[ 14 ]

1.1K 107 10
                                    

" ဘယ်လိုလဲ အပြာရောင်နဲ့ လိုက်လား
ဒါမှမဟုတ် အဝါရောင် ! "

အိပ်ခန်းထဲကအင်္ကျီတွေပြေးပြေးယူပြီး အပြင်
ကိုပြန်ထွက်လာပြီး ဧည့်ခန်းထဲတွင် ဇာတ်လမ်း
တွဲ ထိုင်ကြည့်နေသော သူမတို့တူဝရီးနှစ်ယောက်
အရှေ့တွင် ပိတ်ရပ်လျက် လက်နှစ်ဖက်တွင်ကိုင်
ထားတဲ့ အင်္ကျီတို့အား သူ့ကိုယ်ပေါ်တွင်ကပ်ပြပြီး
သူမတို့ ပြန်မဖြေမပေးမချင်း မျက်နှာစဖြီးစဖြီး
နဲ့ အသက်မရှူစတမ်း အသေအလဲ မေးနေသည့်
ဘာတွေ ဘယ်လိုလာပြီး ဂေါက်ထနေသလဲမသိ
သော ချန်းယောလ်ကို မျက်လုံးနဲ့ တစ်ချက် မှေး
ကြည့်ရင်း သူမနံဘေးတွင်ထိုင်နေသော တူတော်
မောင် ဂျီယောလ်လေးဘက်သို့ သူမချာခနဲ မျက်
နှာလှည့်လိုက်ကာ ...

" ဂျီယောလ်လေး "

" ဗျာ တီလေး "

" ဂျီယောလ်လေး ဒယ်ဒီက ဒီလိုပဲ
ပဲအရမ်းများတတ်တာပဲလား ! "

မင်ယောင်း စကားအဆုံး ဂျီယောလ်သူ့မျက်စိ
အရှေ့က ဒယ်ဒီဖြစ်သူ ချန်းယောလ်ကို တစ်
ချက်ပြန်လှမ်းရှိူးပြီး ပြုံးလိုက်လျက် ...

" တီလေးရဲ့ မွေးစားမောင်အကြောင်းကို တီလေး
မသိတာကျလို့ ငယ်ငယ်တုန်းကဆို ဒီထက်တောင်
ပိုဆိုးသေးတယ် ပါးပါးနဲ့ အပြင်အတူထွက်ရတိုင်း
အပျော်လုံးတွေဆို့ပြီး ပြာပြာ ပြာပြာ ဖြစ်နေတတ်
တဲ့ အကျင့်က ဒီအသက်အရွယ်ထိမပျောက်သေး
ပဲ ပါလာတာကိုပဲ ကြည့် .. ဒါတောင် အခုက တော်
တော် တော်သေးတယ်လို့ပြောရမယ် တီလေးရဲ့ "

" ဟုတ်လား ! .. ကျွတ် .. ကျွတ် .. မထင်ရဘူးနော် "

မင်ယောင်းတို့ တူဝရီးနှစ်ယောက်မှာ သူတို့ ကြည့်
နေသော TV ဇာတ်လမ်းတွဲ ကောင်းခန်းရောက်နေ
စဉ်မှာ TVရှေ့တွင်လာပိတ်ရပ်ပြီးသူတို့အား ဇာတ်
လမ်းတွဲမကြည့်ခိုင်းဘဲ မျက်စိလာနောက်နေသော
ချန်းယောလ် တစ်ယောက်လုံးကို သူတို့အရှေ့တွင်
ထားပြီး ။ ဘာဇာတ်လမ်းမှ မကြည့်ရတဲ့အဆုံး ။
တူဝရီးနှစ်ယောက်ပြိုင်တူ လက်ပိုက်လျက်သာ မဲ့
ရွဲ့နေသောမျက်နှာပေးတို့ကိုယ်စီတို့ဖြင့်ချန်းယောလ်
ကိုသာ အတင်းကောင်းကောင်းကြီး ထိုင်တုတ်နေ
ကြလေရဲ့ ။

|| DEEP IN THE HEART || Where stories live. Discover now