အခန်း (၉)"မင်း သိုင်းကွက် ထုတ်လိုက်ပါ"ဇောင်ခန်းဟာ သူများ နားကြား မှားတာလား ဒီဇောင်ဖန်ဟာ အရင်တစ်ယောက်နဲ့ မတူတော့သလိုပဲ။ကျား...ဒီအချိန်မှာ ဇောင်ဖန် ပုံစံပြောင်းလဲ နေတာကို သူ မြင်နေရပါတယ်။ "မင်းဒီလောက် ယုံကြည်မှုတွေ ပြည့်နေတာ အံ့သြစရာတော့ မရှိပါဘူး။ ကြည့်ရတာ မင်း သိုင်းအဆင့် ၂ ကို ရောက်ရှိ သွားပြီပေါ့။ မင်း ဒီအဆင့် ရောက်နေပေမဲ့ မင်းငါ့ကို အခု ချက်ချင်း တောင်းပန် လိုက်တာက ပိုကောင်းတယ်"ဇောင်ခန်းက ဇောင်ဖန် သိုင်းအဆင့်၂ကို ရောက်ရှိသွားတဲ့ အတွက် နည်းနည်း အံ့သြနေပေမဲ့ ဒါဟာ သူ့အစီအစဉ်ကို မထိခိုက်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဇောင်ဖန်က သိုင်း အဆင့် ၂ ကို သိပ်မကြာခင်ကပဲ ရောက်တာ ဖြစ်ပြီးတော့ ဇောင်ခန်းက သိုင်းအဆင့် ၂ ရဲ့ အထွတ်အထိပ်ကို ရောက်နေတာဟာ ၁ နှစ်လောက် ရှိနေပါပြီ။ပြီးတော့ သူမှာ အဆင့်မြင့် သိုင်းကျမ်းလည်း ရှိနေပါသေးတယ်။"ကဲ လျှောက်ပြောမနေနဲ့။ ငါ့မှာ အချိန်ပိုတွေ မရှိဘူး" ဇောင်ဖန်က အေးစက်စက် ပြောလိုက်ပါတယ်။"ကောင်လေး ... မာန သိပ်ကြီးမနေနဲ့"ဇောင်ခန်းက ရုတ်တရက် သူ့ခန္ဓာကိုယ်နဲ့ ခြေတွေလက် တွေကို အဆိပ်မြွေ တစ်ကောင်ပုံစံ ပြောင်းလဲ လိုက်ပြီးတော့ ဇောင်ဖန်ကို ချိန်ရွယ် လိုက်ပါတယ်။ရုတ်တရက် ဇောင်ခန်းဟာ အဆိပ်မြွေသိုင်း ၁၃ကွက်ကို အသုံးပြု လိုက်ပါတယ်။ လျင်မြန်မှုနဲ့ အစွမ်းထက်မှုမှာ သူဟာ ဇောင်ဖန်ထက် ပိုမြန်ပြီး ပိုအစွမ်းထက် သွားပါတယ်။"ဇောင်ခန်းက အဆိပ်မြွေသိုင်း ၁၃ကွက် အဆင့်နိမ့်အဆင့်ထိ အောင်မြင် သွားပြီပဲ" မြားပစ်ကွင်းထဲမှာ ရှိတဲ့ ဇောင်ယုဖေး မျက်နှာဟာ အနည်းငယ် လှုပ်ရှား အံ့သြသွားပါတယ်။ ဇောင်ကလန်ရဲ့ ပါရမီရှင် တစ်ယောက် အဖြစ် သူမက ထင်ရှားပြီးတော့ ဇောင်ကလန် ကလည်း သူမကို အထူး ထောက်ပံ့ ထားပါတယ်။ ဒါကြောင့် သူမဟာ လွယ်လွယ်ကူကူပဲ အဆင့်မြင့် သိုင်းကျမ်းတွေ လေ့လာခွင့် ရရှိထားပါတယ်။အဆင့် ပိုမြင့်တဲ့သိုင်းဟာ လေ့ကျင့်ဖို့ တော်တော် ခက်ခဲပါတယ်။ အဆင့်မြင့် သိုင်းကျမ်းကို အဆင့်နိမ့် အဆင့်ထိ အောင်မြင် ထားတာဟာ အလယ်အလတ် အဆင့် သိုင်းကျမ်းကို အဆင့်မြင့် အဆင့်ထိ အောင်မြင် ထားတာထက် ပိုစွမ်းပါတယ်။ဘယ်လို လျင်မြန်မှုလဲ... တိုက်ခိုက်နိုင်စွမ်း ကလည်း အရင် တစ်ခေါက်ကထက် ၅၀ ရာခိုင်နှုန်း ပိုကြမ်းနေတဲ့အတွက် ဇောင်ဖန်ဟာ ဇောင်ခန်းကို အံ့ဩနေပါတယ်။ ဒါပေမဲ့ သူ့ဘယ်ဘက် မျက်စိအစွမ်းနဲ့ ဇောင်ခန်းရဲ့ တိုက်ခိုက်မှု လမ်းကြောင်းတွေကို မြင်နေရတုန်းပါပဲ။ဒေါသနဂါးရဲ့ ဒေါသပင်လယ် ... ဇောင်ဖန်ဟာ ခြေထောက် နှစ်ဖက်ကို မြေပြင်ပေါ် ဆောင့်လိုက်ပါတယ်။ အသက်ရှူ ကျင့်စဉ်နဲ့ သူ့အစွမ်းတွေကို သူ့လက်နှစ်ဖက်ကို ပို့လိုက်ပါတယ်။ဇောင်ခန်းဟာ သူ့ပြိုင်ဘက် အလွန် စွမ်းလာတယ် ဆိုတာကို ရုတ်တရက် သဘောပေါက် သွားပါတော့တယ်။ ဇောင်ဖန်ရဲ့ ဒေါသနဂါးရဲ့ ဒေါသပင်လယ် သိုင်းကွက်ရဲ့ အစွမ်းတွေက အရမ်း ပြင်းနေတဲ့အတွက် သူ ပိုပြီးတော့ တုန်လှုပ် သွားပါတယ်။ဒေါသနဂါးသိုင်းရဲ့ တတိယအကွက် ဒေါသနဂါးရဲ့ ဒေါသ ပင်လယ်... အဲဒီအချိန်မှာ ဇောင်ဖန်ဟာ နဂါးနဲ့တူနေပြီး သူ့လက်သီး တွေဟာ အောက်ပိုင်းကို ထိသွား ပါတော့တယ်။ဖောင်...ပထမဆုံး တိုက်ကွက်ဟာ ဇောင်ခန်း ခန္ဓာကိုယ်ဟာ တုန်ခါ သွားပြီးတော့ သွေးထွက်လု နီးနီးကို ဖြစ်သွား ပါတော့တယ်။သူ့ရဲ့ အဆိပ်မြွေသိုင်း ၁၃ ကွက်ဟာ ပညာသား ပါပြီးတော့ ပျော့ပျောင်းပါတယ်။ ဒါဟာ ရိုးရိုး ဘယ်သူအစွမ်း ပိုထက်လဲ ဆိုပြီးတော့ တိုက်ခိုက်သလို မဟုတ်ပါဘူး။ ဇောင်ဖန်ရဲ့ လက်သီးတွေဟာ ဘယ်ကို တိုက်ခိုက်ရမယ် ဆိုတာ သိနေပြီးတော့ အမြဲတမ်း သူ့ရဲ့ အားနည်းချက်ကို ရှာဖွေတိုက်ခိုက် ပါတော့တယ်။ဝှစ်... ဝှစ်... ဝှစ်...ဇောင်ဖန်က အသက်ရှူ လေ့ကျင့်ခန်းနဲ့တွဲပြီးတော့ ဒေါသ နဂါးရဲ့ ဒေါသပင်လယ် သိုင်းကွက်ကို အဆင့်မြင့် အဆင့်ထိ အောင်မြင် နေပါပြီ။"အား..." ဇောင်ခန်းဟာ အလွန်ပြင်းထန်တဲ့ လက်သီးချက် ထိသွားပြီးတော့ မြေပြင်ပေါ် ဒူးထောက် ကျသွား ပါတော့တယ်။ သူ့လက်တွေကလည်း ထုံကျဉ်နေပြီးတော့ သူ့ပါးစပ်ကနေလည်း သွေးတွေ စီးကျနေပါတယ်။"မင်း ရှုံးသွားပြီ"ဇောင်ဖန်ဟာ ဇောင်ခန်းတို့ အုပ်စုကို