"ဟဲ့ မြတ် ဟိုမှာ တီချယ်သက်မဟုတ်လား? ဘေးနားက ဉီးလေးကြီးက ဘယ်သူလဲ မသိဘူး"
ဟန်နွေရာသည် မြတ်ကို လှမ်းပြောလိုက်သည်။ တီချယ်သက်သည် မြန်မာရိုးရာဝတ်စုံလေးကို ဝတ်ထားပြီး ရိုးရှင်းစွာ လှပနေသည်။ ကျောင်းမှာကဲ့သို့ ဆံထုံးမဟုတ်ဘဲ လှိုင်းတွန့်သဏ္ဍာန်ကောက်ထားသော ဆံပင်ရှည်များကို ချထားတာကြောင့် လမ်းသွားတိုင်း ယိမ်းနေလေသည်။သို့သော်လည်း သူ့ဘေးနားက ဉီးလေးကြီးကြောင့် မြတ်၏ စိတ်အစဉ်သည် ကောင်းမွန်မနေချေ။" ရှင်းလက်ျာ ငါ့အတွက် စတော်ဘယ်ရီအရသာနော်"
ဟန်နွေရာသည် ရှင်းလက်ျာအား ရေခဲမုန့်သွားယူပေးရန် တောင်းဆိုလိုက်သည်။"မြတ် အဲတာ တီချယ်သက်ကို သူ့အိမ်က သဘောတူထားတာတဲ့။ အဲလူကြီးက တီချယ်ကို အတော်လေး သဘောကျနေတဲ့ပုံပဲ။ တီချယ်သက်မိဘတွေကလည်း သဘောတူတဲ့ပုံပဲတဲ့။ "
"နင့်ဟာက သေချာလို့လား?"
" ငါ့ကို သန့်ဇင်မောင် ပြောပြတာလေ၊ နင် စပြီးပိုးပန်းတာမျိုး လုပ်သင့်ပြီလို့ ငါထင်တာပဲ "
" ဟန်နွေရာ နင်ရော ရှင်းလက်ျာကို ဘယ်လိုစသဘောကျခဲ့တာလဲ"
မြတ်၏ မေးခွန်းကြောင့် ဟန်နွေရာသည် ခိုးခိုးခစ်ခစ်ရယ်နေလေသည်။" ငါတို့အမေတွေက အစကတည်းက ရင်းနှီးတော့ ငါတို့နှစ်ယောက်က မူကြိုကတည်းက ရင်းနှီးတာလေ။ သိတဲ့အတိုင်း ရှင်းလက်ျာက အရမ်းတော်ပြီး ငါကျတော့ မူလတန်းတစ်လျှောက် ဘာစာမှ မလုပ်ခဲ့ဘူး။ အဲတာက ငါစာလုပ်ရမယ်မှန်း မသိလို့လေ။ အဲတော့ ရှင်းလက်ျာဆုရတိုင်း ငါ့အမေက သူ့ကို မုန့်ကျွေးတယ်လေ။ အဲတော့ ငါက စာတော်တဲ့ သူ့ဆီမှာ မုန့်လိုက်တောင်းစားတာ။ အလယ်တန်းကျတော့ ငါက စာလုပ်ရမယ်မှန်းသိတော့ ရှင်းလက်ျာက ငါ့ကို စာလုပ်ကူတယ်။ အဲအခါကျတော့ သူက အရမ်းတော်တော့ ငါက အရမ်းကိုသဘောကျလို့ မုန့်လိုက်ပေးရင်းနဲ့ အထက်တန်းရောက်တော့ ငါသူ့ကို စကြိုက်လာတာပဲ။ အရင်ကလို စာတော်လို့ ကြိုက်တာမျိုးတော့ မဟုတ်ပါဘူး။ နင်ကျတော့ love at first sight လေ။ သံယောဇဉ်တွယ်ဖို့က ခက်တယ်။ ငါတို့က မွေးထဲက အတူရှိလာတာ။တကယ်လို့ ရှင်းလက်ျာသာ ယောက်ျားလေးဆိုရင် အရွယ်ရောက်လာလို့ရှိရင် ငါတို့သေချာပေါက်လက်ထပ်ရမှာလေ။ ငါတို့က အဲသလို ဆက်ဆံရေးတွေ ရှိတာကြောင့် ရှင်းလက်ျာက ငါ့ကို သဘောမကျရင်တောင် သူ့အနေနဲ့ ငါ့အပေါ် ခါးခါးသီးသီး ဆက်ဆံမှာ မဟုတ်ဘူး "
YOU ARE READING
မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]
Literatura FaktuName- You are the cause of my euphoria Main Characters - မြတ်၊ သက်လျာကျော် Side Characters -ရှင်းလက်ျာ၊ ဟန်နွေရာ Chapter - 37 completed Both Unicode and Zawgyi Version are available 《 မေတ္တာဆို အလျားအနံတော့ မရှိပေမဲ့ အသွားအပြန်တော့ ရှိတတ်တာပဲလေ...