CHAPTER 64 ပွဲကညြ့်ရုံသက်သက်

1.5K 126 0
                                    

CHAPTER 64 ပွဲကညြ့်ရုံသက်သက်

Gu Yang ထွက်သွားတော့ Zhou Ling Yun က နောက်ကလိုက်သွားတယ် ။
ရဲသားနှစ်ယောက်က သူ့ကိုတားလိုက်ပြီး '' ခင်ဗျားက ဘယ်သူလဲ ? ''
သူက ရဲသားတွေကို မျက်လုံးနဲ့ေ၀့ကြည့်ပြီး '' M.D Gu ကိုကူပြီး တိုက်လေယာဉ်ကို တားပေးမလို့လေ ! ''
'' သူ့ကို မကူညီနိုုင်ဘူးလို့ ခင်ဗျားပြောခဲ့တယ်မဟုတ်လား ? '' ရဲသားတွေ စိတ်ရှုပ်သွားတယ် ။ '' ခင်ဗျား ပြောတာ ကြားလိုက်ပါတယ် ။ နိုင်ငံတော်ပိုင်ပစ္စည်းတွေက ကိုယ်ရေးကိုယ်တာ ပဋိပက္ခဖေရြှင်းဖို့ သုံးရတာ မဟုတ်ဘူးဆို ! ''
'' ဒါက ကိုယ်ရေးကိုယ်တာ ပဋိပက္ခမဟုတ်ဘူး ။ နိုင်ငံတော်ထိပ်တန်း လေသူရဲတစ်ယောက် လေယာဉ်ပြန်ပေးဆွဲခံရတဲ့ကိစ္စ ။ ငါ သူ့လုံခြုံရေး စိတ်ချရအောင် လုပ်မှရမယ် ။ ဒီကိစ္စက အတွင်းရေး ဖြစ်နေတော့ လေတပ်က ယှဉ်ပြိုင်စစ်ဆင်ရေးအင်အားကို ကာကွယ်ဖို့လိုလိမ့်မယ် ! '' Zhou Ling Yun က အကြောင်းပခြျက်ကို ေ၀ေ၀ဆာဆာနဲ့ သေသေချာချာ ပြောပတြယ် ။
ရဲသားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့က ရဲအရာရှိဆိ ဖုန်းခေါ်ပြီး ခွင့်ပြုုချက် တောင်းတယ် ။ အတည်ပြုပြီးတဲ့နောက်မှာတော့ သူတို့ထဲက တစ်ယောက်က Zhou Ling Yun လက်မောင်းကို ဆွဲပြီး '' ကျွန်တော်ပါ ခင်ဗျားနဲ့လိုက်မယ် ! ''

Bai Luo Yin လေယာဉ်က တိမ်တိုက်တွေကို မြှားတစ်စင်းအလား ထိုးဖောက်သွားတယ် ။ အန ္တရယ်ကင်းပြီ ဆိုတဲ့ ရေမျက်နှာပြင် အမြင့်ရောက်မှ လေယာဉ်က ပိုပြီး ငြိမ်သက်လာကာ တည်ငြိမ်တဲ့အရှိန်နဲ့ ပျံနေတယ် ။ သူတို့က အနှောက်အယှက်မရှိ ဦးတည်ရာနေရာကို ရောက်နိုင်မယ်ဆိုတာ သိသာပါတယ် ။
Gu Hai ကပြောတယ် ။ '' Yin Zi ကိုယ်တို့ ပြန်ရောက်ရင် ကုမ္ပဏီကို အများပိုင်ကုမ္ပဏီလုပ်မလို့ စီစဉ်ထားတယ် သိလား ? ''
Bai Luo Yin ဘာမှ ပြန်မပြောပါ ။
