++++Unicode+++အငှားယျာဉ်ဟာ လေကိုဆန့်ကျင်၍ မောင်းနှင်နေသည်။ကားပြတင်းမှ တိုးဝင်လာသောလေက ကားနောက်ခန်းထဲထိုင်နေသည့် သူတို့နှစ်ဦးကြားကိုတော့ တိုးဝင်နိုင်မည်မဟုတ်။
ဂျေးကဆောင်ဟွန်းပုခုံးပေါ်မှာ ခေါင်းမှီတင်ထားပြီး ဆောင်ဟွန်း၏ခေါင်းက ဂျေးခေါင်းပေါ်ထပ်ဆင့်မှီထားလျက်။
လက်ရှိနေထိုင်သည့် အိမ်ငယ်ကိုပြန်လျှင် မလုံခြုံတော့တာမို့ အခြားသော တည်းခိုစရာတခုဆီ ဦးတည်သွားနေသည်။ဂျေးက နယ်မြို့ငယ်တို့မှာရှိတတ်သော တည်ခိုးခန်းများကို ရွေးချယ်ရန်ဆုံးဖြတ်ခဲ့သည်မို့ သူတို့အချိန်ကြာကြာခရီးနှင်ရမည်ထင်။
ခရီးကြာနေပြီမို့ နှစ်ယောက်သားအိပ်မောကြနေခဲ့သည်။ထို့နောက် မောင်းသူက ဘရိတ်ကိုစောင့်အုပ်လိုက်ကာ ကားအတွင်းမှလှုပ်ခတ်သွားတာကြောင့် သူတို့နှစ်ဦးလုံး နိုးလာခဲ့သည်။
"ဘာဖြစ်တာလဲ?"
အီတလီစကားဖြင့် ဂျေးက မောင်းသူကိုမေးလိုက်သည်။မောင်းသူက ရှေ့ကိုကြည့်၍ သူ့ကားရှေ့မှာပိတ်ရပ်လိုက်သည့် ကားတို့ကို ညွှန်ပြပြီး ပြန်ဖြေသည်။
ရှေ့မှ ပိတ်ရပ်ထားသော အနက်ရောင်ကားများထဲမှ တူညီသောsuitတို့ကိုဝတ်ဆင်ထားသော လူတစ်စု။ထိုလူအုပ်နောက် နက်ပြာရောင်စတိုင်ပန်ကို အပေါ်မှာ အနက်နှင့်အပြာတခြမ်းစီအရောင်ခြယ်ထားပြီး ဒူးနားထိရှည်သည့် ကုတ်အရှည်ကိုဝတ်ဆင်ထားသူက ထွက်ပေါ်လာပြီး ဂျေးတို့ကားထံကိုလျှောက်လာသည်။
မျက်ဝန်းအိမ်ကျယ် ၊နှာတံလုံးလုံး ခန့်ညားသည့် ဥပဓိရုပ်နှင့်ထိုလူက အီသန်လီပင်။ဂျေးထိုင်နေသည့်ဖက်မှ ကားတံခါးကိုဆွဲဖွင့်လာကာ ကားထဲမှ ဂျေးကိုဆွဲထုပ်သည်။ထိုလူက ဂျေးကို အီတလီဘာသာဖြင့်ပြောလာသည်။
"ပတ်ဂျေး ကစားလို့ဝ,ရင် အိမ်ပြန်လိုက်ခဲ့တော့"
"ငါမလိုက်ဘူး"
ကားထဲမှဆွဲထုပ်ခြင်းခံရသည့် ဂျေးဟာ အီသန်လီနောက်ကိုပါသွားတာမို့ ဆောင်ဟွန်းကားပေါ်မှအပြေးဆင်းကာ ဂျေးနောက်လိုက်၍ ဂျေး၏လက်တစ်ဖက်ကို ပြန်ဆွဲထားမိသည်။