ငါး 🌼

269 57 14
                                    

(Unicode)

ခင်ဗျားဆိုတဲ့ ရာသီရပ်ဝန်းမှာမှ ပွင့်လန်းချင်တဲ့ ကျွန်တော်က ခင်ဗျားရဲ့ နွေဦးပန်းလေးပဲ ဖြစ်ချင်တာ ။

အချိုကြိုက်တဲ့ကောင်လေးက Black Coffee ကို သောက်ဖို့ကြိုးစားခဲ့ပေမဲ့ ရလဒ်က မသောက်နိုင်ခဲ့ဘူးဆိုတာ ခင်ဗျားအသိဆုံးလေ ။

နွေဦးမှာမှ ပွင့်ချင်တဲ့ ပန်းကလေးကို တ​ခြားရာသီမှာ ပွင့်ပါလို့ ခင်ဗျားမှာ အမိန့်ပေးပိုင်ခွင့်မရှိဘူး ။

အဲ့လိုပဲ Black Coffee တွေကို မကြိုက်ပဲနဲ့ ဆက်သောက်ဖို့လည်း ကျွန်တော် စိတ်ကူးမရှိဘူး ။

မျက်စိရှေ့က ကျန်းရီရှင်း ကို ဂျွန်မြောင် ကြည့်ရင်း ဟက်ခနဲ ရယ်တော့ ကျန်းရီရှင်း က ကျွန်တော့်ကို နားမလည်ဟန်ဖြင့် ကြည့်သည် ။

" ကျွန်တော် Jackson ကို မချစ်ဘူးနော် ''

သူ့စကားကြားတော့ ကျန်းရီရှင်းက သက်ပြင်းဖွဖွ ချသည် ။

" ခင်ဗျား နောင်တ မရမှာသေချာလား ခင်ဗျားစကားအတွက် ''

သူနဲ့ ဂျွန်ရဲ့ တတိယအ​ကြိမ်တွေ့ဆုံမှုမှာ သူက '' ကိုယ် ဖွင့်ပြောခဲ့မိတဲ့ စကားကို ရုပ်သိမ်းပါရစေ ။ တောင်းပန်ပါတယ် ''  ဆိုသော စကားကိုဆိုလာသည် ။

Jackson က သူ့ပါးပါးကို ဂျွန်မြောင့်အပေါ်ထားတဲ့သူ့စိတ်ကို ဖွင့်ပြောလိုက်လေသည်ဆိုတာ ဂျွန်တွေးမိပါသည် ။

" ကိုယ် တောင်းပန်ပါတယ် ကောင်လေး ''

ခပ်တိုးတိုးထွက်လာသော အသံတွေသည် ဒီတခါတော့ ဂျွန်မြောင့်ကို ရင်ခုန်စေစွမ်းမရှိ ။

" Coffee ခါးခါးတစ်ခွက်ကို မကြိုက်ပဲနဲ့ ကျွန်တော်ဘယ်တော့မှ ထပ်မသောက်ဘူး ကျန်းရီရှင်း ''

" ဘယ်လိုမိဘ မျိုးက ကိုယ့်သားသမီး ပျော်ရွှင်မှုကို လုယူနိုင်ပါ့မလဲ ကောင်လေး ကိုယ်တကယ်ကို မင်း ကို ချစ်ခဲ့ပါတယ် ''

" ခင်ဗျားက ချစ်ခဲ့တာ ကျွန်တော်က ဆက်ချစ်ရတာ ကျန်းရီရှင်း ကျွန်တော် ခင်ဗျားကို ချစ်တယ်  ခင်ဗျားက Jackson ကိုမနာကျင်စေချင်ပေမဲ့လည်း ကျွန်တော်ကတော့ Jackson ပျော်ရွှင်ဖို့ ကျွန်တော့်ပျော်ရွှင်မှုကို မရင်းနှီးနိုင်ဘူး ကျွန်တော်က Jacksonရဲ့ရာသီရပ်ဝန်းမှာ ဘယ်တော့မှမပွင့်နိုင်တဲ့ နွေဦးပန်းပွင့်လေးပဲ ''

🌼 April And Flower 🌼Where stories live. Discover now