အကြာကြီးတိတ်ဆိတ်နေခဲ့ပြီးမှ Tong Zhe က စကားစပြောလိုက်တယ် ။
'' ဒီမှန်ခေါင်းထဲမှာ ဆေးလိပ်သောက်လို့ရလား ? ''
Bai Luo Yin '' သဘောပဲ ! '' : Gu Hai '' မရဘူး !!!! ''
Bai Luo Yin နဲ့ Gu Hai က တပြိုင်နက် ပြောလိုက်ပေမယ့် ဆန့်ကျင်ဘက်အဖေနြှစ်ခုက စီးကရက်ကို လက်မှာကိုင်ထားတဲ့ Tong Zhe ကို ရပ်တန့်သွားစေတယ် ။  Bai Luo Yin က အရေးမစိုက်တဲ့ပုံစံနဲ့ ဖြေပြီးတော့ Gu Hai ကတော့ သိသိသာသာကြီးကို သူ့ကိုဆေးလိပ်သောက်ခွင့် မပြုချင်ဘူး ။ ဒီဟာက ပုံမှန်လေယာဉ်ဆိုရင် ကိစ္စမရှိဘူး ။ ဒါပေမယ့် တိုက်လေယာဉ်ထဲမှာ မီးခိုးငွေ့က လေယာဉ်မောင်းသူရဲ့ ဆုံးဖြတ်နိုင်အားကို အနှောက်အယှက်ပေးတတ်တယ် ။
Tong Zhe  က Bai Luo Yin ကို စောင့်ငဲ့ကြည့်တယ် ။ သူ့ကြည့်ရတာ အရမ်းကို စတိုင်ကျတဲ့ လေသူရဲနဲ့ တူတယ် ။ သူ့အသွင်အပြင်နဲ့ သဘာ၀စရိုက်ဟာ လုံး၀ သဘောထားမသေးနိုင်ဘူး ။
'' ထားလိုက်ပါတော့ ! '' Tong Zhe က စီးကရက်ကို သူ့အိတ်ထဲ ပြန်ထည့်လိုက်တယ် ။
ဒါပေမယ့် Bai Luo Yin  က Tong Zhe ဆီ လက်လှမ်းပြီး '' ငါ့ကိုလည်း တစ်လိပ်ပေး ! ''
Gu Hai က Bai Luo Yin လက်ပေါ် လက်တင်လိုက်ပြီး နူးညံ့စွာပြောလိုက်တယ် ။
'' ကိုယ်တို့ ပြန်ရောက်မှ သောက်လည်း ရနေတာပဲ ။ ကိုယ်တို့ ပြန်ရောက်ဖို့ ၁၅-မိနစ်တောင် မကြာတော့ဘူး ''
Bai Luo Yin က အေးစက်စက်နဲ့ Gu Hai လက်ကို တွန်းဖယ်လိုက်ပြီး Tong Zhe ကို ဆက်ကြည့်ရင်း သူ့ကို စီးကရက်တစ်လိပ်ပေးဖို့ အရိပ်ပတြယ် ။
Bai Luo Yin စိတ်အခေအြနေ သိပ်မကောင်းဘူးဆိုတာ Gu Hai ခပ်ရေးရေး ခံစားမိတယ် ။ ဒါပေမယ့် သူတို့ရဲ့ လုံခြုံရေးအတွက် Bai Luo Yin ဆန္ဒနဲ့ အတိုက်အခံ မလုပ်ချင်တော့လို့ နှစ်ယောက်စလုံးကို သောက်ခွင့် ပေးလိုက်တယ် ။
သိပ်မကြာခင် မီးခိုးငွေ့တွေက မှန်ခေါင်းတစ်ခုလုံး ပြည့်သွားတယ် ။
