<a> မောင်ကမျက်ရည်လွယ်တာမကြိုက်ဘူး--
" မောင် မင်းကို ပြောနေတယ်လေ မျက်ရည်မကျနဲ့လို့ "
" ဟင့် ငါလည်း မကျချင်ဘူး သူ့အလိုလို ကျလာတာလေ "
" မောင်ပြောထားတယ်လေ အဲ့လို မျည်ရည်လွယ်ပြီး ခံစားမလွယ်ပါနဲ့ဆို "
" ငါလည်း အဲ့လိုမဖြစ်ချင်ပါဘူး သူ့အလိုလို ဝမ်းနည်းပြီး မျက်ရည်တွေက ကျလာတာပါဆို!!! "
မျက်ရည်တွေကျပြီး ကျွန်တော့်ကို ပြန်အော်နေတဲ့ JungHoSeokဆိုတဲ့ကောင်လေးဟာ ချစ်စရာကောင်းသလို သိပ်အူယားဖို့ကောင်းတာ။ ကျွန်တော်က သူ့ကို အခုလို ခံစားလွယ်တတ်တာကို လုံးဝမကြိုက်ဘူး။ သူခံစားနေရတာကို ကျွန်တော်မမြင်ချင်ဘူး။
" မောင်ပြောပြမယ် မောင်နဲ့ အဲ့မိန်းမက လုပ်ဖော်ကိုင်ဖက်မိတ်ဆွေပဲ ဘာမှမပတ်သတ်ဖူး မင်းအထင်လွဲနေတာ မောင်ရှင်းပြပီးပီလေ "
" ဟင့် သိတယ်လေ မောင်ရှင်းပြတာက ငါ့ကို အော်နေတာကို ငါလန့်သွားတာပေါ့ မောင်က ငါ့ကိုစိတ်ပျက်သွားပီထင်နေတာ .."
တွေ့ကြလားဗျ ။ နည်းနည်းလေးအော်မိတာကို သူက အရမ်းလိုက်ခံစားနေတာ KimTaeHyungဆိုတဲ့ ကျွန်တော်ကလည်း အဲ့တာတွေပဲ မကြိုက်တာ။ သေချာပြုပြင်ပေးရမယ်။
" တော်တော့ !!! အဲ့မျက်ရည်တွေ လုံးဝကျမလာနဲ့ ထိန်းထားနော်။ မောင်က မင်းကို ဘယ်တော့မှ စိတ်မပျက်ဘူး။ "
" မောင်...မျက်ရည်တွေကို မထိန်းထားလို့မရဘူးလား "
" မောင် ဘယ်နှခါပြောရမှာလဲ မရဘူး ထိန်းထား! မောင်က အဲ့လို ပျော့ညံ့တာကို မကြိုက်ဖူး။ မင်းမျက်လုံးလေးတွေက အရမ်းလှတယ် မျက်ရည်တွေနဲ့မလိုက်ဖူး။ ဘာအကြောင်းကြောင့်နဲ့မှ မငိုနဲ့နော်။ အလွန်ဆုံးပြောမယ် မောင့်အတွက်ကြောင့်ဆိုလည်း လုံးဝမငိုနဲ့ ။ "
" အွန်း ငါ မ..ငို..တော့ဘူး "
နှာခေါင်းထိပ်လေးတွေရဲပြီး မျက်ရည်တွေ အတင်းထိန်းကာ အသံတုန်တုန်နဲ့ ပြောနေတဲ့ မောင့်ချစ်ရသူက သိပ်ပြီး ချစ်စရာကောင်းတာ။ ချစ်ရသူက ကျွန်တော့်အတွက်ကမ္ဘာတစ်ခုလုံးလိုပဲ။
YOU ARE READING
မောင့်နှလုံးသား (One Shot)