Part 11

634 25 10
                                    


သူနဲ့ရှောင်းငယ်တွဲတာ ဒီနေ့နဲ့ဆို 2နှစ်ပြည့်ပီ(ကျော်ခွလိုက်ပီ ဟီး)ကြားထဲမာကမောက်ကမများစွာရှိပေမဲ့ ဒီအချိန်ထိသူတို့လက်တွဲနိုင်ခဲ့ကြသည်။

ဒီနေ့က သူတို့အတွက်အားလပ်ရက်တစ်ရက် ဒါကြောင့် သူ့ကလေးငယ်ကို အပြင်လိုက်ပို့ကာ နှစ်ယောက်သား date မလို့ဖြစ်သည်။ပီးတော့ သူ့စီစဉ်ထားတဲ့ surpriseလည်းရှိသည်။

"လူကြီး လာလာ"

သူမပီးသေးတာကို အပြင်အရမ်းသွားချင်တဲ့ ကျန့်ကျန့်က ဇွတ်ကို ခေါ်နေလေသည်။

"ရှောင်းငယ်ကအာ့ပုံစံအတိုင်းလိုက်မာလား"

"အင်းလေ ဘာဖြစ်လို့လည်း"

အမလေး မေးရက်လိုက်တာနော် ဘောင်းဘီတိုအကျီကလည်းပါးပါးလေး နေရောင်ထိုးရင် အကုန်မြင်ရသည်ကို ဒီကောင်ကြီးက အူမတိုပဲနေပါ့မလားကွာ။

"သွားလဲချည်ပါကွာ နော်"

"အာ လူကြီးကလည်း ဒီတိုင်းပဲသွားအောင်ပါ"

"မသွားရပါဘူး သွားလဲချည်"

သူလေသံနည်းနည်းမာလိုက်ခါမှ"ဟုတ်" ဆိုကာ သူ့အခန်းထဲကို ဆောင့်ကြီးအောင့်ကြီးဖြင့်ထွက်သွားသည်။

"တကယ့်အဆိုးလေး"

ရိပေါ်တစ်ယောက် ခြေဆောင့်ကာ ထွက်သွားတဲ့ကလေးငယ်ကိုကြည့်ရင်း ပြုံးကာရေရွတ်မိသည် မတတ်နိုင်ဘူး အဆိုးလေးကို ချစ်နေမိတော့လည်း။

"လူကြီးရပီလား"

ရိပေါ်စောင့်လိုက်ရတာဘယ်လောက်မှမကြာ စူပုတ်ပုတ်နဲ့ရှောင်းငယ်က ပြန်ထွက်လာသည် ဒီတစ်ခါပုံစံက ရိပေါ်ကိုရွဲ့ပြီးဝတ်ထားသည်ထင်ပါ့ အပေါ်အရှည်အောက်အရှည်ကြီးဝတ်လာသည်။သို့သော် ပုံတုန်းကြီးမဟုတ်ပဲကြည့်လို့ကောင်းသည်။

"ရှောင်းက ကိုယ့်ကိုရွဲ့တာလား"

"ဟော လူကြီးပဲ လုံလုံခြုံခြုံဝတ်ခိုင်းတာမလား"

"ဟုတ်ပါပီဗျာ စွာစိလန်လေးကို မစတော့ဘူး"

"လူကြီးနော်"

"လာပါ စတာ သွားရအောင် နောက်ကျနေမယ်"

ဆူပုတ်ပုတ်နဲ့သူ့ကိုပြန်အော်တဲ့ ကလေးငယ်ရဲ့လက်ကိုဆွဲကာ ထွက်လာခဲ့သည်။

ရှောင်းငယ်Where stories live. Discover now