part-1

10 3 0
                                    

"အာ~~~ ငါ့ခေါင်း" Lucas နိုးလာရင်း ငြီးမိသည်.သူတစ်ခြားသူတွေအတွက်အသားကင်ပေးနေသည်ကိုမှတ်မိသည်. Thor ပြန်ရောက်လာလို့ပျော်နေရုံရှိသေးထူးဆန်းတာတွေကဖြစ်လာသည်.

"ဘာတွေဖြစ်နေတာလဲ" မျက်လုံးကြည်သွားတဲ့အချိန်သူထူးဆန်းတာကိုမြင်လိုက်သည်.
ဒိနေရာသည်သူ့အခန်းမဟုတ်သလို သူတို့တည်းနေသည့်ဟိုတယ်ခန်းလည်းမဟုတ်. ဒီနေရာဟာဘာလဲသူသေချာမသိပေမယ့်.အချုပ်ခန်းတစ်ခန်းနှင့်တော့အတော်တူသည်.
/မဟုတ်လောက်ပါဖူး/

သူကအချုပ်ခန်းနဲ့တူသည့်အခန်းတစ်ခန်းထဲရောက်နေတာဖြစ်သည် အခန်းကဆယ်ခန်းလောက်ရှိပြီး တစ်ခန်းနှင့်တစ်ခန်းအား သံတိုင်များဖြင့်ခြားထားသည်.သူနဲ့တစ်တန်းထဲနေရာမှာ ငါးခန်း သူတို့မျက်နှာချင်းဆိုင်မှာငါးခန်းဖြစ်ပြီး အလယ်မှာလျှောက်လမ်းတစ်ခုခြားထားသည်.

သူအခြားအခန်းတွေထဲမှာသူ့သူငယ်ချင်းဖြစ်သူတွေကိုတွေ့လိုက်သည်.သူတိုလည်းတသ်ယောက်ပြီးတစ်ယောက်နိုးလာကြသည်.သူ သူ၏ classmate ဖြစ်သည့်
"Noah pss Noah "

Noah ကအတော်လှန်းလှန်းမှာရှိနေတော့ တော်တော်ခေါ်ယူလိုက်ရသည်.
"ဘာတွေဖြစ်နေတာလဲ? "

Noah ကသူလည်းမသိဖူးဆိုသည့်သဘောဖြင့်ခေါင်းယမ်းပြသည်.
"ငါတို့ဘ...." Lucas ထပ်မေးမလို့ပဲရှိသေးသည်.တစ်ယောက်ယောက်ကထအော်လိုက်သည်

"အားလုံးတစ်ချက်လောက်တိတ်ပေးကြပါ"

ထိုအသံသည် လျှောက်လမ်းပေါ်မှာရှိနေသည့်လူတစ်ယောက်ဆီကပင်ဖြစ်သည်ထို့အချိန်မှသူ လျှောက်လမ်းပေါ့လူနှစ်ယောက်ရှိနေသည်ကိုသတိထားမိသွားသည်.

ထို့နောက်အော်လိုက်သည်သူကပဲဆက်ပြောသည်.
"မင်းတို့အခုရောက်နေတာက တော်ဝင်မြို့တော်ရဲ့နန်းတော်ထဲက အထူးအကျဥ်းထောင်ထဲရောက်နေတာပါ.ငါက အင်ပါယာရဲ့ အိမ်ရှေ့စံ Ethan. မင်းတို့ရဲ့နာမည်လေးတွေနဲ့မင်းတို့ဘယ်ကလာတယ်ဆိုတာကို တစ်ချက်ပြော ပြပေးနိုင်မလား "

သူစကားကြောင့်အားလုံးတိတ်သွားကြသည်.အကုန်လုံးရဲ့မျက်နှာက တကယ်ကြီးလား ဆိုတဲ့အနေအထားဖြစ်နေသည်.
"ဟက်....hahahahh" Lucas အူကြောင်ကြောင်နဲ့ရယ်လိုက်မိသည်.
သူကိုသူ အိမ်ရှေ့စံလို့ပြောနေသည့်သူသည် ထူးဆန်းသည့်အဝတ်အစားတွေဝတ်ထားသော်လည်း အတော်သပ်ရပ်သည့်ပုံစံရှိသည်. ရှပ်ကလည်းအရမ်းမချောသော်လည်း သာမာန်ထက်ပိုကြည့်ကောင်းသည်.

raising a final bossWhere stories live. Discover now