သူတို့တွေ လေယာဉ်မှန်ခေါင်းထဲ ရောက်ကတည်းက Gu Hai မျက်လုံးတွေက Bai Luo Yin ပေါ်က မခွာဘူးဆိုတာကို Tong Zhe တစ်ယောက် သတိထားမိလာတယ် ။ အချို့အချိန်တွေကလွှဲလို့ သူက မျက်လုံးတွေကို သူ့ဆီက မရှောင်နိုင်ဘူး ဖြစ်နေတယ် ။ Bai Luo Yin ကြည့်ရတာတော့ စိတ်မဝစားတဲ့ပုံ ပေါ်တယ် ။ ဒါပေမယ့် Tong Zhe မသေချာတာက လေယာဉ်မောင်းနေရလို့ စိတ်အာရုံတစ်ခုလုံးကို လေယာဉ်မောင်းတဲ့ထဲ နှစ်ထားလို့လား ။ ဒါမှမဟုတ် Gu Hai ကို မကျနေပ်တဲ့အချက် တစ်ခုခုများ ရှိနေလို့လာလး ဆိုတာပဲ ။
အချိန်တိုအတွင်းပဲ ဒီနှစ်ယောက်မှာ နက်ရှိုင်းတဲ့ ပတ်သတ်မှုက တစ်ခုခုရှိနေတယ်လို့ Tong Zhe ခံစားလိုက် ရတယ် ။
ရုတ်တရက် Bai Luo Yin က LCD ဖန်သားပြင်ပေါ်မှာ မူမမှန်တဲ့ အချက်ပသြငေ်္ကတကို တွေ့တယ် ။ သူ့အာရုံကြောတွေ တောင့်တင်းသွားတယ် ။ ချက်ချင်းပဲ သူက စီးကရက်ကို Gu Hai လက်ထဲ ထည့်လိုက်ပြီး သူ့မျက်လုံးတွေက ခလုတ်အကွက်လေးတွေကို စိုက်ကြည့်ရင်း ပဲ့တံကို ထိန်းချုပ်မှုအပြည့်နဲ့ ကိုင်ထားတယ် ။
မကြာခင် Gu Yang ပါတဲ့ တိုက်လေယာဉ်ဟာ သူ့မြင်ကွင်းထဲကို ဝလာတယ် ။ အဲ့ဒီလေသူရဲနဲ့ Bai Luo Yin တို့ နှုတ်ဆက်ကတြယ် ။ သူတို့နှစ်ယောက် အရင်က ေ၀ဟင်မှာ မယှဉ်ပြိုင်ဖူးကဘြူး ။နောက်ဆုံး ကန္တာရ စစ်ပွဲတုန်းက သူတို့နှစ်ယောက်က အဖွဲ့မတူခဲ့ဘူး ။ သူတို့တွေ အပြန်အလှန်ချဖို့ အခွင့်အရေး ရခါနီးမှ Bai Luo Yin ရဲ့ ခြေထောက်ဒဏ်ရာကြောင့် အခွင့်အရေးလွတ်သွားခဲ့တယ် ။
အဲ့ဒီတိုက်လေယာဉ်က Bai Luo Yin လေယာဉ်ရဲ့ ညာဘက်က ပျံနေတယ် ။ Tong Zhe က ခေါင်းဆန့်ပြီး ကြည့်တယ် ။ အခြားလေယာဉ်က ဒုံးကျည်တစ်ခုပြီးတစ်ခုကို သူတို့ဆီပစ်နေတာပဲ Tong Zhe မြင်နေရတယ် ။ ဒါကိုကြည့်ပြီး သူတို့တွေရဲ့ တိုက်ပွဲဖြစ်ဖို့ စိတ်အားတွေ ပြင်းထန််နေပြီဆိုတာ ရှင်းပါတယ် ။ Bai Luo Yin က ချက်ချင်းပဲ ရှောင်လိုက်ပေမယ့် ကီလို ၁၀၀ ကျော်လောက်ရှိတဲ့ ဒုံးပျံတွေဟာ သူ့လေယာဉ်ရဲ့ ကိုယ်ထည်နဲ့ အတွင်းပိုင်းတွေကို ချိုးနှိမ်ပစ်ဖို့ ဘက်ပေါင်းစုံက ပစ်ခတ်လာကတြယ် ။ မကြာခင် လေယာဉ်ကိုယ်ထည်က စပြီး ဆုတ်ပြဲလာပြီ ။
