ခြောက် 🌼 ( နွေဦးပန်းလေးပွင့်ပြီ)

420 65 21
                                    

(Unicode)

* ငါက ကျန်းရီရှင်း ဆိုတဲ့ နွေဦးမှာပဲ ပွင့်ချင်တဲ့ နွေဦးပန်းကလေးဖြစ်နေတာမို့ Jackson *

အဲ့ဒီနေ့က အဝေးကိုငေးကြည့်ရင်း ထိုစကားကိုဆိုခဲ့သည့် ဂျွန်မြောင့်မျက်နှာက တည်ငြိမ်လွန်းလှသည် ။

မင်းပါးပါးကို ဘယ်လောက်ချစ်လဲ ဆိုသော ဂျွန်မြောင်၏ မေးခွန်းကို Jackson အကြိမ်ကြိမ်ပြန်စဥ်းစားမိသည် ။

ဂျွန်မြောင့်ခံစားချက်တွေသည် တစ်ဖက်သတ်သာဆို ပါးပါးပျော်ရွှင်မှုအကြောင်း ဂျွန်မြောင် မေးခွန်းထုတ်ပိုင်ခွင့် မရှိဘူးလေ ။

" ပါးပါး ''

ခြံထဲထိုင်နေရင်း တစ်စုံတရာကိုတွေးနေဟန်ရှိသော ပါးပါးက သူ့ခေါ်သံကြားမှ အသိဝင်လာဟန် ။

သူစိတ်ထင်၍လားပင် ။

ပါးပါးလည်းခုရက်ထဲ မျက်နှာသိပ်မကောင်းဟုထင်မှတ်နေမိသည် ။

ဂျွန်မြောင့်စကားတွေကြောင့် သူစိတ်ထင်နေသည်ပင်လော....။

" မအိပ်သေးဘူးလား သားငယ် ''

" အိပ်မပျော်လို့...ပါးပါးရော ''

" ပါးပါးလည်း အိပ်မပျော်တာနဲ့ ''

"ကျန်းအာ ခုတလော အပြင်သိပ်ထွက်တာမတွေ့သလိုပဲ ''

" ဒီလိုပါပဲ ''

" ဂျွန်မြောင်နဲ့ရော အဆင်ပြေရဲ့လား ''

ပါးပါးအမေးကြောင့် Jackson ခေါင်းဖြေးညှင်းစွာခါပြလိုက်သည် ။

" အဆင်ပြေသွားမှာပါ ''

ပါးပါးက သူ့ပခုံးကိုဆုပ်ကိုင်ရင်းအားပေးတော့ ပါးပါး မျက်ဝန်းတွေကိုသူကြည့်မိသည် ။

ပါးပါး၏ မျက်ဝန်းတွေသည် သိပ်မတောက်ပသလိုပင် ။

" ပါးပါး ''

" အင်း ''

" ဂျွန်မြောင်က သားကိုမေးတယ် ပါးပါးကို ဘယ်လောက်ချစ်လဲ တဲ့ ''

သူ့အားငေးကြည့်နေတဲ့ပါးပါးမျက်ဝန်းတွေက ပြောင်းလဲမှုလေးကြောင့် Jackson ဂျွန်​မြောင့်မေးခွန်းကိုနားလည်ချင်လာသယောင် ။

🌼 April And Flower 🌼Donde viven las historias. Descúbrelo ahora