"ကောက်ညှင်းထုပ်ပူပူလေးတွေရမယ် ကောက်သညှင်းထုပ်ပူပူလေးတွေရမယ် ' မနက်ဝေလီဝေလင်းတွင်ကြားရမြဲဖစ်သည့် အတုန်း ရဲ့ဈေးရောဝ်းသံ လမ်းထဲကို ဝေဆာစွာထွက်ပေါ်လာသည်
"ဟဲ့ အတုန်း လာပါဦး ငါေကါက္ညှင်းထုပ် ဝယ်မလို့ '
"လာပြီးဒေါ်လေးအေးကြည်ရေ '
"ငါးရာဖိုးခြောက်ထုပ်ရ လား အတုန်း အ့မြဲတမ်းအားပေးနေတာကို ထားလိုက်ပါ မရဘူးလား '
"မရဘူးဒေါ်လေး အေးကြည် ရ အိမ်ကအဒေါ်က သေချာတွက်ပြီးပေးလိုက်တာ တော်ကြာ ပိုက်ဆံကွာနေမှ သားရိုက်ခံထိနေဦးမယ် '
အမှန်လည်းအဒေါ်က သူတွက်ပေးလိုက်တဲ့အတိညင်းပိုက်ဆံပြန်လာမပေးရင် အတုန်းရိုက်ခံထိနေကျ တစ်ခါတစ်လေဆိုထမင်းမစားရပဲ နေရတဲ့နေ့တွေလည်းရှိနေခဲ့သည်"အေပါဟယ် ရမလားလို့မေးကြည့်တာပါ '
"ယူမလားဒေါ်လေး အေးကြည် သားဆက်ပြီးရောင်းရဦးမှာ '
စိတ်မရှည်စွာ မေးလိုက်တော့မှ"အေ.. အေ.. ငါးရာဖိုးထည့်လိုက် '
ဒေါ်အေးကြည်ကို ကောက်ညှင်းထုပ် ပေးပြီး ဆက်ရောင်းဖို့ထွက်လာခဲ့တော့သည်
မနက်စောစောထပြီး ကောက်ညှင်းထုပ်ကို ရပ်ကွက်ထဲ လှည့်ရောင်း ရောင်ကုန်သွားရင် အိမ်အလုပ်ဖြစ်သည့် ထမင်းချက် တံမြက်စည်းလှည်း အိမ်တိုက် ရေခပ် အားလုံးလုပ်ပြီးချိန်ဆို ကျောင်းတတ်ဖို့ပြင် ဒါတွေကအတုန်း မေမေဆုံးပြီးကတည်းက လုပ်နေရသည့်အလုပ်တွေပင် ဖြစ်သည်
ဖေဖေဆိုတာ အတုန်း မွေးကတည်းက မတွေ့ဖူးပေ ပတ်ဝန်းကျင်က ပြောသည်က မေမေက လင်ကောင်မပေါ်ပဲ သူ့ကိုရထားတာတဲ့ ဘာပဲပြောပြောအတုန်းဂရုမစိုက်ခဲ့ လူတိုင်းမှာသူ့အကြောင်းနဲ့သူရှိတယ်မလား
ငယ်ငယ်ထဲက သူငယ်ချင်းတွေက လင်ကောင်မပေါ်ပဲမွေးတဲ့သားဟု ပြောတိုင်း အတုန်းလည်း'ငါ့မှာလည်း အဖေရှိတယ်ကွ ' ဟုပြန်ပြောချင်သည် သို့သော် သူ့ဖေဖေကိုမတွေ့ဖူးပါ မေ့မေ့ကိုမေးတော့လည်း 'သား ဖေဖေက အလုပ်သွားလုပ်တယ်လို့ပဲ 'အမြဲတမ်းလို ပြောနေကျ အဲ့လို့ပြောခဲ့သည်မှာ မေမေဆုံးသွာသည်အထိပါပဲ
...................