Part-5

54 8 2
                                    

P'War ရဲ့ ခေါင်းလုံးလုံးလေးက ကျွန်တော့်ပုခုံးပေါ်မှာရှိနေပြီး
ကျွန်တော် မသိမသာလေး ဆံစနုနုလေးတွေကို ခိုးပြီးနမ်းရှိုက်နေမိတယ်။
လီမွန်ပန်းရနံလို ခပ်ချိုချိုရနံ့လေးက အခါခါနမ်းရှိုက်ချင်အောင်
ဆွဲဆောင်နေသလိုပါပဲ။

အိပ်ပျော်နေတဲ့ P'War နိုးမလာအောင်
ကျွန်တော့်ပုခုံးကိုနည်းနည်းလျှောချပေးလိုက်တယ်။
လေယာဉ်စထွက်ပြီး မကြာခင်တည်းက အိပ်နေတာမို့
ပုခုံးတစ်ဖက်က အနည်းငယ်ထုံကျင်နေပေမယ့်
P'War အတွက် အားကိုးထိုက်တဲ့ကောင်လေးဖြစ်ဖို့
ကျွန်တော်တင်းခံထားမိနေတုန်းပဲ။

ထုံကျင်နေတဲ့ပုခုံးတစ်ဖက်ကို
ခေါင်းလုံးလုံးလေးကိုနမ်းရင်း အားဖြည့်ပေးလိုက်တယ်။
ဒီပုခုံးမှာ P'War တစ်သက်လုံး မှီခိုသွားစေချင်တဲ့စိတ်လေးပါ
ဖြစ်တည်လာမိပြန်တော့ ကျွန်တော် ရယ်မိပါတယ်။
အချစ်မှာ တကယ်ကြီးကျရှုံးနေတာပဲ။

"ဘာတွေရယ်နေတာလဲ..."

"ဗျာ..."

ခပ်အစ်အစ်အသံလေးထွက်လာတဲ့အချိန်မှာ
ကျွန်တော့်သွေးကြောတွေရပ်တန့်သွားသလို
တောင့်တင်းသွားခဲ့တယ်။
P'War က နိုးနေခဲ့တာလား ဘယ်တုန်းကတည်းကလဲ။

"ရယ်နေတော့ နိုးလာတာ...
ချစ်သူနဲ့တွေ့ရတော့မှာမို့ ပျော်နေတာလား..."

ချစ်သူနဲ့အတူရှိနေလို့ ပျော်နေတာပါဗျ...

"ဗျာ...
ကျွန်တော့်မှာ ချစ်သူမရှိပါဘူး..."

"Nong Yin က ဒီလောက်ချောတာ...
ချစ်သူမရှိတာ မဖြစ်နိုင်ပါဘူး..."

ဒီလောက်ချောတဲ့ ကောင်လေးရဲ့ ချစ်သူလုပ်ပေးပါလား
အကိုဝါ ခင်ဗျ...

"တကယ်ပါဗျ...
အကို က ကျွန်တော့်ကို ချောတယ်လို့မြင်တာလား..."

"အင်း... Yin ကို ဘယ်သူမှအဲ့လိုမပြောဖူးဘူးလားရော်..."

ခေါင်းလေးငဲ့စောင်းပြီး အထူးအဆန်းသဖွယ်မေးလာတဲ့
မျက်နှာလေးက ချစ်ဖို့ကောင်းလိုက်ပုံများ
တစ်ထောင့်တစ်ညထိုင်နမ်းနေရင်တောင် နမ်းမဝမယ့်ရုပ်ကလေး...

"ကောင်မလေးတွေ ပြောတာတော့ကြားဖူးတယ်..."

"အဲ့ဒါများ..."

Yin Řak War (Complete)Where stories live. Discover now