက်ဘူး"
"မင်းမရရင် ငါပြောပေးရမလား
ဆော့ဂျင်နဲ့ကသိပ်မရင်းနှီးပေမဲ့ တမေဂျာထဲဆိုတော့ မျက်မှန်းတန်းမိနေတာပဲ""ဟင့်အင်း မလိုဘူး"
နမ်ဂျွန်းကခေါင်းခါပြသည်။
သူများပြောပေးလို့ ပြန်ကြိုက်ရတယ်ဆိုတာ နမ်ဂျွန်းအဖြစ်မခံနိုင်ပါ။အချိန်ကျတဲ့အခါ သူကိုယ်တိုင်ဖွင့်ပြောမှာပေါ့။
အချစ်ဆိုတာ တကယ်ချစ်လာရင်
ကြားခံနယ်တွေမလိုဘူးလေ...။........
အချိန်တော်တော်ကြာ ဂိမ်းကစားပြီးမှ
ထပြီး အခန်းလိုက်ကာတွေဖွင့်ကြည့်မိတော့ ညပင်တော်တော်မှောင်နေပြီ။ အချိန်ကိုကြည့်တော့ ည9နာရီကျော်။ကျောင်းကပြန်လာပြီးထဲက စိတ္ကလဲ ရှုပ်ရှုပ်
ရာသီဥတုကလဲ အေးအေးနဲ့ စောင်ပုံထဲဝင်ပြီးဂိမ်းဆော့နေလိုက်သည်။
YOU ARE READING
Believe In Dandelion
Fanfictionမိုင်ထောင်ပေါင်းများစွာ လွင့်မျောသွားတဲ့ ဒုဓလီပန်းဝတ်မှုန်တွေနဲ့အတူ မင်းနဲ့ ထာဝရ လက်တွဲ နိုင်ဖို့ ဆုတောင်းတွေအားလုံးကို သံသရာအဆက်ဆက် ထုတ်ပိုးသယ်ဆောင်သွားပေးပါ ကိုယ့်ရဲ့ dandelion...။ မိုင်ထောင်ပေါင်းများစွာ လွင့်မျောသွားတ့ဲ ဒုဓလီပန်းဝတ်မှုန်တွေနဲ...