intro

21 4 0
                                    

uni
"နာ..နာ..နာ..နာ"Lilith နားကြပ်နဲ့နားထောင်နေတဲ့သီချင်းကိုလိုက်ညည်းနေသည်.ကမ်းခြေထဲမှာပြေးကစားနေတဲ့ လူတစ်စုကိုကြည့်နေရင်း အထီးကျန်လာသလိုခံစားလိုက်ရသည်.

/ငါလည်းသူတို့နဲ့အတူတူလာတာပဲကို ခုမှကွဲထွက်နေရတယ်လို့ ကျစ်/

Lilith သည် နာမည်ကြီးကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာတတ်နေတဲ့ အထက်တန်းကျောင်းသူတစ်ဦးဖြစ်သည် ယခုသူမသည် ကျောင်းက top 10 ကျောင်းသူကျောင်းသားတွေအတွက် အထူးစီစဉ်ပေးထားသည့် ခရီးစဉ်ဖြင့် နာမည်ကြီးကမ်းခြေတစ်ခုကိုရောက်နေခြင်းဖြစ်သည်.

သူမသည် top 10 ထဲမှာတောင်ရိုးရိုး top 10 မဟုတ်ပဲ top 1 ဖြစ်သည်.သူမအမှန်တကယ်တော့စာမေးပွဲတွင်သိပ်ကြိုးစားမထားပေ.ကျက်ချင်သည့်စာသာကျက် ထားသော်လည်း ကံကောင်းချင်တော့ သူမကျက်ထားသည့်ဟာတွေပဲစာမေးပွဲမှာမေးလာသည်သူမကိုယ်သူမ ဇာတ်လိုက်မကြီးများဖြစ်နေပြီလားဟုတောင်တွေးနေမိပြီဖြစ်သည်.

/ဒီလိုပျင်းစရာကောင်းတဲ့နေရာမျိုးမှာဇာတ်လိုက်ဖြစ်ရင်တောက် aot ထဲမှာ reiner ဖြစ်တာလောက်စိတ်လှုပ်ရှားဖို့ကောင်းမှာလည်းမဟုတ်ဖူး/

သူမကဘာဖြစ်ဖြစ်အလွယ်တကူရနေတဲ့ဘဝမှာနေတာတကယ်ကိုပျင်းလာပြီဖြစ်သည်.သူမတစ်ဝက်လောက်ကျန်တဲ့အအေးတွေအကုန်လက်စဖြတ်လိုက်ပြီး ကျောင်းကစီစဉ်ပေးထားတဲ့ဟိုတယ်ဘက်ကိုဦးတည်လိုက်သည်.

သူမထလိုက်သည်နှင့် ကမ်းခြေမှာကစားနေသည့်ကစားနေသည့် လူစုတွေထဲမိန်းကလေးတစ်ယောက်က သူမဘက်ကိုလှည့်ကြည့်လိုက်သည် Lilith သူမမြင်ကွင်းထဲကပျောက်သွားသည့်တိုင်အောင်စိုက်ကြည့်နေစဲဖြစ်သည်.

"Lilith အခန်းထဲအောင်းပြီးစာသွားလုပ်မလို့လားမသိဖူး တကယ့်စာဂျပိုး"

ဘေးနားကမိန်းကလေးတစ်ယောက်ကပြောလာသည်နှင့် Vivian စိုက်ကြည့်နေတာကိုရပ်ပြီး ရယ်၍သာပြန်ဖြေသည်.တကယ်တော့ Lilith ဘယ်လောက်အပြင်းကြီးလဲဆိုတာသိသည်.Lilith ၏အကျင့်အရခရီးကိုတောင်ကျောင်းစာအုပ်တွေသယ်မလာပဲ manga လောက်ပဲသယ်လာမည်ကိုလည်းသူမကောင်းကောင်းသိသည်

raising a final bossWhere stories live. Discover now