part-2

10 2 0
                                    

မင်းတို့အခုရောက်နေတဲ့လောကကြီးကို Lucia လို့ခေါ်တယ် ဟိုးအရင်ကတော့ Lucia မှာ အင်အားကြီးတိုင်းပြည်သုံးပြည်ရှိခဲ့တယ်.အင်အားကြီးတိုင်းပြည်တွေက အမြဲလိုလိုစစ်ပွဲတွေဆင်နွဲကြတယ်.သုံးနိုင်ငံရဲ့အင်အားဟာ ညီမျှနေပြီး တစ်ခြားနိုင်ငံငယ်တွေကလည်း သုံးနိုင်ငံရဲ့အင်အား နဲ့မယှဥ်နိုင်တဲ့အတွက်လေးခုမြောက်အင်အားကြီးနိုင်ငံဆိုတာရှိမလာခဲ့ဖူး.ပထမဆုံး လက်နက်ကိုင်ဆောင်သူတွေပေါ်ထွက်လာတဲ့အချိန်မှာတော့ သုံးနိုင်ငံရဲ့ဟန်ချက်ပျက်စီးသွားတော့တယ်.ပထမဆုံးလက်နက်ကိုင်ဆောင်သူ Gorge ကသူ့ရဲ့လက်နက်ဖြစ်တဲ့ Ava ရဲ့ရွေးချယ်မှုကိုခံလိုက်ရတယ် Gorge က နိုင်ငံငယ်တစ်နိုင်ငံဖြစ်တဲ့ Nora တိုင်းပြည်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တဲ့အတွက် Nora နိုင်ငံဟာအင်အားကြီးလာခဲ့တယ် Nora နိုင်ငံဟာ မူလ အင်အားကြီးသုံးနိုင်ငံလောက်အင်အားမကြီးလာပေမယ့် မူလအင်းအားကြီးသုံးနိုင်ငံထဲက တစ်နိုင်ငံဖြစ်တဲ့ Fanita နိုင်ငံရဲ့အရေးပါတဲ့ တော်ဝင်မိသားစုတွေနဲ့ သူရဲကောင်းတွေဟာပျောက်ခြင်းမလှပျောက်သွားခဲ့တယ်.လူတွေက Gorge လိုမျိူးအင်အားကြီးတဲ့မကောင်းဆိုးဝါး တစ်ယောက်ထက်ပေါ်လာတယ်ဆိုတာသိလိုက်တယ် ဘာလို့ဆိုရင်အဲ့လိုတော်ဝင်မိသားစုတွေပျောက်သွားတဲ့အချိန်မှာ Gorge ကတိုက်ပွဲတစ်ခုထဲရှိနေခဲ့တာ ဒီသတင်းအချက်လက်ကို လူထုကိုမကြေငြာထားပေမယ့် ငါပြောပြမယ် Fanita ရဲ့တော်ဝင်မိသားစုကိုအမြစ်ဖြတ်လိုက်တာ က ဒုတိယမြောက် လက်နက်ကိုင်ဆောင်သူ Forest ပဲ ငါ့ဆရာပြောတာတော့ Forest ကငါတို့ဆရာထက်တောင်ပိုပြီးအင်အားကြီးလိမ့်မယ်တဲ့ ပြီးတော့သူက တိုက်ပွဲတွေမှာဝင်ပါလေ့မရှိတာကြောက့်ဘယ်သူမှ သူ့လက်နက်ကဘာလဲဆိုတာ မသိကြသေးဖူး.ငါတောင်..

"ခဏ..ခဏ..ခဏ..ငါမေးပါဦးမယ် လက်နက်ကိုင်ဆောင်သူဆိုတဲ့ အခေါ်အဝေါ်ကြီးကဘာကြီးလဲ စစ်ပွဲဖြစ်နေတဲ့အချိန်လူတိူင်းနီးပါးလက်နက်ကိုင်ကြရတာမဟုတ်ဖူးလား"

တစ်ခြားသူတွေက မေးချင်ရင်တောင်မမေးရကြပေမယ့် Lucas ကမေးဖြစ်အောင်မေးလိုက်သည်.

"လက်နက်ကိုင်ဆောင်သူ တွေကိုင်တဲ့လက်နက်က သာမန်လက်နက်တွေနဲ့မတူဖူး.. Luna"

raising a final bossWhere stories live. Discover now