ကြည့်မနေတော့ပဲနဲ့ ထွက်ခွာ သွားပါတယ်။သူတို့ တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ဇောင်ဖန်ဟာ သူ့ဘယ်ဘက် မျက်စိကို သုံးထားပြီးတော့ ဇောင်ခန်း တိုက်ခိုက်မဲ့ လမ်းကြောင်းတွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ပြီးတော့ သူဟာ ဇောင်ခန်းရဲ့ အဆင့်မြင့် သိုင်းကျမ်းမှာ တချို့ မှားယွင်းချက်တွေကို တွေ့နေရပြီတော့... ဆိုလိုတာ အဲဒီသိုင်းပညာက ပြည့်စုံမှု မရှိသေးပါဘူး။ဇောင်ဖန်က ဒေါသနဂါး လက်သီးသိုင်းနဲ့ အသက်ရှူ လေ့ကျင့်ခန်းတို့ကို ပေါင်းစပ် လိုက်တဲ့ချိန်မှာ အလွန်အစွမ်း ထက်လာတယ်လို့ ခံစားနေရပါတယ်။ သူဟာ သိုင်းအဆင့် ၃ ရောက်နေသူ တချို့ကိုတောင် အနိုင် တိုက်ခိုက်နေပါပြီ။"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ့သိုင်းပညာဟာ အဆင့်မြင့် သိုင်းကျမ်းလေ" ဇောင်ခန်းဟာ မြေပြင်မှာ တွားသွား လိုက်ပြီးတော့ အော်ပြောလိုက်ပါတယ်။ဒီတိုက်ခိုက်မှုဖြစ်ရပ် တစ်ခုလုံးဟာ အသက်၂ ခါရှူစာ လောက်ပဲ ကြာပါတယ်။တစ်ကွက်တည်းနဲ့ ဇောင်ခန်း ရှုံးသွားတယ်.... မြားပစ်ကွင်းထဲမှာ ရှိနေတဲ့ တပည့်တွေဟာ တုန်လှုပ်စွာနဲ့ ကြည့်နေ ကြပါတယ်။သူတို့တွေဟာ အဆင့်တူ အချင်းချင်း ဒီလိုမျိုး တစ်ကွက်တည်း အနိုင်ယူဖို့ ဆိုတာဟာ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပြီးတော့ အထူးသဖြင့် အခုလို အဆင့်မြင့် သိုင်းပညာ ထုတ်သုံးပြီး ရှုံးနိမ့် သွားဖို့ ဆိုတာက ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ဇောင်ဖန် အဝေးကို ရောက်သွားတဲ့ အထိ သူမဟာ ကြည့်နေပြီးတော့ ဇောင်ယုဖေးဟာ တိုးတိုးလေး ပြောလိုက်ပါတယ် "ငါ နဂါးလက်သီးသိုင်း အကြောင်းကို သိနေတယ်။ ဒါဟာ ဇောင်ကလန်ထဲမှာ ရှိတဲ့ အလွန် အစွမ်းထက်တဲ့ သိုင်းဖြစ်ပြီး အဆင့်မြင့်အဆင့် သိုင်းကျမ်းတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်။ ငါထင်တယ် သူနောက်ထပ် သိုင်းကျမ်း တစ်ခုကို လေ့ကျင့်ထားပြီးတော့ ဒေါသနဂါး သိုင်းနဲ့ တွဲသုံးလိုက်တဲ့ အခါမှာ အစွမ်းဟာ ၂ဆနီးနီး