လိုက်ကာစလေးတွေကြားက ဖြာကျနေတဲ့
နေရောင်ခြည်လေး...
တစ်ကျီကျီအော်မြည်နေတဲ့ ငှက်လေးတွေ...
ကုတင်ပေါ်မှာ ညိုရင့်ရင့်ဂွမ်းစောင်နဲ့ ဒူးလေးတွေကွေးနေအောင်အိပ်ပျော်နေတဲ့ လူသားလေးတစ်ဦး...မျက်တောင်လေးတွေက ကော့ညွှတ်နေပြီး အိပ်နေတာတောင်ပြုံးသယောင်ရှိနေတဲ့နှုတ်ခမ်းပါးလေး...
နှာတံချွန်ချွန်လေးဘေးကနေ ဘယ်ဘက်ပါးပြင်ထိ
နေရာယူထားတဲ့ မှည့်နက်လေးတွေ...
နှုတ်ခမ်းပါးပါးရဲ့ဘယ်ဘက်ထောင့်နားလေးကနေ ချွန်မြမြမေးစေ့နားလေးအထိ စီတန်းသွားတဲ့မှည့်နက်လေး သုံးခု...
စာတောင်စီမရနိုင်အောင် လှလွန်းတဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို ပိုင်ဆိုင်ထားတဲ့သူက ဧကန်စင်စစ်
ယောက်ျားလေးပါတဲ့လေ....မျက်တောင်လေးတွေတစ်ဖြတ်ဖြတ်ခတ်ရင်း နေ့သစ်တစ်ရက်ကိုအပြုံးလေးတွေနဲ့ကြိုဆိုလိုက်သူက ရှောင်းကျန့်ဆိုတဲ့ လူငယ်လေးပါတဲ့...
" ဝှါး ~ "
လက်နှစ်ဖက်ကိုဆန့်တန်းလို့ ယုန်သွားလေးတွေလို
သွားကြီးကြီးလေးတွေပေါ်အောင် သန်းဝေပြီး အိပ်ယာကိုကျကျနနသိမ်းကာ ရေချိုးခန်းထဲဝင်သွားတဲ့ ရှောင်းကျန့်က အိပ်ယာမှထလာတဲ့လူငယ်လေးမှ ဟုတ်ပါလေစ ...
အိပ်ယာထတာတောင် ပုံပျက်ပန်းပျက်ဖြစ်မနေပဲ ထောင်ထောင်လေးဖြစ်နေတဲ့ဆံသားလေးတွေကအစ မြတ်နိုးချင်စရာအပြည့်...===== ===== =====
နွားနို့ခွက်လေးရယ် ပေါင်မုန့်ထောပတ်သုတ်လေးရယ်
နဲ့က ရှောင်းကျန့်ရဲ့တစ်နေ့တာကိုအစပြုတဲ့
ရိုးရှင်းတဲ့မနက်စာလေး ...ပေါင်မုန့်ကိုတစ်ဖြည်းဖြည်းဝါးရင်း လှမ်းကြည့်မိသည်က ဧည့်ခန်းစားပွဲပေါ်က ပန်းအိုးလေးထဲက ပန်းပွင့်လေးတွေဆီမှာ....
မညှိုးမနွမ်းသေးပဲ လှပနေဆဲ ပန်းပွင့်တွေက နောက်ထပ် တစ်ရက် နှစ်ရက်လောက်အထိ ခံနိုင်ပါသေးသည်။
သို့ပေမယ့် ပန်းတွေကို တစ်ရက်တစ်ခါလဲသည့်
ရှောင်းကျန့်အတွက်တော့ ထိုပန်းအိုးလေးထဲကပန်း
လေးတွေက ဖယ်ရှားခံရမှာ အမှန်...တစ်ရက်ကိုပန်းတစ်မျိုးနဲ့ တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ပန်းတွေလဲနေရခြင်းက လမ်းထိပ်က ပန်းဆိုင်က လူငယ်လေးတစ်ယောက်ကြောင့်ဆိုလည်း
မမှားပါဘူးလေ...။
YOU ARE READING
XIAO AND MAUNG [ Completed ]
RomanceBJYX ♡. #full credit to original owner for fic cover !!!