Bai Luo Yin က ပြိုင်ဖက်ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းကြီးနားလည်သွားတယ် ။ သူ့ရဲ့ လေယာဉ်ကို တားဆီးဖို့ ကြိုးစားနေတာဖြစ်ပြီး ဆင်းသက်ဖို့ ဖိအားပေးနေတယ် ။ ဒါမှ သူတို့တပ်မကို ပြန်လို့မရအောင်လို့ ။ ဒီလူ ဘယ်သူလဲဆိုတာ သူ့ရင်ထဲမှာ သိပြီးသား ။
Bai Luo Yin ကိုယ်ယောင်ဖျောက်ဖို့ပဲ ကြိုးစားတော့တယ် ။ သူပုန်းလို့ရရင် ပုန်းနေလိုက်မယ် ။ သူက လေယာဉ်ကို မပျက်စီးစေချင်ဘူး ။ ဒါကြောင့် သူက နောက်ထပ်ပြဿနာလည်း မဖြစ်စေချင်တော့ဘူး ။
ရုတ်တရက် အဲ့ဒီလေယာဉ်က နောက်ကနေ ကျော်ခွတက်လာပြီး Bai Luo Yin ရဲ့ လေယာဉ်ရှေ့မှာ ပေါ်လာတယ် ။ လေယာဉ်ကိုယ်တည်က ရုတ်တရက်တုန်ခါသွားပြီး လေယာဉ်တောင်ပံတွေမှာ မီးဟပ်ထားတဲ့အရာကြီးလည်း ဖြစ်သွားစေတယ် ။ ကောင်းကင်ယံနေ ဒုံးကျည်တအုပ်ကြီး ပစ်ချလာတယ် ။
Bai Luo Yin က ဒီလိုရုတ်တရက်တိုက်ခိုက်မှုကို မရှောင်နိုင်တော့ဘူး ။ လေယာဉ်ကိုယ်ထည်က ပြင်းပြင်းထန်ထန် လှုပ်ခါလာတယ် ။ Gu Hai ခံနိုင်ရည်ရှိအောင် ကျိတ်မှိတ်နေတုန်း Tong Zhe ကတော့ သူ့နှလုံးတွေ ပွင့်ထွက်သွားတော့မယ်လို့တောင် ထင်မိတယ် ။ ဒီလို အသက်လုတိုက်ပွဲတွေက စစ်ဆင်ရေးတွေမှာတော့ ဖြစ်နေကျကိစ္စတွေပဲ ။ Gu Hai က အန ္တရာယ်နဲ့ ခက်ခဲမှုအဆင့်ကို စိတ်ကူးကညြ့်နိုင်ပေမယ့် သူကိုယ်တိုင် လက်တွေ့ကြုံနေရတော့ မတူညီတဲ့ခံစားချက်ကို ခံစားရတယ် ။
'' သေစမ်း ! '' Bai Luo Yin က တိတ်တိတ်လေး ဆဲတယ် ။
'' မင်းက လွယ်လွယ်မလုပ်ချင်မှတော့ ငါတို့တွေ ခက်ခက်ကလေး လုပ်ကတြာပေ့ါ ''
သူ့ရင်ထဲက တိုက်ခိုက်ချင်စိတ်တွေ မြန်မြန် တောက်လောင်လာတယ် ။ သူ့မျက်လုံးတွေက အရင်ကနဲ့မတူဘဲ စူးရှလာတယ် ။သူ့အတွေးတွေက ရှင်းလင်းလာပြီးတော့ သူ့လက်လှုပ်ရှားမှုတွေက ပိုမြန်ပြီး တိကျလာတယ် ။ သူက ဒီအချင်းများမှုကို တိုက်ခိုက်ရေးလေ့ကျင့်ခန်းလို သဘောထားပြီး ဖေရြှင်းတယ် ။
