++++Unicode++++
ကမ္ဘာကြီးမှာမည်သူမျှထင်မှတ်မထားသော ကမ္ဘာလုံးဆိုင်ရာတုန်လှုပ်ဖွယ် အဖြစ်ပျက်တခုမကြာသေးမှီအချိန်က ဖြစ်ပေါ်ခဲ့သည်။ထိုအရာက ကြီးမားသည့် ကပ်ရောဂါကြီးတခုဖြစ်ပြီး ကပ်ရောဂါအမည်ဟာ ကိုရိုနာဟုလူသိများသည်။
နှစ်နှစ်နီးပါးကမ္ဘာအနှံအပြားက လူတွေ
ထိုရောဂါဆိုးဒဏ်ကိုခံစားခဲ့ကြရပြီး တချို့မိသားစုတွေမှာလူမစုံတော့။မိမိတိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသည့် သူရဲကောင်းဆေးပညာရှင်တချို့ကိုလည်း ကမ္ဘာကြီးကလက်လွှတ်ခဲ့ကြရသည်။....................
၂၀၂၁ နှစ်ကုန်ပိုင်းတခုအရောက်မှာ နှစ်နှစ်နီးပါးခံစားခဲ့ရသည့် ကြေကွဲစရာအဖြစ်ဆိုးမှ ကမ္ဘာသူ/သားများရုန်းထွက်နိုင်ခဲ့ကြ၏။နာလံမထူနိုင်အောင် ကပ်ရောဂါဘေးရင်ဆိုင်ခဲ့ရသည့် တချို့နိုင်ငံတွေမှာ ပုံမှန်လိုလည်ပတ်လာကြသည်။
ထိုနိုင်ငံများထဲမှာ ဆောင်ဟွန်းရောက်ရှိနေသည့် အီတလီနိုင်ငံလည်းအပါအဝင်ပင်။ဂန္တဝင်အနုပညာလက်ရာကောင်းများစွာ မွေးဖွားလာခဲ့သည့် အီတလီမြို့လေးသည် ဆောင်ဟွန်းငယ်ငယ်ကပင် အိမ်မက်ထဲထိစွဲလမ်းခဲ့ရသော နိုင်ငံတခုပင်ဖြစ်သည်။
ကမ္ဘာကျော်အနုပညာများသာမက၊ အရည်အသွေးမြင့် luxuary brand ကောင်းများစွာကိုထုပ်လုပ်နိုင်သည့် အီတလီလိုနိုင်ငံကို တနေ့မှာရောက်နိုင်ရမည်ဟု ဆောင်ဟွန်းရည်းမှန်းချက်တခုထားခဲ့သည်။
ကမ္ဘာကြီးနေပြန်ကောင်းလာသည့်အချိန်၌ ဆောင်ဟွန်းသည်မိမိ၏အိမ်မက်ကို လျှင်မြန်စွာအကောင်အထည်ဖော်လုပ်ဆောင်နိုင်ခဲ့သည်။ယခု သူ ရောက်ရှိနေသည့်နေရာသည် အီတလီနိုင်ငံအတွင်းမှ နတ်သမီးမြို့တော်ဟု မြို့ခံများတင်စားခေါ်ဝေါ်ကြသည့် ဗင်းနီဇီးယား(venezia) ခေါ် ဗင်းနစ်(venice)မြို့လေး။
ဗင်းနစ်ကိုနတ်သမီးမြို့တော်လို့ ဘာကြောင့်ခေါ်ခဲ့သလဲ ဆောင်ဟွန်းမသိပေမယ့် ထိုမြို့လေးဟာ ပင်လယ်ပြင်မှဝင်ရောက်လွှမ်းခြုံထားသည့် အစိမ်းနဲ့အပြာရေပြင်ကျယ်တွေရယ်၊ ထိုရေပြင်ပေါ်မှ လူတို့နေထိုင်ရာ အရောင်အသွေးစုံသော အဆောက်အအုံတို့က သဘာဝပန်းချီတချပ်ကဲ့သို့ ဆေးချယ်စရာမလိုပဲလှပလွန်းနေသည်။