အစွမ်းထက် လာခဲ့တာပဲ""အစ်မယုဖေး ဇောင်ခန်းရဲ့ သိုင်းပညာကော သိုင်းကျင့်စဉ်ကော အဆင့်မြင့်ရဲ့သားနဲ့ ဘာလို့ ရှုံးသွားရတာလဲ" ကောင်မလေး တစ်ယောက်က မေးလိုက်ပါတယ်။"တိုက်ခိုက်လိုက်တာနဲ့ သေနိုင်တယ်။ ဇောင်ခန်း အသုံးပြုလိုက်တဲ့ အဆိပ်မြွေသိုင်းကွက် ၁၃ကွက်ဟာ အလွန် စုတ်ပြတ်သပ် နေပြီးတော့ သူဟာ ပထမသိုင်း ၃ ကွက်တည်းပဲ လေ့ကျင့် ထားရသေးတယ်။ ဒါက သူ့အစ်ကို ဇောင်ဂန်ကို မီဖို့ အဝေးကြီး လိုပါသေးတယ်" ဇောင်ယုဖေးဟာ ခဏရပ်လိုက် ပြီးတော့ "ဇောင်ဖန် သိုင်းကျမ်း၂ခု ကျင့်ထားတယ်လေ။ အဲဒါကို ပေါင်းစပ်လိုက်ရင် အဆင့်မြင့် သိုင်းကျမ်းလို နည်းနည်း အစွမ်းထက် ပြီးတော့ သူ အဆင့်မြင့် အဆင့်ထိ အောင်မြင်သွားပြီ။ ဒီသိုင်းကျမ်း ၂ ခုကို အသုံးပြု လိုက်တဲ့အချိန်မှာ သူဟာ ဇောင်ခန်းထက် ပိုပြီး အစွမ်းထက် သွားတယ်လေ"ကောင်မလေးဟာ ဇောင်ယုဖေးရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့ နောက်မှာ အံ့သြစွာ ပြောလိုက်ပါတယ် "ဇောင်ဖန်က အလွန်စွမ်းတာပဲ""ဟားဟား... ဇောင်ခန်းရဲ့ အစ်ကို ဇောင်ဂန်ဟာ သိုင်း အဆင့် ၅ ကို ရောက်နေပြီးတော့ အပြင် တပည့်တွေထဲမှာ ထင်ရှားပါတယ်။ သူ့အစ်ကိုရဲ့ အကူအညီကို ယူပြီး သူလက်စား ပြန်ချေမလား မသိဘူး""ပြဿနာတွေချည်းပဲ..."ဇောင်ဖန်က ခေါင်းကို ခါယမ်း လိုက်ပြီးတော့ သိုင်းလေ့ကျင့် ရေးကွင်းထဲကနေ ထွက်ခွာ သွားပါတယ်။သူဒီကို လာတာဟာ အလွန် ထူးဆန်းတဲ့ ခြေလှမ်းသိုင်းဖြစ်တဲ့ အလင်းတန်း စီးနင်းခြင်း ကိုယ်ဖော့သိုင်းကို လေ့ကျင့်ဖို့ ရောက်လာခြင်း ဖြစ်ပါတယ်။အလင်းတန်း စီးနင်းခြင်း သိုင်းကျမ်းဟာ သူမှာ ရှိတဲ့သိုင်း ကျမ်းတွေထဲမှာ အမြင့်ဆုံး သိုင်းကျမ်း ဖြစ်တယ် ဆိုတာ မေးစရာ မလိုပါဘူး။ ပြဿနာကတော့ အဲဒါဟာ လေ့ကျင့်ရ ခက်ပြီးတော့ စာတော်တော် များများဟာ ပျက်စီး နေပါတယ်။"ဒေါသနဂါး လက်သီးသိုင်းနဲ့ အသက်ရှူ လေ့ကျင့်ခန်းတို့ကို ပေါင်းသုံးလိုက်တဲ့ အချိန်မှာ တိုက်ခိုက်နိုင်စွမ်းဟာ အလွန် ကြောက်မက်ဖွယ် ကောင်းပါတယ်။ အလင်းတန်း စီးနင်းခြင်း သိုင်းကျမ်းဟာ ဘယ်လိုလာမလဲ ငါအခုထိ မသိသေးဘူး" ဇောင်ဖန်ဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်နေပါတယ်။ချက်ချင်းပဲ အလင်းတန်းစီးခြင်း သိုင်းကျမ်းကို သူစတင် လေ့ကျင့်ပါတော့တယ်။ သူ အာရုံ စူးစိုက်လိုက်တယ် ဆိုရင်ပဲ သူ့ဘယ်ဘက်မျက်စိရဲ့ အနက်ရောင် ကွင်းထဲမှာရှိတဲ့ အစိမ်းရောင် အလင်းက ကြီးလာပြီးတော့ မြန်သည်ထက် မြန်မြန် လှည့်ပတ် နေပါတယ်။ဇောင်ဖန်က အလင်းတန်း စီးနင်းခြင်း ကိုယ်ဖော့ကျမ်းရဲ့ သိုင်းကွက်တွေကို သူ့ခေါင်းထဲမှာ လုံးဝ မှတ်မိနေတယ်လို့ ခံစားနေရပြီးတော့ ဒါဟာ သူ့ကို နားလည်ရ လွယ်စေပါတယ်။ အဲဒါဟာ နဂါးလက်သီးသိုင်း ဒါမှမဟုတ် အသက်ရှူ လေ့ကျင့်ခန်းတို့လို ကျင့်ရတာ မလွယ်ပါဘူး။"အလင်းတန်း စီးနင်းသိုင်းကျမ်းဟာ အလယ်အလတ် အဆင့်ရဲ့ အထွတ်အထိပ် သိုင်းကျမ်းထက် အနည်းဆုံး ၂ ဆ ၃ဆလောက် ကျင့်ရခက်တာပဲ" သူ သိုင်းကျမ်းတွေကို နှိုင်းယှဉ်ပြီးတော့ ကောက်ချက် ချလိုက်ပါတယ်။အဲဒါဟာ ကျင့်ရခက်တယ် ဆိုပေမဲ့ သူ့ကိုတော့ အခက် မတွေ့စေပါဘူး။ ဇောင်ဖန်ဟာ အခြေခံ အဆင့်ရဲ့ ပထမဆုံး ၄ ပုံ ၁ပုံ ကို နားလည်ဖို့ အတွက် အချိန် ၃ ရက်ပဲ လိုတာပါ။သူဟာ အခြေခံ အဆင့်ကို ၆ရက်တည်းနဲ့ အောင်မြင် သွားပါတယ်။သိုင်းကျမ်းတွေကို လေ့ကျင့်မှုအဆင့် ၄ဆင့် ခွဲထားပြီးတော့ အဲဒါတွေက လေ့ကျင့်သူတွေပေါ် မူတည်ပါတယ်။ အဲဒါတွေ ကတော့ အခြေခံ၊ အဆင့်နိမ့်၊ အဆင့်မြင့်နဲ့ အထွတ်အထိပ် အဆင့်တို့ ဖြစ်ပါတယ်။အခြေခံအဆင့်ထိ အောင်မြင် သွားရင်တော့ သိုင်းကျမ်းမှာ ပါတဲ့အစွမ်းရဲ့ ၃၀ ရာခိုင်နှုန်းထိ အစွမ်းထုတ် တိုက်ခိုက် နိုင်ပါတယ်။အဆင့်နိမ့်အဆင့် ဆိုရင်တော့ ၅၀ရာခိုင်နှုန်း အစွမ်းထုတ် နိုင်ပါတယ်။အဆင့်မြင့်အဆင့် ဆိုရင်တော့ ၇၀ရာခိုင်နှုန်းထိ အစွမ်းထုတ် နိုင်ပါတယ်။အထွတ်အထိပ်ထိ အောင်မြင် သွားရင်တော့ ၉၀ ရာခိုင်နှုန်းနဲ့ အထက်ထိ အစွမ်းထုတ် နိုင်ကြပါတယ်။ဇောင်ဖန်က နဂါးဒေါသ လက်သီးသိုင်းကို လွယ်လွယ် ကူကူပဲ အဆင့်မြင့် အဆင့်ထိ အောင်မြင် သွားပါတယ်။အလင်းတန်း စီးနင်းခြင်း သိုင်းကျမ်းကို အခြေခံ အဆင့်ထိ လေ့ကျင့်ရင် ကုန်တဲ့ အချိန်လောက်မှာပဲ သူဟာ ပထမ ၄ ပုံ၁ ပုံပဲ လေ့ကျင့်လို့ ရပါသေးတယ်။ရွှပ်....