မကြာခင်ပဲ နှစ်ဖက်စလုံး သေနတ်ဖောက်လာကတြယ် ။ စောင့်ကြည့်အခန်းထဲမှာတော့ တပ်ရင်းမှူးနဲ့ တပ်ချုပ်ကြီးတို့ဟာ စစ်သားတွေရဲ့ တက်ကြွတဲ့ လေ့ကျင့်ရေးအကြောင်း စကားလက်ဆုံ ကျနေကတြုန်း ၊ တိုက်လေယာဉ်နှစ်စီး အပြန်အလှန် တိုက်ခိုက်နေတာကို စောင့်ကညြ့်ဖန်သားပြင်ပေါ်မှာ ပေါ်လာတာတွေ တွေ့တော့ သူတို့တွေ ရုတ်တရက် ကျနေပ်အားရတဲ့ အမူအရာကို ပြကတြယ် ။
'' တကယ်လို့ စစ်သားတိုင်းသာ ဒီလိုစွန့်စားရဲတဲ့ စွမး်အားတွေရှိနေမယ်ဆိုရင် Xiao Bai လို အရည်အချင်းနဲ့ လူတွေ တပ်ထဲမှာ ပိုများလာမှာပဲ ! ''
တိုက်လေယာဉ်နှစ်စီးက ေ၀ဟင်မှာ အပြင်းအထန်တိုက်ခိုက်ရင်း ဒဏ်ရာကိုယ်စီ ရနေကြပြီ ။ ဒါပေမယ့် တစ်ယောက်မှ နောက်မဆုတ်ကဘြူး ။ ဒီေ၀ဟင်တိုက်ပွဲက အရှိန်မြင့်လာပြီး တစ်နာရီခွဲကျော်လောက် ကြာသွားပြီ ။ Bai Luo Yin က နိုင်ချင်ရုံတင်မကဘူး ။ တိုက်ခိုက်ရေးနယ်မေကြို မြောက်ပိုင်းကို ရွှေ့တိုက်ချင်တယ် ။ ဒီလိုလုပ်မှပဲ သူတို့ ဆီမကုန်ခင် တပ်မကို ပြန်ရောက်နိုင်မှာ ဖြစ်တယ် ။
Gu Hai က Bai Luo Yin လုပ်ဆောင်ချက်တွေကနေတဆင့် သိနေတယ် ။ ဒါ့ကြောင့်သူက တည်တည်ငြိမ်ငြိမ် လေးပဲ လေသူရဲကို သတိပေးတယ် ။
'' သူတို့ မြောက်ဘက်ကို ဦးတည်နေတာကို ငါတို့ တားရမယ် ! ''
ဒီလေသူရဲကလည်း အသက်လုတိုက်ပွဲအတွက် အထူးစိတ်ဝစားမှုရှိတဲ့ ၊ တိုက်ခိုက်ရေးကိုလည်း ရူးသွပ်တဲ့ လူပဲလေ ။ ပြိုင်ဘက်က အားကောင်းလေလေ သူက ပိုတက်ကြွလေလေပဲ ။ သူက ယှဉ်လာတဲ့ပြိုင်ဘက်ကို အဆုံးမရှိ ပစ်ခတ်ပြီး တစ်ယောက်နောက်တစ်ယောက် အပြန်အလှန်လိုက်ကာ အခေအြနေကို ခက်သထက်ခက်လာအောင် ဖိတယ် ။
နှစ်ဦးနှစ်ဖက် ပြင်းပြင်းထန်ထန် တိုက်နေတဲ့အချိန်မှာပဲ အခြားလေယာဉ်တစ်စီးက Bai Luo Yin မြင်ကွင်းထဲ ပေါ်လာတယ် ။
