- 2 - [ Zaw & Uni ]

290 29 8
                                    


Zawgyi

ဘာလိုလိုနဲ့ ဝမ်ကောင်လေးကို တစ်ဖက်သတ်သဘောကျခဲ့ရသည်မှာ တစ်နှစ်ပင်ပြည့်တော့မည်။ ကြားထဲကာလတွေမှာ တိုးတက်လာတဲ့ အခြေအနေလေးကတော့
ဝမ်ကောင်လေးက သူ့ weibo acc ကို follow back ပြန်လုပ်လိုက်တာလေးရယ် နေ့တိုင်းမဟုတ်တောင် ရက်ခြားလေးတွေမှာ စကားတွေ ပြောဖြစ်ကြတာလေးတွေပေါ့။

အိပ်ယာဝင်ခါနီး ကိုယ်လက်သန့်စင်ပြီးသွားတဲ့ရှောင်းကျန့်က အိပ်ယာရဲ့ခေါင်းရင်းမှာ ခေါင်းအုံးနှစ်လုံးကို ဆင့်လိုက်တယ်။ မြင့်တက်နေတဲ့ နှစ်လုံးဆင့်ခေါင်းအုံးမှာ ကျောမှီလိုက်ပြီး စောင်ကိုလည်း ခါးထိခြုံလိုက်တယ်။ ပြီးနောက်မှာ
ဖုန်းကိုဖွင့်ပြီး Douyin သုံး ကြည့်နေလိုက်တယ်။

အခုခေတ်
ပစ္စည်းအသုံးအဆောင်တွေတင်သာမက
ဖုန်းထဲမှာ အသုံးပြုလို့ရတဲ့ App တွေကလည်း
အတော်ပင် များပြားလာပြီး အဆင့်လည်းမြင့်လာလေသည်။ douyin ထဲမှာ တက်လာတဲ့ Video တစ်ပုဒ်ဆိုရင်
အဲ့ video တစ်ပုဒ်လေးထဲမှာတင်ကို video အတိုအစလေးတွေဆက်ထားပြီး ပုံတွေတောင်ပါလာတတ်သေးသည်။ တစ်ပုံပြီးတစ်ပုံ ပြောင်းလဲသွားတဲ့ ပုံအကူးအပြောင်းမှာဆိုလည်း လှိုင်းလေးလိုတွန့်ပြီးပြောင်းသွားတာမျိုးတို့
ရေးရေးလေးပြောင်းလဲသွားတာမျိုးတို့
တုန်ခါပြီးတော့မှပြောင်းလဲသွားတာမျိုးတို့...
App တွေကလည်း အဆင့်မြင့်လာသလို အသုံးပြုသူတို့ကလည်း သိပ်တော်လာကြသည်။
နောက်ပြီး အခုခေတ်ကလေးတွေကလည်း
တော်တော်များများ လှပချောမွေ့တာလေးတွေချည်း များသည်။

ခေါက်ဆွဲကိုပြုတ် အသီးအရွက်တွေ ၊ အသားတွေ နဲ့ ကြာစွယ်တွေကို လှီးဖြတ်နေတဲ့ video ကို
စိတ်ဝင်တစားကြည့်နေတုန်းမှာပဲ ' တောင် ' ခနဲ
မြည်သံလေးနဲ့အတူ ဖုန်း screen ထိပ်လေးမှာ message noti လေးကျလာတယ်။ တစ်ဒိတ်ဒိတ် ခုန်ပေါက်လာတဲ့ ရှောင်းကျန့်ရဲ့ ရင်ဘတ်ဟာဆိုရင်ဖြင့် ဒါဟာ message ကြောင့် မဟုတ်ပဲ message ပေးပို့တဲ့သူကြောင့်ပဲ ဖြစ်ပါလိမ့်မည်။

- စားပြီးပြီလား ရှောင်းဗျ -

ရှောင်းကျန့်က နားရွက်တပ်ချိတ်မတတ်ဖြစ်နေတဲ့ သူ့ရဲ့ပြုံးနေတဲ့ပါးစပ်ကို မနည်းပြန်စိရင်း ဖုန်းထဲက နာရီကိုကြည့်လိုက်တယ်။
ဟွန့်... ကိုးနာရီတောင် ကျော်နေပြီဟာကို...
ဘယ်သူက ဒီအချိန်ထိ ထမင်းမစားရသေးပဲနေမှာလဲ။

XIAO AND MAUNG [ Completed ]Where stories live. Discover now