Part-6 အရိုးသားဆုံးပြောမယ်ချစ်တယ်

1.6K 34 2
                                    

သူစိမ်းတွေဆို ခပ်ကင်းကင်းပြောဆိုတက်တဲ့မိုင်းက ဒီအကိုနဲ့ကျမှဘာဖြစ်နေရတာလဲ
Mine pov......ငါကလွယ်ကူတဲ့မိန်းကလေးပုံပေါက်သွားပီလား  ခုမှတွေ့ဖူးတဲ့လူတစ်ယောက်ကိုဘာလို့အဲ့လိုရင်းနှီးသလိုခံစားနေရတာလဲ သူနဲ့စကားပြောရုံနဲ့ဘာလို့ပျော်နေရတာလဲ သူအနားမှာရှိရင် ဘာလို့နှလုံးခုန်သံတွေမြန်နေရတာလဲ တကယ်ဆိုငါသူ့မျက်နှာကိုတောင်သေချာမြင်ဖူးတာလဲမဟုတ်ပဲနဲ့ ရှေ့ဆက်ပီးဘာတွေဖြစ်လာဦးမလဲမိုင်းရယ်
မိုင်းအတွေးနွံထဲမျောပီးအိပ်ယာ၀င်ခဲ့တယ်

Mine ......'၀ါးးးးးးးး အိပ်လို့ကောင်းလိုက်တာဘယ်နနာရီတောင်ရှိနေပီလဲ'
မိုင်းပြောရင်းဘေးကနာရီကိုယူကြည့်လိုက်တယ် 6:00am

Mine.....'ဟူး အလုပ်သွားဖို့ပြင်ရတော့မှာပဲ '

အိမ်တော်ထိန်း......'မိုင်းလေးနိုးပီလား အန်တီလေးမိုင်လေးချိုးဖို့ရေနွေးနွေးလေးစပ်ပေးထားတယ်ဒီမှာသဘက်နဲ့ သွားတိုက်တံပါ '

မိုင်းလဲအိမ်တော်ထိန်းကြီးဆီကသဘက်နဲ့ သွားတိုက်တံယူပီးရေချိုးခန်းထဲတန်း၀င်လိုက်တယ်    မိုင်းပြင်ဆင်အပီး

အိမ်တော်ထိန်း......'မိုင်းလေး ဒီနေ့တော့နေ့လည်စာကိုdriver နဲ့ပို့ပေးလိုက်မယ်နော် မနေ့ကမိုင်းလေးနေ့လည်စာမစားဘဲအလုပ်လုပ်တာ သခင်ကြီးသိသွားလို့ဆူနေလို့ နေ့လည်စာလေးတော့အချိန်မှန်စားပါနော်'

Mine......'ဟုတ်ကဲ့ပါ မိုင်းအချိန်မှန်စားပါ့မယ်'
မိုင်းလဲပြောပီးတာနဲ့အလုပ်ကိုတန်းထွက်လာခဲ့လိုက်တယ် အလုပ်ရောက်တော့လက်မှတ်ထိုးစီစစ်စရာfile တွေကစားပွဲပေါ်မှာအပြည့် ဒီနေ့လဲဒီရုံးခန်းထဲမှာပဲနှစ်ပါးသွားရဦးမှာပဲ

Jin side.......
ဂျင်တို့တွေလဲ အင်တာဗျူးတွေဖျော်ဖြေပွဲတွေအပြည့်နဲ့အလုပ်ခွင်ထဲပြန်လည်ပတ်နေရတယ် ဒီရက်ပိုင်းအလုပ်ရှုပ်တော့ တခါတလေ ညနက်တဲ့အထိအလုပ်လုပ်ရတယ် အိမ်ပြန်လာတဲ့အချိန်ဆို မိုင်းတို့အခန်းလေးကမီးပိတ်ထားပီ

Jin ရော Mine ရော တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ကြပေမယ့်အားတဲ့အချိန်လေးတွေစာပို့ထားဖြစ်တယ် ဂျင်ကနေ့လည်လောက်စာပို့ထားရင် မိုင်းကအလုပ်ဆင်းချိန်ညနေလောက်မှပုံမှန်စာပြန်ပို့တယ် အဲ့ချိန်ဂျင်ကလဲမအားတဲ့အချိန်ဆိုညမှပြန်ပို့ဖြစ်တယ် ဘာပဲဖြစ်ဖြစ် အဆက်အသွယ်လေးမပြတ်တာပဲကံကောင်းတာပေါ့  
ဂျင် မိုင်းနဲ့စာပို့ရင်းမှ မိုင်းက အလုပ်ချိန်အတွင်းဆိုဖုန်းလုံး၀မသုံးတာသိလာတယ် ၀န်ထမ်းတွေစည်းကမ်းလိုက်နာဖို့သူကိုယ်တိုင်စံပြဖြစ်အောင်နေထိုင်တာတဲ့လေ
မိုင်းနဲ့Kakao talk မှာလဲပြောဖြစ်သလို သူ့social media acc Twitter မှာလဲအချင်းချင်း follow ထားကြတယ် ကျွန်တော်ကတော့ private acc ဆိုတော့ ဘာပုံမှ ကျွန်တော် accမှာမတင်ဖူးပေါ့ မိုင်း accမှာလဲ မိုင်းတင်တာဘာမှမတွေ့ပေမယ့် သူ့သူငယ်ချင်းacc တွေကနေပုံလေးတွေ စာလေးတွေ mention ပီးတင်ထားတာလေးတွေမြင်ရတာ မိုင်းကသူငယ်ချင်းတွေကြားမှာအချစ်ခံလေးဆိုတာပေါ်လွင်နေတယ်

Idol တစ်ယောက်ရဲ့ချစ်ရသူ 18+ (Completed)Where stories live. Discover now