[ 12 ]

1.4K 198 23
                                    

" ​ရှောင်​လုဟန်​ မင်းငါ့ကိုဒီလိုမျိုးပဲရပ်​ကြည့်​​နေ​တော့မှာလား
ဟင်​ ! "

ကုတင်​​ပေါ်တွင်​ထမင်းစားခုံ​လေး​ပေါ်သို့​ ​မေး​လေး​ထောက်
ကာ ​မေးလိုက်​​သော​ဘတ်ခ်ဟွန်းအားလုဟန်​​​​နှုတ်​ဆိတ်​လျက်
မျက်​​မှောင်​ကြုပ်​၍ပင်​ ရပ်​ကြည့်​မြဲသာရပ်​ကြည့်​​နေမိ​သည်​ ။

မျက်​စိအ​ရှေ့က တစ်​ခါမှမလုပ်​ပြဖူးသည့်​ Ageyoတွေလုပ်
ပြ​နေ​သောသူငယ်​ချင်းဖြစ်​သူအား စိတ်​ဆိုးသင့်​ ၊ မဆိုးသင့်​ကို
ဖိုင်​တွဲ​လေး​တွေ ရင်​ဝယ်​ပိုက်​လျက်​ ​သူစဉ်းစားလို့​နေမိသည်​မှာ
ဆယ်​မိနစ်​ကြာကြာမျှပင်​ရှိပြီဖြစ်​၏ ။

" ဒါက ဒုဥက္ကဋ္ဌလက်​မှတ်​ထိုးရမယ့်​ လချုပ်​စာရင်း​တွေပါ "

တမင်​သက်​သက်​ စိတ်ဆိုး​နေလို့ ​တ​လေးတစားခေါ်​ဝေါ်ပြီး
ခုံ​ပေါ်သို့ ဖိုင်​တွဲ​လေး​တွေ တင်​​ပေးလာ​သော လုဟန်​ကြောင့်
သူ နှုတ်​ခမ်း​လေးကို မဆိုသ​လောက်​​လေး ​ဆူလိုက်​မိသည်​ ။

" လုဟန်​ မင်းအခုချိန်​ထိငါ့ကိုစိတ်​ဆိုး​နေတုန်းပဲလား ဟင်​ ! "

မျက်​နှာငယ်​​လေးနှင့်​ ​​မေးလိုက်ေ​သာ သူ့ကို ​လုဟန်
သေချာစိုက်​ကြည့်​လာလျက်​ ...

" ဟုတ်​တယ်​​ "

ပြန်​​ဖြေ​ပေးလာ ​လုဟန်​ဆီမှ ဒုံးတိဆန်ဆန် ​​အ​ဖြေစကား
ကို ကြားပြီးပြီးချင်း ​​စိတ်​မ​ကောင်းဖြစ်​ကာ သူ့​ခေါင်း​လေး
ကို ​အောက်​ငုံ့လိုက်မိ​​တော့ထပ်​မံထွက်​​ပေါ်လာတဲ့လုဟန်
ဆီမှစကား ။

" ဒါ​ပေမဲ့ ... မင်း​အရင်လိုမဟုတ်ဘဲ ပြောင်းလဲသွားတဲ့
တစ်​​နေ့ကျရင်​​တော့ ... ငါမင်းကိုစိတ်​ဆိုး​ပြေ​ပေးမယ်​ "

" ဘယ်​လိုမျိုးလဲ! .. ဘယ်​လို​ပြောင်းလဲသွားခဲ့ရင်​လဲ ! "

" တခြားမဟုတ်​ဘူး ... မင်းရဲ့အေးစက်​​နေတဲ့ နှလုံးသား
အရည်​​ပျော်​ကျသွားမယ့်​ တစ်​​နေ့ "

|| DEEP IN THE HEART || Where stories live. Discover now