ဇောင်ဖန့် ခန္ဓာကိုယ်ဟာ တောက်ပ သွားပြီးတော့ သူဟာ ငှက်တစ်ကောင်လိုပဲ ၅မီတာ အကွာက လေထဲမှာ လွင့်မျော နေပါတယ်။ထန် ... ထန် ...သူ့ခြေထောက်တွေက မြေပြင်ကနေ မြင့်တက် သွားပြီးတော့သူ ပျံသန်း နေရသလိုမျိုး သူခံစား နေရပါတယ်။အဲဒီအချိန်မှာပဲ ဇောင်ဖန်က ငှက်တစ်ကောင်လို ခံစားနေရပြီး တောထဲကို ပျော်ရွှင်စွာ ပျံသန်း သွားပါတယ်။ငါက အခြေခံ အဆင့်ထိပဲ လေ့ကျင့်ရသေးပေမဲ့ အမြန်နှုန်း မှာတော့ အလယ်အလတ် အဆင့် သိုင်းကျမ်း တော်တော် များများရဲ့ အဆင့်မြင့် အဆင့်ထိ အောင်မြင်သွားတဲ့ သူတွေထက် အများကြီး မြန်နေတာပဲ။အဲဒါကို ကြည့်ခြင်းအားဖြင့် အလင်းတန်း စီးနင်းခြင်း သိုင်းကျမ်းက အဆင့်မြင့်အဆင့် သိုင်းကျမ်း တော်တော် များများထက် ပိုစွမ်းတယ် ဆိုတာ သိနိုင်ပါတယ်။တကယ်လို့ အချိန်သာ ရမယ်ဆိုရင် ဇောင်ဖန်က စာအုပ်မှာ ကျန်နေတဲ့ အပိုင်းတွေကို ဖော်ထုတ်သွားဖို့ကို မေ့မှာ မဟုတ်ပါဘူး။ အခုဆိုရင် စာအုပ် တစ်အုပ်လုံးရဲ့ တစ်ဝက် လောက်ကို သူ ဖော်ထုတ်ပြီးပါပြီ။ အဓိက ပြဿနာကတော့ စိတ်စွမ်းအင်တွေ အများကြီး ကုန်ဆုံး သွားတာပါပဲ။အလင်းတန်း စီးနင်းခြင်း ကိုယ်ဖော့သိုင်းကို အခြေခံအဆင့်ထိ လေ့ကျင့်ပြီးတာနဲ့ ဇောင်ဖန်က ဒေါသနဂါး လက်သီး သိုင်းနဲ့ အသက်ရှူ လေ့ကျင့်ခန်းကို နောက်တစ်ခေါက် ပြန် ကျင့်နေပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ အလင်းတန်း စီးနင်းခြင်း ကိုယ်ဖော့သိုင်းဟာ အဆင့်မြင့် သိုင်းကျမ်း ဖြစ်နေတာတောင်မှ သူ့ခြေလှမ်း ပညာကိုပဲ တိုးစေပြီးတော့ သူ့သိုင်းပညာကို မတိုးစေပါဘူး။အလင်းတန်း စီးနင်းခြင်း သိုင်းကျမ်းကို အဆင့်မြင့်မြင့် လေ့ကျင့် ပြီးတော့ ဒေါသနဂါး လက်သီးသိုင်းနဲ့ အသက်ရှူ လေ့ကျင့်ခန်းကို တစ်ခါပြန်ပြီး လေ့ကျင့်နေတဲ့ အချိန်မှာ ဇောင်ဖန်က သူ့လှုပ်ရှားမှုတွေ လွယ်ကူ ချောမွေ့ နေတယ်လို့ ခံစားနေရပါတယ်။၂ ရက်ကြာပြီးတဲ့ နောက်မှာတော့...