Part 1 ( Uni )

6.1K 280 6
                                    

နဖူးစာရွာလည်၂၁ရာစုဝယ်
_________________________

Unicode

Part 1

"ကိုးရှစ်ခွန် ..ကိုးကိုးသုံး...ကိုးကိုး...."

ကြယ်နီမောင် ,မင်းကြီး၏အမိန့်အရ အိမ်​ေရှ့မင်းသားလေး၏ ကံကြမ္မာတွက်ချက်ရာတွင် ကျန်းမာရေး အညံ့ရှိနေသဖြင့် ယတြာချေခြင်း ပြုလုပ်ရန် ယနေ့ည သန်းခေါင်ယံအချိန်အခါတွင် ကြယ်တစ်ထောင်ပြည့်အောင် ရေတွက်နေသည် ။ ရေတွက်ခြင်းပြီးဆုံးသည်နှင့် မင်းသားနာမည်အား သုံးကြိမ် တိတိခေါ်ဆိုပေးရမည်ဖြစ်သည် ။ သို့သော် ကြယ်များအားရေတွက်နေရင်းပင် ကြယ်တစ်လုံးက ကြွေကျသွားလေသည် ။

"မဖြစ်ချေဘူးပဲ ။ "

သူတစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်ကာ ခပ်ပြပြမြင်နေရသည့်ကြယ်အစုအဝေး ရှိရာကောင်းကင်ကြီးကို မော့ကြည့်ရင်း လမ်းလျှောက် ရေတွက်နေပြန်သည် ။

"ဗွမ်း !! "

ရုတ်တရက်ဆိုသလို သူ မိဘုရားခေါင်ကြီးအကြိုက် စိုက်ထားသောကြာပန်းများလှပစွာပွင့်ဖူးနေသည့် ကြာရေကန်ထဲသို့ ခြေချော်ပြုတ်ကျသွားသည် ။  သူတစ်ယောက်တည်းပေမို့ လန့်ဖြန့်ကာ လှုပ်ရှား ရုန်းကန်နေမိသည် ။ သို့သော် သူကိုယ်၌က ရေကူးခြင်းအတတ်ကိုမသင်ကြားဖူးပေမို့ လွှတ်မြောက်ရန်လမ်းမရှိတော့ဘဲ တဖြေးဖြေးချင်းဆီ နစ်မြုပ်လာခဲ့သည် ။

အဖ နဲ့ အမိ တို့က လွန်ခဲ့သော ငါးနှစ်ခန့်ကတည်းကရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြသည်မို့ ကြယ်နီမောင် တစ်ယောက်တည်းသာ နန်းတော်ရှိ နက္ခတ်တဗေဒအပိုင်းတွင် အမှုထမ်းအဖြစ်တာဝန်ထမ်းဆောင်နေခဲ့ရသည် ။

*အဖ နဲ့ အမိ တို့ ကျုပ်လိုက်လာခဲ့ပြီ *

လွတ်မြောက်နိုင်ခြင်းမရှိသည့်အခါ မျက်လုံးအစုံကို မှိတ်ချလိုက်တော့သည် ။ ထို့အတူ မိဘနှစ်ပါး၏ပုံရိပ်ကိုမြင်ယောင်လာခဲ့သည်...။

______________

"ဟိုတစ်ယောက် သတိလည်လာပြီလား မဆွေ "

ကောင်တာတွင် ထိုင်နေသည့် သူနာပြု မဆွေဆွေ အား မောင် မေးလိုက်သည် ။

နဖူးစာရွာလည်၂၁ရာစုဝယ် [ BL Short Story Completed ]Where stories live. Discover now