'' သေလိုက်ပါတော့ ။ နောက်တစ်စီးလာပြန်ပြီလား ? '' သူက မြေပြင်က စစ်ကူ မတောင်းထားတဲ့အတွက် ဒီတိုက်လေယာဉ်က သူ့ဘက်က မဟုတ်မှန်း Bai Luo Yin သေချာပေါက်သိတယ် ။
Gu Yang မျက်နှာပျက်သွားတယ် ။ သူက လေသူရဲဘက်လှည့်ပြီးမေးတယ် ။ '' မင်းကယ်ဆယ်ဖို့လေယာဉ်နဲ့ ဆက်သွယ်ခဲ့သေးလား ? ''
လေသူရဲကြောင်သွားတယ် '' မဆက်သွယ်ခဲ့ပါဘူး ! ''
Gu Yang သံသယဖြစ်နေတုန်းရှိသေးတယ် ။ အဲ့ဒီလေယာဉ်က Bai Luo Yin လေယာဉ်ဆီကို စပစ်နေပြီ ။ Gu Yang က လေသူရဲရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး
'' ခဏလေး ၊ ဘာမှ မလုပ်နဲ့ ။ စောင့်ကြည့်ရအောင် ! ''
ဒီလေယာဉ်က တိုက်ပွဲစတာနဲ့ ဘုရင်ဆိုတဲ့အသွင်အပြင်ကို ဖော်ပြနေတယ် ။ အဲ့ဒီလေယာဉ်နဲ့ အဲ့ဒီလေသူရဲဟာ လူနဲ့စက်ပစ္စည်းတစ်ခုတည်းပေါင်းသွားပြီး အမြင့်ဆုံးစည်းလုံးမှု ရသွားတယ် ။ လေယာဉ်လှန်တာတို့ ထောင်တက်သွားတာတို့ ဒါမှမဟုတ် တစ်ပတ်လှည့်တာတို့တွေက လေသူရဲဲရဲ့ လက်ဖျားခါတဲ့ ယာဉ်မောင်းစွမ်းရည်ကို လက်တွေ့ပသြနေတယ် ။ သူ့ရဲ့ မထင်မှတ်ထားတဲ့ အနေအထားတွေက Bai Luo Yin ကို လွှမ်းမိုးထားတယ် ။ တိုက်ခိုက်မှုစည်းချက်က မမှန်ဘူး ။ ပစ်ခတ်တာတော့မရှိပါဘူး ။ ဒါပေမယ့်လည်း မှန်လိုက်ရင်လည်း မချောင်ဘူး ။
သူနဲ့ယှဉ်တိုက်နေတဲ့ လေသူရဲက ဘယ်သူဆိုတာကို Bai Luo Yin မှန်းဆမိပါတယ် ။ ဒါပေမယ့် ဘာကိစ္စ Zhou Ling Yun က Gu Yang ကို ကူညီသလဲဆိုတာတော့ သူနားမလည်ဘူး ။
'' ရဲတယ်ကွာ ! အားပါလွန်းတယ် ! '' Gu Yang လေယာဉ်ပေါ်က လေသူရဲကို ချီးကျူးနေတယ် ။
'' လေတပ်ရဲ့ ၀ှက်ဖဲလို့ ခေါ်ထိုက်ပါပေတယ် ! ''
Gu Yang လည်း သိချင်နေတယ် ။
'' Zhou Ling Yun မကူညီဘူးလို့ ပြောခဲ့တယ်မလား ?  ပြီးမှ သူဘာလို့ ကူညီရတာလဲ ? ''
'' ငါတို့ အဲ့ဒီလေယာဉ်နဲ့ပေါင်းပြီး Bai Luo Yin လေယာဉ်ကို ပစ်ချလိုက်ရမလား ? '' လေသူရဲက စိတ်လှုပ်ရှားမှုနဲ့အတူ တက်ကြွနေတယ် ။
'' လဲသေလိုက်ပါ့လား ! '' Gu Yang  က ရိုင်းစိုင်းစွာဆဲတယ် ။ '' မင်း မမြင်ဘူးလား ။ Bai Luo Yin လေယာဉ်က ပျက်ကျတော့မယ်ဆိုတာ ? မြန်မြန်သွားကူလေ ! ''
