အပိုင်း(၂)

85 15 5
                                    

ထမင်းစားခန်းက ပုံမှန်နေ့များထက် တိတ်ဆိတ်နေခဲ့သည်။ ဖေဖေ့၏ ဇွန်း ခရင်းအသံက ကျွန်မတို့၏ထမင်းစားဝိုင်းကို ကြီးစိုးနေသည်။

"ကလေးက ဘယ်တော့ ယူမှာလဲ"

ဖေဖေဆီက ဘယ်အချိန်လောက် ထွက်ကျလာမည်လဲဆိုသည်ကို မျှော်လင့် နေသောစကားက ယခုကဲ့သို့ ထမင်းစားနေချိန် ဖြစ်နေခြင်းကတော့ ယုတ်ဆိုး အကျည်းတန်လွန်းသည်ဟု ကျွန်မတွေးမိသည်။ ကျွန်မ ဖေဖေ၏မေးခွန်းကို မဖြေပဲ ကျွန်မအတွက်ချပေးထားသည့် ရေခွက်ကိုယူကာ ရေကို ခွက်အကုန်မော့သောက် လိုက်သည်။

"သားစိုင်းက ဘယ်တော့ ပြန်ရောက်မှာလဲ"

ထမင်းတစ်လုပ်ကို ပါးစပ်ထဲမထည့်ခင် ဖေဖေက နောက်ထပ်မေးခွန်းတစ်ခု ကို ဆက်မေးလေသည်။ ကျွန်မကတော့ ကုန်သွားသော ရေခွက်ကို ကိုင်ရင်း သက်ပြင်းတစ်ချက်ကို မသိမသာချလိုက်သည်။ ထိုနောက် ခပ်လှမ်းလှမ်းတွင် ရပ်နေ သည့် အိမ်တွင်ကူလုပ်သော နှင်းနှင်းက ကျွန်မရေခွက်ထဲ ရေကို ထပ်မံလာဖြည့်လေ သည်။ ထိုအတူ ဖေဖေ၏ပန်းကန်ထဲလည်း ထမင်းကိုထပ်ထည့်ရန်ဟန်ပြင်သည်။ ဒါပေမယ့် ဖေဖေက လက်ဟန်ဖြင့်တားလိုက်သည်။ ကျွန်မ ရေခွက်ထဲ အပြည့် ပြန် လည်ရောက်လာသည့်ရေကို ကြည့်နေမိသည်။
လိုချင်တာကို ရနေသည်ဆိုသည့် ကျွန်မ၏ဘဝ၊ ကုန်ဆုံးသွားသည်မျိုးမရှိစေပဲ ယခုလို ပြန်လည်ဖြည့်တင်းလာခြင်းကို တောင်းဆုဟု ဆိုရမည်လား။
ဟင့်အင်း။
အမှန်က ဒါတွေက ကျွန်မအတွက် ကျိန်စာပင်ဖြစ်သည်။ လိုအပ်ချက်ဆို သည်ကို မရှိသည်အထိ ပြည့်စုံစေခဲ့ခြင်းက ကျွန်မမှ မောင့်ကို မည်ကဲ့သို့လက်လွှတ်ရ မည်လဲ မသိခဲ့ခြင်းကို ဖြစ်စေသည်။ ရင်ခုန်ခြင်းတွေကင်းမဲ့နေသော ကျွန်မတို့အိမ် ထောင်ရေးမှာ ကျွန်မကိုချစ်သည့် မောင်ရဲ့အချစ်တွေ ရှိနေဆဲဟု ကျွန်မက ယုံကြည် နေဆဲပင်ဖြစ်သည်။ တကယ်က ချစ်ခြင်းမေတ္တာဆိုသည်က ဖေဖေပုံသွင်းသလို ပြန် လည်ဖြည့်တင်း လာသည့်အရာမှ မဟုတ်ပဲ
ဒါကြောင့် ဖေဖေ့မေးခွန်းတွေက ကျွန်မကို အဖြေမရှိဖြစ်စေသည်။
မဟုတ်ဘူး။
တကယ်တော့ အဖြေကို ဖေဖေသိနှင့်ပြီးသားမို့ ကျွန်မ ဖြေဆိုရန်မလိုအပ် ခြင်းဖြစ်သည်။
မောင်သည် ကျွန်မကို မုန်းသည်။
ထိုအပြင် မောင်သည် ကျွန်မကိုမုန်းသည်ထက် အဆပေါင်းများစွာ ဖေဖေကို ပိုမုန်းသည်။

🎉 You've finished reading အချစ်ဟု ခေါ်ဆိုခွင့်မရှိသော (အခ်စ္ဟု ေခၚဆိုခြင့္မရွိေသာ) 🎉
အချစ်ဟု ခေါ်ဆိုခွင့်မရှိသော (အခ်စ္ဟု ခေါ်ဆိုခွင့်မရှိသော)Where stories live. Discover now