Zawရေမိုးချိုးပြီး Bathrobe အဖြူလေးနဲ့
ဗီရိုရှေ့ အဝတ်အစားရွေးနေတဲ့ ရှောင်းကျန့်ရဲ့ခါးတစ်ဝိုက်ဟာဆိုရင်ဖြင့် လက်တစ်စုံရဲ့ တင်းတင်းကျပ်ကျပ်ပွေ့ဖက်မှုကိုခံလိုက်ရတယ်။ ဘယ်သူလဲဆိုတာသိပြီးသားဖြစ်တဲ့ရှောင်းကျန့်ကတော့ ခပ်ပြုံးပြုံး။ တစ်ချိန်တည်းမှာပဲ ဂုတ်ပိုးနားပေါ်ကို အသက်ရှူသံလေငွေ့လေးတိုးကပ်လာပြီး နှုတ်ခမ်းထူထူအိအိတစ်စုံက ထိကပ်လာလေတယ်။" မနက်စာစားခဲ့ပြီလား "
" ဘယ်စားရအုန်းမှာလဲ ရှောင်းနဲ့အတူတူစားဖို့
အခုလာခေါ်တာပဲလေကွာ "ရှောင်းကျန့်က သူ့ရဲ့ခါးပေါ်က ရိပေါ်ရဲ့လက်အစုံကို
ဖယ်ချခြင်းမပြုပဲ ကိုယ်ကိုလှည့်လို့ ရိပေါ်ကိုဖက်တွယ်လိုက်တယ်။ ရိပေါ်ကလည်း ကိုယ်လုံးသိမ်သိမ်လေးကို ဖက်တွယ်လို့ ရေချိုးပြီးခါစ ရှောင်းကျန့်ရဲ့ ကိုယ်သင်းနံ့လေးကို ရှူရှိုက်နေလိုက်တယ်။" ဒီနေ့ရော ဘာပန်းလဲ ? "
ရိပေါ်ရဲ့ရင်ဘတ်မှာ ထိကပ်နေတဲ့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးစီကနေ ထွက်လာတဲ့အသံလေးကအစ အူယားစရာလေးဖြစ်နေတော့တာ။ ရိပေါ်က ခေါင်းလေးကိုစောင်းလို့ သူ့ရဲ့နှုတ်ခမ်းထူထူအိအိလေးကို
ရှောင်းကျန့်ရဲ့လည်တိုင်လေးအပေါ် ထိကပ်ကာပြုလို့..." ဒီနေ့လား "
" အင်း... "
" ဒီနေ့တော့ နှင်းဆီအဖြူလေးယူခဲ့တယ် "
" လဲရော လဲလိုက်ပြီလား ? "
" မလဲရသေးဘူး ရောက်ရောက်ချင်း ရှောင်းဆီတန်းဝင်လာခဲ့တာ "
" သွားလဲတော့လေ စင်ပေါ်မှာတင်ဖို့လည်းမမေ့လိုက်နဲ့နော် "
" မောင်မမေ့ပါဘူး ရှောင်းရှောင်းရယ်
ပန်းလဲပြီးရင် မောင် အိမ်ရှေ့ကနေပဲစောင့်နေလိုက်တော့မယ်နော် "" အင်း "
ရိပေါ်က ရှောင်းကျန့်ရဲ့ ရေစက်သီးလေးတွေတွဲခိုနေစဲဖြစ်တဲ့ နဖူးလေးအပေါ် အနမ်းတစ်ပွင့်ချွေလို့ အခန်းထဲက ထွက်သွားချေလေပြီ။
အဝတ်အစားတွေလဲပြီးသွားတဲ့ရှောင်းကျန့်က မှန်ထဲကသူ့ပုံရိပ်ကိုတစ်ချက်ပြန်ကြည့်ရင်း အပြင်ကိုထွက်လာခဲ့တယ်။
အခန်းထဲကနေ အခန်းအပြင်ကိုရောက်လာတဲ့အချိန်အထိ ရှောင်းကျန့်ရဲ့မျက်နှာက တောက်လျှောက်ပြုံးရယ်နေခဲ့တာပဲဖြစ်တယ်။
YOU ARE READING
XIAO AND MAUNG [ Completed ]
RomanceBJYX ♡. #full credit to original owner for fic cover !!!