Zawgyiအပိုင်း ( ၁၂ ) ဧကရာဇ်နဲ့အတူအပြင်ထွက်ခြင်း ၃
မြင်းရထားတစ်စင်း၏ ခြေလှမ်းများသည်
သူတို့၏နောက်ခရီးကို ဆက်သွားနေကြသည်။
Zhan Chen သည် ဧကရာဇ်
Xian Long Wei လက်ဖက်ရည်ဆိုင်တွင်
သူ့အတွက် ဝယ်ခဲ့ပေးသော
အချိုမုန့်များစားနေသည်။ဆာလောင်မွတ်သိပ်နေတဲ့
ဝံပုလွေတစ်ကောင်ကို သတိမထားမိဘဲ
သူနဲ့ ပြောဆိုဆက်ဆံရတာကို ကောလေးက
ပျော်နေခဲ့တယ်။
ဧကရာဇ် Xian က အနီရောင်သကြားတွေ
ပေကျံနေတဲ့ နှုတ်ခမ်းနီနီလေးကို
သန့်ရှင်းသွားအောင် နမ်းချင်တဲ့ ဆန္ဒရှိခဲ့တယ်။
အဲဒါကို တွေးနေရင်းနဲ့ ကောလေး
အနားကို တိုးသွားတယ်။"မင်း နှုတ်ခမ်းမှာ ပေနေတယ်"
Zhan Chen သည် သမင်မျက်လုံးများနှင့်
မျက်တောင်ခတ်လိုက်သည်။ သူ့နှုတ်ခမ်းများကို
တံတွေးဖြင့် စိုစွတ်စေကာ မသိစိတ်ဖြင့်
သန့်ရှင်းလိုက်သည်။"မရှိတော့ဘူး မဟုတ်လား?"
မော့ကြည့်လိုက်တော့ ဧကရာဇ်
Xian Long Wei ခေါင်းကို တည်ငြိမ်စွာ
ခါလိုက်သည်။ "မဟုတ်သေးဘူး၊
မင်းရဲ့အောက်နှုတ်ခမ်းမှာ နည်းနည်း
ရှိသေးတယ်"Zhan Chen က ထပ်ပြီး စိုစွတ်လိုက်ပြီးတော့
မေးတယ်။ "ရှိသေးလား?"
တကယ်တော့ နှုတ်ခမ်း သန့်စင်နေပြီး
Zhan Chen ရဲ့တံတွေး အစိုဓာတ်က
နှုတ်ခမ်းနီတွေကို စွန်းထင်းစေတယ်။
သို့သော် ဧကရာဇ် Xian သည် အလွန်
ဆာလောင်နေတာကြောင့် မျက်လုံးဖွင့်၍
လိမ်ညာကာ အနီရောင် ပျော့ပျောင်းပြီး
စိုစွတ်သော အောက်နှုတ်ခမ်းပေါ်ကို
လက်မနဲ့ ပွတ်ဆွဲလိုက်ပြီး သူ့ ပါးစပ်နဲ့
လျက်လိုက်သည်။ "ကဲ ရှင်းသွားပါပြီ"ရွှန်းလဲ့နေတဲ့ ဧကရာဇ်မျက်လုံးတွေကို
ရှောင်လိုက်ပြီး မြင်း ရထားပြတင်းပေါက်ကနေ
အပြင်ကို လှမ်းကြည့်နေလိုက်တယ်။
(ဘယ်လိုကြီးလဲဟ အကိုကြီး Wei က
ဘာကြောင့် ဒီလို လုပ်တာလဲ ။
သူ့နှုတ်ခမ်းကို သုတ်ထားတဲ့ လက်မကို
လျက်လိုက်တာလဲ။ ဧကရာဇ်က နှာဘူး
အယောင်ဆောင်နေတာလား ဒါမှမဟုတ်
ဧကရာဇ်မင်းဟာ တကယ့် နှာဘူးကြီးလား။ )
သူ မျက်မှောင်ကြုတ်လိုက်ပြီး ဧကရာဇ်၏
တုံ့ပြန်မှုကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
VOCÊ ESTÁ LENDO
Transmigration: Save My Chastity!( မြန်မာဘာသာပြန်)
Romanceမူရင်း: @UnexistedUser ဘာသာပြန်: @Yeollie01 Original Story link (https://my.w.tt/S042CMQBLcb ) zawgyi Zhan Chen တစ်ယောက် ထူးဆန်းတဲ့ကမ္ဘာကို ကူးပြောင်းလာခဲ့တယ် ဒီကမ္ဘာမှာက ယောက်ျားလေးနဲ့ ကောတွေဘဲရှိတယ်... ထင်ထားတဲ့အတိုင်းဘဲ.. Zhan Chen ကတော့ ကောပါဘဲ...