အပိုင်း(၁)

270 27 3
                                    

(Uni)

အချိန်က (၀၁၂၀) ဝန်းကျင်။

ဒီဇင်ဘာလ နောက်ဆုံးအပါတ် မန္တလေး၏ဆောင်းရာသီက အေးစိမ့်စိမ့်။ ပြင်ဦးလွင်လမ်းအထိပေါက်ရောက်သည့် (၄၄)လမ်းမကြီးက ပုံမှန်ဆို တိတ်ဆိတ်ငြိမ် သက်နေပေမယ့် ယခုတော့ လူ(၅၀)လောက်ရှိသည့် လူအုပ်ကြီးဖြစ် မျက်စိရှုပ်နေ သည်။ လူများ၏မျက်လုံးများက အာရုံဦး၏အေးစိမ့်မှုကို ဂရုမပြုနိုင်စွာပင် သူသူငါငါ တိုးဝှေ့နေကြသည်။

"လမ်းလေးဖယ်ပေးကြပါဦးခင်ဗျာ"

"လမ်းလေးဖယ်ပေးကြပါဦး "

လိမ္မော်ရောင်ယူနီဖေါင်းအဝတ်စားနှင့် လူငယ်တစ်ယောက်ဆီမှ အမိန့်သံ ဆန်ဆန်စကားက ကျယ်ကျယ်လောင်လောင်ထွက်လာသည်။ ဒါပေမယ့်လည်း စပ်စု နေကြသူလူအုပ်ကြီးကတော့ အချင်းချင်းတီးတိုးစကားများပြောကာ လမ်းမဖယ်ပေး ကြသေးပေ။

"အမူပါတ်မခံချင်ရင် လမ်းဖယ်ကြ"

ဒီတစ်ကြိမ်တော့ အပြာရောင်ဝတ်စုံနှင့်ရဲတစ်ယောက်ဆီမှ အသံဖြစ်သည်။ ထိုအခါမှ စုပုံနေသောလူအုပ်က ချက်ချင်းပင်လမ်းဖယ်လိုက်သည်။ ထိုနောက် ကူညီ ရေးအဖွဲ့မှ (၄၄)လမ်းမကြီးဘေးကနှင်းများဖြင့်စိုနေသောမြက်ခင်းပေါ်က အရာတစ်ခု ကို သေချာဂရုတစိုက်ကြည့်နေသည်။ ပြီးတော့ ချက်ချင်းပင်ရဲဝန်ထမ်းဆီက ဓါတ်ပုံ ရိုက်မှတ်တမ်းတင်သူကတင်၊ အနီးပါတ်ဝန်းကျင်တွင် ဓါတ်မီးထိုးပြီး လိုက်ရှာဖွေနေ သူကရှာနှင့် ရှုပ်ယှက်ခက်နေသည်။ ထိုအတူ မနီးမဝေးက လူအုပ်ဆီမှ တီးတိုးစကား သံတွေက ဟိုတစဒီတစ ထွက်လာနေသည်။

"လူသေအလောင်းကြီးလား"

"မဟုတ်ဘူးထင်တယ်"

"အဲ့ဒါ လူရဲ့လက်ကြီးမဟုတ်ဘူးလား"

"လက်ပြတ်ကြီးပဲလား။ အလောင်းမရှိတာလား"

အမျိုးမျိုးသောစကားသံတွေနှင့် တီးတိုးထွက်ကျလာသည်။ အခင်းနေရာ တာဝန်ကျသည့်ရဲမှုးကတော့ သူ၏အရှေ့က အညိုရောင်လက်သည်းနီဆိုးထားသည့် မိန်းကလေးလက်တစ်ဖက်ဟုထင်ရသည့်လက်ကို သေချာစိုက်ကြည့်နေသည်။ တစ်တောင်ဆစ်မှဖြတ်ခံထားရသည့်လက်တစ်ဖက်က ခံရသူမိန်းကလေးကို အသက် ရှင်နေသည်လို့ဆိုရမည်လား။ အသက်သေဆုံးပြီဟုသတ်မှတ်ရမည်လား သူမသိ တော့။ ရဲမှုးက သက်ပြင်းတစ်ချက်ကိုချကာ ဘောင်းဘီအိတ်ထဲက လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်သည်။ ပြီးတော့ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

အချစ်ဟု ခေါ်ဆိုခွင့်မရှိသော (အခ်စ္ဟု ခေါ်ဆိုခွင့်မရှိသော)Where stories live. Discover now