Part 10

429 29 0
                                    

လိုက်ကာကနေထိုးဖောက်ပြီး မျက်နှာပေါ် နေရောင်ကျရောက်လာသည်မလို့ ရိပေါ်နိုးလာခဲ့သည်။

ဒီနေ့အိပ်ယာထခြင်းက အရင်နေ့တွေကနှင့်မတူ လှပလွန်းပါသည်။ရင်ခွင်ထဲက ချစ်ရသူကို ခေါင်းစောင်းကာ လှည့်ကြည့်လိုက်သည်။ ချစ်ရတဲ့သူနဲ့တူတူနိုးထရတယ်ဆိုတဲ့အသိက အတိုင်းမသိ ပျော်ရွှင်ဖို့ကောင်းပါသည်။

"မင်းကအချိန်တိုင်းချစ်ဖို့ကောင်းနေတာပဲ"

မျက်နှာနုနုပေါ်သို့ သူ့လက်ဖဝါးများနဲ့ပွတ်သပ်နေရင်းကနေ ပြောလိုက်မိသည်။ တကယ်လှရက်ပါသည် ဘယ်သူမှမယဉ်နိုင်တဲ့အလှမျိုး ယောင်္ကျားလေး ဖြစ်သည်ဆိုပေမဲ့ အသားအရည်အစ နုနုနယ်နယ်လေးဖြစ်သည်။

"အင်းးးးးး"

"စောသေးတယ်အိပ်အိပ်"

သူကြည့်နေတုန်း ကလေးငယ်က လှုပ်လာတာမလို့ နောက်ကျောပြင်ကို လက်နဲ့ပွတ်သပ်ကာ ကလေးတွေကိုချော့သလို လုပ်ပေးလိုက်သည်။

"ဟင့်အင်း လူကြီး မအိပ်ချင်တော့ဘူး"

"အင်းပါ အာ့ဆို ထရအောင်နော်"

"ဟုတ်"

သူတို့နှစ်ယောက်တူတူအိပ်ယာထ၍အိပ်ရာတွေသိမ်းကာ ရေချိုးခန်းထဲဝင်သွားကြသည်။

"Yarrr လူကြီး"

ဒါကသူမကျေနပ်ရင်လူကြီးကိုအမြဲအော်ပြောတဲ့အသံလေး အခုလည်း လူကြီးက သွားတိုက်တာကို ကောင်းကောင်းမတိုက်ပဲ သူ့မျက်နှာကိုသွားတိုက်ဆေးတွေနဲ့လာလာတို့နေသည်မလို့ သူမျက်စောင်းထိုးကာအော်လိုက်သည်။

"ကိုယ်ကချစ်လို့ကို"

"လူကြီး မနက်စာစားဖို့ လုပ်ရအုန်းမာလေ နောက်ကျနေမယ် ရေမြန်မြန်ချိုးရအောင်"

"အင်းပါ အင်းပါ"

စလိုက်နောက်လိုက်နဲ့ရေချိုးချင်းပီးဆုံးသွားပါသည်

"အော် သားတို့နိုးပီလား လာလာ"

သူတို့အောက်ဆင်းတော့ ဝမ်မားက ထမင်းစားပွဲတွင်ထိုင်ကာ သူတို့ကိုလှမ်းခေါ်သည်။

"အယ် နှစ်ယောက်သားတူတူဆင်းလာတာပဲ ညကတူတူအိပ်ကြတာလား"

ဝမ်မားက စကာနောက်ကာ ပြောသည်ဆိုပေမဲ့ ရှောင်ကျန့်မျက်နှာကြီးက ခရမ်းချဉ်သီးလိုရဲတွတါနေပီလေ

"မားကလည်း အရင်ကလည်းအိပ်နေကြပဲကို"

ရိပေါ်ထိုသို့ပြောတော့ မားက ရီကာ စတာပါဟုသာ ပြောပီး ထမင်းဆက်စားနေသည်။ မားကသာထမင်းဆက်စားနိုင်တာ ရှောင်ကျန့်မှာတော့ ဇွန်းတောင်ကောင်းကောင်းမကိုင်နိုင်မျက်နှာ​တွေလည်းရဲတွတ်နေသည် ရှက်နေတာလေးက ချစ်ဖို့ကောင်းလိုက်တာကွာ ဒီကောင်ရူးရတော့မယ်။

ဝမ်အိမ်တော်ရဲ့ထမင်းစားပွဲတွင် ထမင်းပန်းကန်ထဲခေါင်းစိုက်မတတ်ငုံ့ကာစားနေသည့်ရှောင်းကျန့်ရယ် အုန်းလွဲမတတ် ခေါင်းကြီးစောင်းကာ ရှောင်ကျန့်ကို ကြည့်နေသည့် ရိပေါ်ရယ် ထိုနှစ်ယောက်ကိုကြည့်ကာ အပြုံးတွေဝေဆာနေသည့် ဝမ်အိမ်တော်ရဲ့သခင်မ ဝမ်ကျန်းယန်နဲ့ သူတို့သုံးယောက်ကိုပြုံးကာကြည့်နေသည် ဝမ်အိမ်တော်က အလုပ်သမားတွေကိုတွေ့ရမာဖြစ်ပါတယ်။

#တိုသွားတယ်မလားဟီး မအားလို့ပါ

ရှောင်းငယ်Where stories live. Discover now