ချစ်ခွန်းချိုချို ဆိုသောစကား
အပိုင်း(၁)
'ထားလေးရေ….ထားလေး…ဘ ယ်ရောက်နေပါလိမ့် ..ဒီကလေး…..'
ထား..နံရံကပ်နောက်က..စာကြည့်ခန်းထဲမှာ ဒူးလေးကိုလက်နှစ်ဖက်နဲ့တင်းနေအောင်..ဆွဲဖက်ထားရင်း… အသံတိတ်နေမိသည်…။ထားအတွက်..ဒီတကြိမ်က..ရင်နင့်သည်းချာချစ်ရတဲ့…သားသားလေးကို ဆုံးရှုံးခဲ့ ရတာ ဖြစ်သလို…ကိုကိုကပါ…နိုင်ငံခြားကို ပညာတော်သင်သွားတော့မည်ဆိုသောကြောင့်..ဝမ်းအနည်းကြီးနည်းရ သည်..။
'ထားလေး..ကိုကို့ကို တံခါးဖွင့်ပေးဦး…မာမီတို့စိတ်ပူနေကြပြီ..ကိုကို့ကိုစိတ်ကောက်နေတာလား….'
'မသိဘူး..မသိဘူး …လာမပြောနဲ့..ကိုကို ဘယ်မှ မသွားရဘူး…….'
'ထွက်လာပြီးပြောပါ..ထားလေးရယ်….ကိုကို့ကိုတံခါးဖွင့်ပေး…..'
ဦးပိုင်..ကိုယ့်ကိုစိတ်ကောက်နေတဲ့ ညီမလေးကို..ဘယ်လိုဖြောင့်ဖြရမှန်းလည်း မသိ…ညီမလေး စိတ်ဆိုးပြေ မယ့် စကားကလည်း ..ကိုကို မသွားတော့ပါဘူးဆိုတဲ့ စကားတခွန်းမှလွဲပြီး မရှိတာမို့…..
'သားဦး…ဘာလဲ..မီးထားက..ခုထိထွက်မလာတာလား…'
'ဒက်ဒီ…ညီမလေးကို..မဆူပါနဲ့…သူ့ခွေးလေးသေသွားလို့..စိတ်မကောင်းဖြစ်နေချိန်မို့လို့..ပြောမရဖြစ်နေတာပါ…….'
'ကိုကိုနော်…ထားလေးသားလေးကို..ခွေးလို့မပြောနဲ့လို့ပြောထားတယ်လေ….ဟီးဟီး…သားလေးပဲ ထားလေးကို တကယ်ချစ်တာ….'
'မီးထား….ဒက်ဒီ…နောက်တကောင်ထပ်ဝယ်ပေးမယ်…တိတ်တော့ ကိုကို..က ကျောင်းသွားတက်မှာ..မီးထား က အဒီလိုလုပ်နေရင်..ဘယ်လိုစိတ်ဖြောင့်မှာလဲ………….'
'မသွားနဲ့ပေါ့လို့….ကိုကိုက ..ခုလည်း..တော်နေတာပဲ….ကိုကိုသွားရင်..ထားက ဘယ်သူနဲ့ဆော့ရမှာလဲ… ကိုကိုသွားရင်…ထား..ကျောင်းလည်း မတက်ဘူး..ထမင်းလည်း မစားဘူး..မသိဘူးမသိဘူး..ထား ဒီအခန်းထဲ ကနေ ဘယ်တော့မှ မထွက်တော့ဘူး………..'
ခြေဆင်းငိုယိုပြီးပြောနေမှာကို..မြင်ယောင်ကာ…သားအဖနှစ်ယောက် ပြိုင်တူပြုံးမိကြသည်…။အားလုံးအဆင် သင့်ဖြစ်နေပြီကို…ဒီညီမလေးကို မပြောပြရက်ခဲ့လို့..ခုလို သွားခါနီးမှ အသိပေးခဲ့တာ..မှားခဲ့သလား…။တခုခုကို … စွဲလန်းတတ်ခဲတဲ့..သူမလေးက..မိသားစုမှ မိသားစု…ဘယ်လိုအပေါင်းအသင်းမှ ထားခိုင်းလို့မရဘဲ… ကျောင်းမှာလဲ…အကိုနားမှာ ကပ်နေတတ်ပြီး…ကိုကိုမှကိုကို ဖြစ်နေခဲ့သည်…။သူမကို ..တစုံတခုကို..သဘော ကျအောင် ဆွဲဆောင်ဖို့ဆိုတာ…ဘယ်လိုမှ မတတ်သာခဲ့ဘဲ..သူမ စိတ်ရှိရာကိုသာ…တစိုက်မတ်မတ် တွယ်ကပ် နေတတ်ပြီး…ကပ်မိပြီဆို…စုပါဂလူးကမှ…ခွာရဦးမည်….။သူမက Sorry ဆိုရင်တော့ မစဉ်းစားလေနှင့်….။ဤသို့ သော သူမလေးက….ကျနော့်ရဲ့..တစ်ဦးတည်းသော ချစ်စရာ့ညီမလေး….အလှထိပ်ထား မည်လေသည်……။