အသက်ရှူ လေ့ကျင့်ခန်းကို အဆင့် ၃ ထိ အောင်မြင် သွားပြီးတော့ ဒေါသနဂါး လက်သီးသိုင်း မှာတော့ အထွတ်အထိပ် အဆင့်ထိ ရောက်ရှိ သွားပါတယ်။အဲဒီအချိန်မှာ ဇောင်ဖန်က မျက်စိ ပိတ်ထားပြီးတော့ အစွမ်းတွေက သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်း သွားတယ်လို့ ခံစား နေရပါတယ်။ သူ့အစွမ်းတွေဟာ သူ့သိုင်းအဆင့်၂ ကို ပထမဆုံး ရောက်တုန်းကထက် တစ်ဝက်ကျော်လောက် ပိုစွမ်းနေပါတယ်။ သူ့ဘယ်ဘက် မျက်စိထဲမှာ ရှိနေတဲ့ အစိမ်းရောင် အလင်းဟာ ၆၇ စင်တီမီတာကနေ ၉၈ စင်တီမီတာထိ ကျယ်ပြန့် လာပါတယ်။"ကြည့်ရတာ ငါ့ရဲ့သိုင်းပညာ သိုင်းအဆင့် ၂ ရဲ့ အထွတ်အထိပ် ရောက်ရှိသွားပြီပဲ။ သိပ်မကြာခင် ငါသိုင်းအဆင့် ၃ ကို ရောက်ရှိ တော့မှာပဲ" ဇောင်ဖန်ဟာ သက်ပြင်းချလိုက် ပြီးတော့ သူ့ စိတ်လှုပ်ရှားမှု တွေကို ထိန်းချုပ် လိုက်ပါတယ်။သိုင်းအဆင့်၂ ကို အချိန် လတစ်ဝက်အတွင်းမှာ သူရောက်ရှိ သွားပါတယ်။ ဒီလေ့ကျင့်နှုန်းဟာ အလွန်အံ့သြဖို့ ကောင်း ပါတယ်။အသက်ရှူ လေ့ကျင့်ခန်းကို အဆင့်၃အထိ ရောက်ရှိသွားတာ အလွန် အံ့သြဖို့ ကောင်းပါတယ်။ အသက်ရှူ လေ့ကျင့်ခန်းကို အဆင့် ၃ ရဲ့ အထွတ်အထိပ်ကို ရောက်ရှိ သွားရင်တော့ အတွင်းအား (ချီ)ကို နားလည်ခွင့် ရရှိသလောက် ရရှိမှာ ဖြစ်ပြီးတော့ အဲဒါဟာ တကယ် သိုင်းပညာရှင် ဖြစ်ဖို့ အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ဇောင်ဖန်ဟာ အသက်ရှူ လေ့ကျင့်ခန်းမှာ အဆင့် ၃ အထိကို ဒီလောက်မြန်မြန် ရောက်သွား လိမ့်မယ်လို့ သူလုံးဝ မျှော်လင့် မထားပါဘူး။ သူ့ရဲ့အစွမ်းတွေဟာ သိုင်းအဆင့်၂ မှာရှိ နေတဲ့ တခြား လူတွေထက်ကို ကျော်လွန်နေပြီးတော့ အခု ဆိုရင် သူဟာ သိုင်းအဆင့်၃ကိုတောင် ယှဉ်ပြိုင်နိုင်နေပါပြီ။အချိန် လဝက်အတွင်းမှာ ဇောင်ဖန်ရဲ့ အစွမ်းတွေဟာ ၂ဆ တိတိ တိုးတက် လာပါတယ်။ ဒါတွေအားလုံးဟာ ထူးဆန်းတဲ့ မျက်လုံးကြောင့် ဖြစ်လာတာပါ။ဇောင်ဖန်ဟာ သူ့ရဲ့ ကံကြမ္မာ ပြောင်းလဲလာပြီလို့ ယုံကြည် နေပါတယ်။အဲဒီညမှာပဲ ဇောင်ဖန်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဟာ စတင် ဖြစ်ပေါ်လာပါတယ်။သူ့ရဲ့ပန်းတိုင်ဟာ လဝက်ထဲ လေ့ကျင့်ပြီးတော့ ဇောင်ကလန်ရဲ့ မိသားစု သိုင်းပြိုင်ပွဲမှာ ကောင်းကောင်း ယှဉ်ပြိုင် နိုင်ပြီးတော့ အနာဂတ်လမ်း ဖြောင့်ဖြူးဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် သူဟာ ဇောင်ရိဂျန်နဲ့ တခြား ဆန်ဖယ်သာ မြို့မှာရှိတဲ့ ပါရမီရှင်တွေကို မျှမျှတတ အနိုင်ယူမှာ ဖြစ်ပါတယ်။"ငါ့ဘယ်ဘက်မျက်လုံးတွေ ပြောင်းလဲ သွားတာဟာ ငါ့ကို အဆင့်မြင့်မြင့် နားလည်ဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပြီးတော့ သူ့ကို ဇောင်ကလန်ရဲ့ ပါရမီရှင်အဖြစ် တားဆီးနေတဲ့ တစ်ခုတည်းသော အရာကတော့ ... သိုင်းပညာ အရင်းအမြစ်ပဲ ဖြစ်ပါတယ်" လို့ ဇောင်ဖန် သုံးသပ် နေပါတယ်။သူ့ဘယ်ဘက် မျက်လုံးနဲ့ သူ ပေါင်းစပ် သွားတဲ့အချိန်မှာ သူ့ရဲ့ စိတ်စွမ်းအင်တွေနဲ့ နားလည်မှု နှုန်းတွေဟာ အလွန် လျင်မြန်လာပါတယ်။ အခုဆို သူက သွေးအေးတဲ့ လူတစ်ယောက် ပြီးတော့ တည်ငြိမ်သူ တစ်ယောက် ဖြစ်လာပါပြီ။တစ်ခုတည်းသော ပြဿနာကတော့ သိုင်းပညာ အရင်းအမြစ်ကို ဘယ်လိုရမလဲ ဆိုတာပါပဲ။ ဇောင်ဖန်ရဲ့ သိုင်းပညာ တိုးတက်မှုနှုန်းဟာ အလွန်မြန်ပေမဲ့ သိုင်းအဆင့် ၂ ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ ခက်နေတုန်းပါပဲ။ ဒါပေမဲ့ သူမှာ အရင်းအမြစ် အလုံအလောက် ရှိပြီးတော့ ဒီအဆင့်ကို လွယ်လွယ်ကူကူ ရောက်ရှိ နိုင်ပါတယ်။"ရပြီ ..." ဇောင်ဖန် မျက်လုံးတွေဟာ တောက်ပ သွားပြီးတော့ သိပ်မကြာခင်မှာပဲ သူအကြံ ရသွားပါတယ်။ သူ့နှုတ်ခမ်းတွေကို ကိုက်ပြီး ယုံကြည်မှုရှိတဲ့ အပြုံးတွေ ပြုံးလိုက်ပါတယ်။***
YOU ARE READING
King Of Gods (နတ်ဘုရားတို့၏ဘုရင်)
Fantasyအကျဉ်းချုပ် လူတိုင်း ကိုယ်စီမှာ ကြီးမားတဲ့ အိမ်မက် နဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရှိကြပါလိမ့်မယ် ... ဟိုးတစ်ချိန် နှစ်သန်းပေါင်း များစွာ အကြာက လောကကြီးထဲမှာ မဟာနတ်ဘုရား မျက်လုံး ရှစ်လုံး ဆိုတာဟာ ရှိခဲ့တယ် ။ ဒါပေမဲ့ အဲ့ဒီ မျက်လုံးတွေ ရဲ့ အထက် မှာ အလွန် စ...