'' ကူ ..... ကူရမယ် ဟုတ်လား ? '' လေသူရဲက ကြောင်နေတယ် ။
'' အခုလေးတင် င့ါကို ဖျက်ဆီးခိုင်းပြီး အခုမှ ရုတ်တရက်ကြီးထပြီး ငါက ဘာကိစ္စများ သွားကူရမှာလဲ ? ''
Gu Yang ကြမ်းတယ် '' ငါ့ညီတွေက အဲ့ဒီလေယာဉ်ထဲမှာကွ ! ''
လေသူရဲလည်း ချွေးသီးတွေထွက်လာပြီး '' မင်းက မင်းမိသားစုကို ဘာကိစ္စနဲ့ ငါ့လာပစ်ခိုင်းရတာလဲ ? ''
'' အဲ့ဒါကို ဂရုစိုက်နိုင်သေးလား ? မြန်မြန်သွားကူလို့ ။ တစ်ခုခုဖြစ်လို့ကတော့ မင်းခေါင်းပါ သက်သာမှာ မဟုတ်ဘူး  ! ''
လေသူရဲလည်း တိုးတိုး တိုးတိုးနဲ့ '' ငါတော့ ရာဇ၀တ်အိုး တုတ်နဲ့ထိုးမိတာပါပဲ ! ''
အဆုံးတော့ ခေတြစ်လှမ်း နောက်ကျသွားပြီ ။ Gu Yang လေယာဉ်ဝတိုက်တဲ့အချိန်် Bai Luo Yin လေယာဉ်က အောက်ဘက်ကို လည်ပြီး ကျဆင်းနေပြီ ။ တိမ်စိုင်တွေထဲ ထိုးဖောက်ပြီး မြေပြင်ကို ဇောက်ထိုးကျနေပြီ ။
Bai Luo Yin က လေယာဉ်ကို တစ်ဖက်မှာထိန်းရင်းနဲ့ တစ်ဖက်မှာလည်း ဟိုလူနှစ်ယောက်ကိုပြောတယ် ။
'' မြန်မြန် ... လေထီးနဲ့ခုန်ချရမယ် ! ''
'' ကိုယ်က မင်းနဲ့ချည်လိုက်မယ် ။ ဒါမှ တူတူခုန်ချလို့ရမှာ ! '' Gu Hai ကပြောတယ် ။
ဒါကိုကြားတော့ Bai Luo Yin မျက်နှာမှုန်သုန်နေတုန်းပဲ ။
'' ကိုယ့်ဖာသာ သပ်သပ်ခုန်ချ ။ ငါမင်းနဲ့ မချည်ချင်ဘူး ! ''
Gu Hai ဇွတ်ပြောတယ် '' တူတူခုန်ချဖို့ ချည်ရမှာပဲ ! ''
Bai Luo Yin က မေမြျက်နှာသွင်ပြင်ကို မသဲမကွဲ မြင်ရတယ် ။ သူချက်ချင်းပဲ စိတ်ပူလာတယ် ။
'' ဘာလို့ အချိန်ဖြုန်းနေတာလဲ ? ငါက ခုန်ချလို့ပြောရင် ခုန်သာချလိုက် ! ''
'' ကိုယ်နဲ့အတူတူ ခုန်မချဘူးဆိုရင် ကိုယ်လည်း ခုန်မချတော့ဘူး ! ''
'' အတူတူချည်ထားတာ အန ္တရာယ်များတယ် ! ''
'' ဂရုမစိုက်ဘူး ! ''
Tong Zhe က လည်ချောင်းရှင်းပြီး '' ခင်ဗျားတို့နှစ်ယောက် ဆက်ငြင်းနေကြဦး ။ ကျွန်တော်အရင် ခုန်ချတော့မယ် ! ''
