𝐿𝑜𝑣𝑒 𝑆𝑡𝑜𝑟𝑦 𝑖𝑛 𝑉𝑒𝑛𝑖𝑐𝑒(2)

580 82 14
                                    

++++Unicode++++

ကျေးငှက်သံတို့ဖြင့် မိုးလင်းခဲ့ရသည့် ယနေ့မနက်သည် အီတလီ၌နိုးထခဲ့ရသော ဆောင်ဟွန်းမနက်တွေထဲမှအလှဆုံးပင်။သူအိပ်ရာထတော့ ဂျေးက သူ့လက်မောင်းတစ်ဖက်ကို လက်ဖောင်းဖောင်းလေးဖြင့်ဆုပ်ကိုင်၍ အိပ်ပျော်နေဆဲ။

ဂျေး၏ဆံနွယ်မှရသော floraပန်းရနံ့သင်းသင်းက ဆောင်ဟွန်းစိတ်ကို ပို၍ပင်လန်းဆန်းစေသည်။ထိုအတွေးနှင့်အတူ ဂျေး၏အုန်းခွံရောင်ဆံနွယ်တို့ကို တယုတယနမ်းရှိုက်လိုက်မိသည်ထင်။

ရုတ်တရပ် မိမိ၏လုပ်ရပ်အပေါ် အံ့ဩသွားသလို၊ တဖန် ကျေနပ်သလိုခံစားရ၍ တဆက်ထဲမှာ ပြုံးလိုက်မိပြန်သည်။

နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ဂျေးနိုးသွားမှာစိုး၍ ကုတင်ပေါ်မှအသာအယာထ,သည်။ဘေးပြတင်းပေါက်ကို ဆွဲတင်ပြီးအလင်းရောင်နုနုကို အခန်းအတွင်းသို့ ကျရောက်စေသည်။

သူတို့မနက်စာအတွက် ဂျေးမနိုးခင် သူတနေရာရာကို သွားဝယ်ရန်စီစဉ်ရမည်။

အိမ်ငယ်ထဲမှထွက်လာပြီး ပတ်ဝန်းကျင်ကို တချက်ကြည့်မိသည်။ခြံအပြင်ဘက်တွင်ရှိသော သစ်ပင်ကြီးများဟာ စိမ်းလန်းနေပြီး  သူတို့နေသည့် ခြံအတွင်းက cypress ပင်တွေကတော့ စိမ်းစိုမှုမရှိ။

ထို့နောက် အိမ်ရှေ့ရှိ သံချေးအနည်းငယ်တက်နေသည့် ရေဘုံပိုင် ပိုက်ခေါင်းမှ ကျနေသောရေစက်တွေကိုတွေ့ရသည်။ ဆောင်ဟွန်းထိုရေပိုက်ခေါင်းအပေါ်မှ သံကွင်းအဝိုင်းပုံစံဘားကို လှည့်ဖွင့်တော့ ရေစက်ကြည်ကြည်များကျဆင်းလာသည်။

ဟော်တယ်တွေလို မခမ်းနားသော်လည်း ထိုသို့သဘာဝကိုပင် သဘောကျနှစ်သက်မိသည်။

ထိုရေဖြင့်မျက်နှာသစ်ကာ ‌ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း မနက်စာတခုခုဝယ်ရန်ထွက်လာခဲ့သည်။

.........................

ပြတင်းတံခါးမှ အလင်းရောင်စူးစူးကြောင့် ဂျေး မျက်တောင်ရှည်တွေကိုပုတ်ခတ်ရင်း မျက်လုံးများကို ဖြေးညှင်းစွာပွင့်လာသည်။

မနေ့ကအဖြစ်အပျက်တချို့ ခပ်ရေး‌ရေးခေါင်းထဲဝင်လာတော့ ဆောင်ဟွန်းကိုသတိရမိသည်။သူ့ဘေးတွင်ဆောင်ဟွန်းကရှိမနေ‌။အိပ်ရာမှထ,၍ အိပ်ခန်းငယ်၏လှေကားများကိုနင်းဖြတ်လာကာ အိမ်အပြင်ဘက်သို့ ထွက်ကြည့်သည်။

𝐿𝑜𝑣𝑒 𝑆𝑡𝑜𝑟𝑦 𝑖𝑛 𝑉𝑒𝑛𝑖𝑐𝑒 Where stories live. Discover now