အပိုင်း(၃)

4 0 0
                                    

ချစ်ခွန်းချိုချို ဆိုသောစကား

အပိုင်း(၃)

'ဂုဏ်…ဟိုမှာကြည့်….အဒီလူတွေ..နင့်ကို ..ကြည့်နေတာ……'

'သွားပြန်ကြည့်မနေနဲ့လေ….နင်တို့ကလဲ……'

ဂုဏ်…တီးတိုးဟန့်လိုက်ရင်း…မျက်လုံးတို့ကတော့..ကော်ရစ်တာဆီ ဝေ့ဝဲသွားမိသည်…။ကိုယ့်ကိုကြည့်နေသူနဲ  အကြည့်ချင်းဆုံလိုက်မိတာကို…အမြင့်ကနေ..ပြုတ်ကျလိုက်တဲ့အတိုင်း..ရင်ဘတ်ထဲမှာ လှပ်ခနဲ ..အေးခနဲ..ဖြစ် သွားရပြီး…အရှက်သည်းရခြင်းများစွာဖြင့်……..

'အဒါ..ဟိုနေ့က..ကန်တင်းမှာ..ငါတို့ကို..ရှိုးကြတဲ့ အဖွဲ့မလား..လူကောင်ကြီးတွေက..မားမားမတ်မတ်နဲ့.. External ဘိုးအေကြီးတွေပဲလား….Master တန်းက ကိုကိုတွေလား…အဟိ..ဟိ……'

ဘေးကနေ တလှုပ်လှုပ် တရွရွ ဖြစ်နေသော…သူငယ်ချင်းတွေကို…မျက်စောင်းထိုးမိပေမယ့်..ဂုဏ်..ထိုဆီကို.. မျက်လုံးထပ်မရောက်ဖို့..အားထုတ်ရခြင်းက အပင်ပန်းဆုံးပဲဖြစ်သည်….။ကိုယ့်ကို ထိူသူ ကြည့်နေတယ်ဆိုတာ ကို..မိန်းမတို့ရဲ့..မွေးရာပါ..သိခြင်း မြင်ခြင်းတို့နဲ့…သိသည်…။ရွှေစွန်ညို ဘာ့ကြောင့်ဝဲသလဲ….ဒီအရွယ်မို့…သိ သည်…. ကိုယ်သဘောကျသည်ဖြစ်စေ..မကျဘူးဖြစ်စေ…ကိုယ့်ကို ကြိုက်တဲ့သူ ရှိတာကို..မိန်းကလေးတ ယောက်အနေနဲ့…သဘောခွေ့တာပင်…။ကိုယ့်ကို..လာမျှော်ကြည့်နေတာကို…ဘဝင်ကျသည်…။ဒါကလည်း… အရွယ်ရောက်စ မိန်းကလေးတိုင်း…ခံစားရတတ်သော…လက္ခဏာဖြစ်သည်မို့..

'ဂုဏ်..ကြည့်နေတယ်ဟ…ဟော…ဝင်လာကြပြီ…..ဂုဏ်ရေ….သူတို့..ဝင်လာပြီ…..'

သူတို့အဖွဲ့သည်…အရပ်အမောင်း ခန္ဓာကိုယ် အချိုးအစား ညီကြကာ…အားလုံးက..ထောင်ထောင်မောင်းမောင်း တွေမို့..ရုပ်ရှင်တွေထဲမှာ ဂိုဏ်းစတားအဖွဲ့ဝင်လာသလိုကို…တခန်းလုံး..ဝိုင်းကြည့်နေကြရသည်…။ထိုအထဲ မှာ..ရုပ်ရည်အသန့် ပြန့်ဆုံး ဖြစ်တဲ့..သူက ဂုဏ့်နောက်က ခုံမှာ ဝင်ထိုင်ကာ…ဂုဏ့်ကို..တီးတိုး စကားတို နဲ့..ချဉ်းကပ်ခဲ့သည်မို့…ဂုဏ်သည်…အခန်းထဲမှာ…အားလုံး၏ စ်ိတ်ဝင်စားခြင်း မိန်းကလေးတွေရဲ့..အားကျတဲ့ မျက်ဝန်းတို့နဲ့ကြည့်ခြင်းကို..ခံခဲ့ရသည်….။ဒါ့ကြောင့်….ဂုဏ်ပျော်သည်…။ဒီလိုခံစားချက်မျိုးကို..ဂုဏ်နှစ်သက် သည်…။မေဓနဂုဏ်ဆိုတဲ့…ဂုဏ်က….ရုပ်ရည့်သိပ်မလှဘူး..ပိုက်ဆံသိပ်မရှိဘူး…အားလုံးက အသင့်အတင့်ဆို ပေမယ့်.........လူတကားငေးမောကြည့်တာကို..ခံချင်သည်…။အားလုံးမော့ကြည့်နေရတဲ့…ဘဝမျိုးကိုလိုလားသည်…။

ချစ်ခွန်းချိုချို ဆို​​သောစကားWhere stories live. Discover now