Part 3 ( Uni )

1.8K 206 0
                                    

နဖူးစာရွာလည် ၂၁ ရာစုဝယ်
_________________________

Unicode

Part 3

ဆရာကြီးပြောသည့်အတိုင်း ကြယ်နီ အား အိမ်တွင်နေစေပြီး အင်တာနက်ပေါ် ဓာတ်ပုံတင်ကာ အိမ်သားများကိုရှာဖွေသော်လည်း ဆက်သွယ်လာသည့် လူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိ ။ ဒီနေ့ဆို အိမ်ပေါ်ခေါ်တင်ကျွေးမွေးထားရတာ တပတ်တိတိပင်ပြည့်ပြီ ။

"ဟို အရပ်ရှည်ရှည် အသားညိုညိုနဲ့ဝန်ထမ်းကောင်လေးကော ညီမ အလုပ်ထွက်သွားတာလား ? "

ခေါက်ဆွဲခြောက်ထုပ်များ ကုန်သွားသည်ကြောင့် သူဆေးရုံကအပြန် ဝယ်နေကျဆိုင်တွင်ပဲ ဝင်ဝယ်ဖြစ်သည် ။ ငွေရှင်းနေရင်းမှ တလောက ကြယ်နီ ဗေဒင်ဟောသလိုပြောနေသည့် ဗကာင်လေးအကြောင်း သတိရကာ Cashier ရှိကောင်မလေးအားမေးလိုက်သည် ။

"ဪ..အေးမင်း ကိုပြောတာထင်တယ် ။ သူက ခြေထောက် သံဆူးလို့လေ ဖျားနေတာနဲ့ ဒီနေ့မလာဘူး အစ်ကိုရဲ့ ။ အစ်ကိုနဲ့သိနေတာလား..ညီမ ဘာပြောပေးရမလဲ ? "

"ဒီတိုင်း မတွေ့လို့ မေးကြည့်တာပါ ။ သွားပြီနော် ။ "

တစ်ကြိမ်လည်း မဟုတ် နှစ်ကြိမ် တောင် ကြယ်နီ ပြောသည့် အတိုင်း ဖြစ်လာသည် မို့ မောင် , ပုဂံခေတ်ကနက္ခတ်တဗေဒပညာရှင် ဆိုသည်အား ယုံတဝက် မယုံတဝက်ဖြစ်လာရသည် ။

✨✨✨

"ကိုကို..ဆံပင်တွေကအစစ်လား ? "

ကြယ်နီ , အဆောက်အဦဝင်းအတွင်းရှိ ပန်းခြံ ထဲတွင် မောင် ပြန်အလာအား စောင့်နေတုန်းခပ်ငယ်ငယ် ကလေးမလေးတစ်ဦး က အနားရောက်လာကာမေးလာသည် ။

"အစစ်တွေပါ ။ "

"ကိုင်ကြည့်လို့ရလားဟင် ? "

"အင်း "

ကလေးချစ်တတ်သူမို့ ကြယ်နီ ခေါင်းညိတ်ပြလိုက်မိသည် ။ ကလေးမလေးကလည်း ကြယ်နီ့ ဆံပင်ရှည်လေးများကို သဘောကျစွာကိုင်တွယ်နေသည် ။

"ကြယ်နီမောင် !! "

ရုတ်တရက် မောင့်ရဲ့ခပ်စူးစူး အသံကိုသူကြားလိုက်ရသည်မို့ တုန်ခနဲဖြစ်သွားရသည် ။

"ကလေး က ကလေးလိုမနေဘူး ..ဘာလို့ လူကြီးရဲ့ ဆံပင်တွေကို လျှောက်ကိုင်နေရတာလဲ ? ဒီမှာ အကုန်ပြေကျကုန်ပြီ ။ သွား ..သွားဆော့ ချေ ...။ "

နဖူးစာရွာလည်၂၁ရာစုဝယ် [ BL Short Story Completed ]Where stories live. Discover now