"ငါ့ကို သဘောကျနေတာလား?"
ဟန်နွေရာသည် အဝေးက မှိုင်းညှို့ညှို့တောင်တန်းများကို ငေးရင်းဆိုသည်။" ငယ်ငယ်တုန်းကနေ ငါ့နောက်ကို တကောက်ကောက်လိုက်ပြီး မုန့်တောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ကြောင့် အနှောင့်အယှက်ဖြစ်သလို ခံစားခဲ့ရတယ်။ နောက်ပိုင်းကျတော့ အဲလိုမျိုးတောင်းနေကြလူက ရုတ်တရက်ကြီးပျောက်သွားလို့ စိတ်ပူခဲ့ရတယ်။ အဲနောက်တော့ အဲကောင်မလေးက ငါ့အနားမှာ ထပ်ပေါ်လာပြီး သူကိုယ်တိုင်ကြိုးစားလုပ်ခဲ့တဲ့ မုန့်တွေကို နေ့တိုင်း လာပေးပြန်တယ်"
"......."
"အရသာဆိုးဝါးလွန်းတဲ့ မုန့်တွေကြောင့် စိတ်တိုခဲ့ရပေမဲ့ ကြိုးစားထားကို အသိအမှတ်ပြုပေးချင်တာကြောင့် အားလုံးကို စားပေးခဲ့တယ်။ အမြဲလိုလို ကိုယ့်အနားမှာ ရှိနေတဲ့ ကောင်မလေးကို စိတ်ရှုပ်စရာလို့ မြင်ခဲ့ရပေမဲ့ ဘယ်ချိန်ကမှန်းတော့ မသိခဲ့ဘူး၊ အရမ်းကို သဘောကျမိနေတာကို သတိထားမိလိုက်တယ် "ရှင်းလက်ျာသည် မြက်ခင်းပေါ်လှဲအိပ်နေရာမှ ထကာ ဟန်နွေရာ၏ ဆံပင်ရှည်များကို နမ်းရှိုက်လိုက်သည်။ခေါင်းလျှော်ရန် အပျင်းကြီးတတ်သော ကောင်မလေးသည် ယနေ့တွင်မူ သူမ၏ ဆံပင်များသည် ခရမ်းရောင်သစ်ခွရနံ့လေးသင်းနေသည်။
"ဒီလိုလေး လုပ်ချင်နေခဲ့တာ "
ဟန်နွေရာသည် သူ့ဖက်ကို လှည့်လာတာကြောင့် နီးကပ်နေသော မျက်နှာ ၂ ခုကြားက ဝင်သက်ထွက်သက်လေးကို ခံစားမိနေသည်။
"မထင်ထားခဲ့ဘူး "
"ဘာကိုလဲ"
"ရှင်းလက်ျာက ငါ့ကို သဘောကျနေမယ်လို့လေ၊ ငါက ငယ်ငယ်ထဲကနေ အခုအချိန်ထိ ရှင်းလက်ျာကို အမြဲအနှောင့်အယှက်ပေးတတ်ပြီး စိတ်ညစ်အောင်လည်း ခဏခဏလုပ်ခဲ့တယ်။ ရှင်းလကျ်ာက စာလည်းတော်တယ်။ ကြည့်ကောင်းတဲ့ ရုပ်ရည်လည်း ရှိတယ်။ လူတိုင်းနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် ငါနဲ့သာဆိုရင် လုံးဝမလိုက်ဖက်ဘူးလို့ ခံစားခဲ့ရတယ်။ ငါကတော့ အမြဲတမ်းလိုလိုအမှားတွေပဲ လုပ်နေပြီးတော့ သူများတွေကို စိတ်ဆင်းရဲစရာတွေပဲ ပေးတတ်တာကြောင့် ရှင်းလက်ျာနဲ့အတူ ရှိနေရတာကို သဘောကျပေမဲ့ ရှင်းလက်ျာအနားမှာ မနေချင်ဘူး၊ပြီးတော့ ရှင်းလကျာ်က မိန်းကလေးတွေကိုရော သဘောကျနေမယ်လို့ မထင်ထားတာကြောင့်လည်း ပါတယ် "
YOU ARE READING
မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]
Non-FictionName- You are the cause of my euphoria Main Characters - မြတ်၊ သက်လျာကျော် Side Characters -ရှင်းလက်ျာ၊ ဟန်နွေရာ Chapter - 37 completed Both Unicode and Zawgyi Version are available 《 မေတ္တာဆို အလျားအနံတော့ မရှိပေမဲ့ အသွားအပြန်တော့ ရှိတတ်တာပဲလေ...