အဲ့ဒါနဲ့ပဲ ကျန်တဲ့လူနှစ်ယောက် ငြင်းခုံနေကတြုန်း အရိပ်တစ်ခုက ကောင်းကင်ကနေ ခုန်ထွက်လာတယ် ။ အချိန်တွေ ကုန်လာတာသိတော့ Bai Luo Yin အလျှော့ပေးပြီး Gu Hai ဆန္ဒကို လိုက်လျောလိုက်တယ် ။ သူက သူတို့နှစ်ယောက်ကို မြန်မြန်တူတူချည်ပြီး မှန်ခေါင်းထဲက ခုန်ချလိုက်တယ် ။
'' သွားကယ်ဖို့ မလိုဘူးမလား ? '' Gu Yang လေယာဉ်ပေါ်က လေသူရဲက သတိထားပြီးမေးတယ် ။
Gu Yang မျက်နှာ ချက်ချင်းမဲမှောင်သွားတယ် ။ သူ သွေးစသွေးနတွေကို မမြင်ရဘူး ။
နောက်တော့ လေသူရဲက ပြန်မယ်လုပ်တော့ အစောပိုင်းက Bai Luo Yin ကို ပစ်မှတ်ထားခဲ့တဲ့ လေယာဉ်ကပဲ ရုတ်တရက်တိုက်ခိုက်တာကို ခံရတယ် ။ တောင်ပံတွေကို ထိမှန်သွားပြီး ကိုယ်ထည်က ပြင်းပြင်းထန်ထန်် တုန်ခါလာတယ် ။ လေသူရဲလည်း နောက်ဆုံးတော့ ထိန်းချုပ်မှုကင်းလွတ်သွားပြီး နောက်တစ်ကြိမ် ကျည်နဲ့ ပစ်တာကို ခံရပြန်တယ် ။ လေယာဉ်ကိုယ်ထည်တစ်ခုလုံး ယိုင်လာတယ် ။
'' ဘာတွေဖြစ်နေတာတုန်းဟ ? '' လေသူရဲက လန့်နေတယ် ။ '' သူက ငါတို့ဘက်ကမလား ? ဘာလို့ ငါတို့ကို ပစ်ရတာလဲ ? ''
Gu Yang အံကို တင်းတင်းကြိတ်ထားပြီး '' ငါက ဘယ်လိုလုပ် သိမှာလဲ ? ''
မကြာမီ Gu Yang လေယာဉ်လည်း  တစ်ဖက်လေယာဉ်ကအားကို မခံနိုင်တော့ဘဲ တိမ်တွေကိုဖြတ်ကာ မြေပြင်အောက်ခေဆြီ ကျဆင်းသွားတော့တယ် ။
Zhou Ling Yun ဘေးမှာထိုင်နေတဲ့ ရဲသားက ချွေးတွေနဲ့နစ်နေပြီး လေယာဉ်က ငြိမ်သွားပြီဆိုကာမှ သူလည်း စိတ်အေးသွားတော့တယ် ။
'ကျွန်တော်တို့က ဒီကို ဘာအတွက်လာတာလဲ ? ''
လေယာဉ်တစ်စီးပြီးတစ်စီးကို တိုက်ခိုက်ပြီးတဲ့နောက် Zhou Ling Yun ဘာတွေတွေးနေသလဲဆိုတာ ရဲသား နားမလည်တော့ဘူး ။
မမျှော်လင့်ဘဲ Zhou Ling Yun က စကားလုံး ၄-လုံးကိုပဲ ပေါ့ပေါ့ပါးပါး ပြန်ပြောတယ် ။
" ပွဲကြည့်ဖို့ကွ ! ''

End of CH- 64

Addicted Book-2 Myanmar Translation Où les histoires vivent. Découvrez maintenant